အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ အစ္စလာမ့် လွှတ်တော် ဥက္ကဋ္ဌ ဒေါက်တာ မိုဟမ္မဒ် ဘာကဲရ် ကာလီဗါဖ်သည် ယနေ့တွင် ၎င်း၏ လူမှုမီဒီယာစာမျက်နှာတွင် ဗီဒီယိုကလစ်တစ်ခုကို မျှဝေခဲ့ပြီး အထွတ်အထိပ်ခေါင်းဆောင် ရှဟီးဒ် ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ ၏ ဈာပနအခမ်းအနားတွင် ပြည်သူများသည် ““ယာလစာရာ သေလ် ဟိုစိုင်းန်” ဟူသော ညာသံ များကို ကြွေးကြော်နေကြသည်ကို မြင်တွေ့နိုင်ကြောင်း ရေးသားခဲ့ပါတယ်။

ဥက္ကဋ္ဌ ဒေါက်တာ မိုဟမ္မဒ် ဘာကဲရ် ကာလီဗါဖ် က မိမိ ၏ပို့စ်တွင် "ယနေ့တွင် အီရန်၏ အနိုင်မခံသော ပြည်သူများသည် မိမိ တို့၏ အသက်ပေး စတေးသွားသည့် မိုဂျာဟစ်ဒ် ခေါင်းဆောင်ကြီး အတွက် "အို အလ္လာဟ်၊ ကျွန်ုပ်တို့သည် သူ(ခေါင်းဆောင်ကြီး) ထံမှ ကောင်းတာ မှ လွဲ၍ ဘာမှ မသိကြပါ" ဟု ကျယ်လောင်စွာ ဆုတောင်း ခဲ့ကြပြီး တစ်ပြိုင်နက်တည်း မတ်တပ်ရပ်ကာ ၎င်းတို့၏ နှလုံးသားထဲမှ “ယာလစာရာသေလ်ဟိုစိုင်းန်” ဟူသော ညာသံများကို ကြွေးကြော်ခဲ့ကြသည်" ဟု ရေးသားခဲ့ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment