အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ယခုလို ခက်ခဲသော အခြေအနေများကြားတွင် မဆုတ်မနစ်သော ဇွဲလုံ့လနှင့် ဦးဆောင်မှုကို ကိုယ်စားပြုကြောင်း မှတ်ချက်ပေးနေကြပါတယ်။ အထူးသဖြင့် စိန်ခေါ်မှုများပြားလှသော ယနေ့ခေတ်ကာလတွင် ယခုကဲ့သို့ တည်ငြိမ်မှုရှိပြီး အများသူငါကို ခွန်အားပေးနိုင်သည့် ပုဂ္ဂိုလ်ရေးဆိုင်ရာ အရည်အသွေးများကို ပြည်သူများက အသိအမှတ်ပြု လေးစားနေကြခြင်းဖြစ်ပါတယ်။
ဤဓာတ်ပုံသည် ထွက်ပေါ်လာပြီး နာရီပိုင်းအတွင်းမှာပင် အမျိုးမျိုးသော ဘာသာစကားများဖြင့် ဘာသာ ပြန်ဆိုကာ ပျံ့နှံ့သွားခဲ့ပြီး၊ ၎င်းအပေါ် ထားရှိသော ပြည်သူတို့၏ ချစ်ခင်လေးစားမှုနှင့် ယုံကြည်ကိုးစားမှုကို ထပ်လောင်း အတည်ပြုပေးလိုက်သကဲ့သို့ ဖြစ်ခဲ့ပါတယ်။
ဟဇရသ် အာယာသွလ္လာဟ် ဆယက်ဒ် မွတ်ဂျ်သဗါ ဟိုစိုင်းန်နီ ခါမေနာအီ သည် အကြမ်းဖက် ရန်သူများ နှင့် သစ္စာဖောက်များ မဟုတ်အမှန် သတင်းလွင့်နေသလို သေဆုံးသွားသည်ဆိုသည်မှာလည်း မမှန်သလို ၊ ဒဏ်ရာ အပြင်းအထန် ရထား၍ စသည်ဖြင့် မှာလည်း မဟုတ်မမှန်ကြောင်း ကျန်းမာ စွာ ရှိနေပြီး ခေါင်းဆောင်မှုကို အပြည့်အဝ ပြုနေကြောင်း ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ရုံး ၏ အပြည်ပြည်ဆိုင်ရာ တာဝန် ခံ ဟွတ်ဂျ်ဂျသိုလ်အစ္စလာမ် ဝလ်မွတ်စ်လေမီးန် မိုဟ်စင်ကွမ်းမီ ၏ ပြောပြချက်များ အရ သိရပါတယ်။
ဟဇရသ် အာယာသွလ္လာဟ် ဆယက်ဒ် မွတ်ဂျ်သဗါ ဟိုစိုင်းန်နီ ခါမေနာအီ သည် အဘယ်ကြောင့် လူထု ရှေ့မထွက်လာကြောင်း အသံဖိုင့်များ ရုပ်မြင်သံကြားများဖြင့် မိန့်ခွန်းများ ဘာကြောင့် မထုတ်လွှင့် သည်ကို အထိအကျမသိရှိရပေမဲ့ အကြမ်းဖက် အစ္စရေး နှင့် အကြမ်းဖက် အမေရိကန်များ နှင့် ၎င်းတို့ မွေးထားသည့် သူလျှို့ များ အရင်လိုအလွယ်တကူ လုပ်ကြံလို့ မရအောင် ကာကွယ်နေခြင်းဆိုသည့် အချက်တစ်ချက်လည်း ပါဝင်ကြောင်း သိနိုင်ပါတယ်။
အနှစ်ချုပ်အားဖြင့် အချိန်တန်လျင် ဟဇရသ် အာယာသွလ္လာဟ် ဆယက်ဒ် မွတ်ဂျ်သဗါ ဟိုစိုင်းန်နီ ခါမေနာအီ သည် လူထုကြား ထွက်လာခြင်း အသံဖိုင့်များ ရုပ်မြင်သံကြားများဖြင့် မိန့်ခွန်းများ ပြောကြး ခြင်း ကို ပြုလုပ်မည် ဖြစ်ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment