အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
IRNAသတင်းဌာန၏အစီရင်ခံစာအရ အီရန် အစ္စလာမ်သမ္မတနိုင်ငံ၏ လက်နက်ကိုင်တပ်ဖွဲ့များ၏ အကြီးအကဲ၏ သတင်းစကားတွင်- အီရန်၏ မြင့်မြတ်သော၊ ဂုဏ်သိက္ခာရှိသော နှင့် အမာရွတ်များရှိသော နိုင်ငံ! နိုင်ငံ၏ ခေါင်းဆောင်၊ နိုင်ငံ၏ အေမာမ် နှင့် မိုဂျာဟစ်ဒ် ၊ အစ္စလာမ်တော်လှန်ရေး၏ အမြင့်ဆုံးတပ်မှူး ၊ ရှဟီးဒ် ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ ၊ စိတ်ရှည်သည်းခံမှု နှင့် ဇွဲလုံ့လရှိသူသည် စက်ဆုပ်ရွံရှာဖွယ်ကောင်းသော ရန်သူများ၊ ရာဇဝတ်ကောင် အမေရိကနှင့် အာဏာလုယူသော ဇီယွန်ဝါဒီ အစိုးရတို့၏ လက်ချက်ဖြင့် အသက်ပေးလှူခဲ့ရပါတယ်။ အီရန်နိုင်ငံ၊ မွတ်စလင်မ် များနှင့် ကမ္ဘာ့လွတ်လပ်မှုကို ချစ်မြတ်နိုးသော ပြည်သူများ၏ နှလုံးသားများသည် ဝမ်းနည်း ကြေကွဲမှုများ နှင့် ပြည့်နှက်နေခဲ့ပါတယ်။
အီရန်နိုင်ငံ သားများ အတွက် အသည်းအသန် ရန်သူများ သည် အလွန်အမင်း ယုတ်မာသော ရည်ရွယ်ချက်ဖြင့် ဤရာဇဝတ်မှု မှ တစ်ဆင့် အီရန်နိုင်ငံ၏ ကြီးကျယ်သော သတ္တိ ကို ချိုးဖျက်ပြီး ဤမြေမှ ကြံ့ကြံ့ခံ ခုခံမှုကို ဖယ်ရှား နိုင်လိမ့်မည်ဟု ထင်မှတ်ခဲ့ကြသော်လည်း ၎င်းတို့၏ မကောင်းသော ရည်မှန်းချက်များတွင် မအောင်မြင်ရုံသာမက ဤလုပ်ရပ်ဖြင့် အီရန်နိုင်ငံသည် ယခင်ကထက် ပိုမိုခိုင်မာပြီး တည်ငြိမ်မှုဖြင့် သူတို့ရှေ့တွင် ရပ်တည်နိုင်ခဲ့ပါတယ်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မိမိ ၏ သဝဏ်လွှာအဆုံးတွင် အီရန်အစ္စလာမ်မစ်ပြည်သူ့ သမ္မတနိုင်ငံ၏ ဘုန်းကြီးပြီး အစွမ်းထက်သော တပ်မတော်ရှိ ကျွန်ုပ်၏ ရဲဘော်ရဲဘက်အားလုံးကိုယ်စား ကျွန်ုပ်သည် ပြည်သူများ၊ ဂုဏ်သိက္ခာရှိသော အာဇာနည်များ၊ မိုဂျာဟစ်ဒ် များနှင့် ကြံ့ကြံ့ခံ ခုခံရေးအတွေးအခေါ်ကို ချစ်မြတ်နိုးသူများအား နိုင်ငံ၏ အာဇာနည်ခေါင်းဆောင် နှင့် ၎င်း၏ အာဇာနည်ရဲဘော်များအား ထူးကဲပြီး သမိုင်းဝင် ပါဝင်မှုဖြင့် နှုတ်ဆက်ရန် ဖိတ်ခေါ်ပြီး အီရန်နိုင်ငံသည် ရန်သူများရှေ့တွင် ဒူးထောက်မည်မဟုတ်ကြောင်းနှင့် အဆုံးထိ ခိုင်မာစွာ ရပ်တည်မည်ဖြစ်ကြောင်း ကမ္ဘာကို ထပ်မံပြသခဲ့ကြောင်း ရေးသားခဲ့ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment