အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
IRIBသတင်းအေဂျင်စီ၏ အဆိုအရ အစ္စလာမ်မစ်တော်လှန်ရေးခေါင်းဆောင်ကြီး ဈာပနကျင်းပရေးကော်မတီ၏ ပြောရေးဆိုခွင့်ရှိသူ အီမန် အသွာဇါဒေက နဂျဖ်နှင့် ကရ်ဗလာ မြို့တော်များတွင် ကျင်းပခဲ့သည့် ဈာပနအခမ်း အနားများ ၏ အခြေအနေကို ရှင်းလင်းပြောကြားပြီး အီရန်အစ္စလာမ်မစ် တော်လှန်ရေးခေါင်းဆောင်ကြီး ရှဟီးဒ် နှင့် မိသားစုဝင်များ၏ မြင့်မြတ်သော ရုပ်ကလာပ်တော် များသည် နဂျဖ်လေဆိပ်သို့ ရောက်ရှိပြီးနောက် အီရတ်အာဏာပိုင်များနှင့် ထင်ရှားသောပုဂ္ဂိုလ်များ၏ တရားဝင်ကြိုဆိုမှုကို လက်ခံရရှိခဲ့ကြောင်း၊ ယနေ့ နံနက်တွင် ကူဖာမြို့မှ စတင်ကာ အမီးရိုလ်မိုအ်မေနီးန် အေမာ် အလီ (အ.စ) ၏ မြင့်မြတ်သော ရောင်ဇာတော်သို့ ခမ်းနားထည်ဝါစွာ ပို့ဆောင်သည့် ဈာပနအခမ်းအနား ကျင်းပခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
၎င်းက ဆက်လက်၍ အီရတ်ပြည်သူလူထု၊ မျိုးနွယ်စုများ၊ ပညာရှင်များနှင့် လူငယ်များ၏ အများအပြား စိတ်အားထက်သန်စွာ ပါဝင်တက်ရောက်ခဲ့ကြောင်းကို ထောက်ပြခဲ့ပြီး၊ နဂျဖ်မြို့တွင် ၆ နာရီကြာ ဈာပန အခမ်းအနား ကျင်းပပြီးနောက် အေမာမ် အလီ (အ.စ) ၏ ရောင်ဇာတော်တွင် အထူးအခမ်းအနားများကို ပြုလုပ်ခဲ့ ကြောင်း ထို့နောက် အာယာသွလ္လာဟ် ဆယက်ဒ် မိုဟမ္မဒ်သကီ ဟကီးမ် ၏ ဦးဆောင်မှုဖြင့် ဂျနာဇဟ် နမာဇ် ကို ဝတ်ပြုခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
အီရန်အစ္စလာမ်မစ်တော်လှန်ရေးခေါင်းဆောင်ကြီး ရှဟီးဒ် ၏ မြင့်မြတ်သော ရုပ်ကလာပ် ဈာပနကျင်းပရေး ကော်မတီ၏ ပြောရေးဆိုခွင့်ရှိသူက ယနေ့ညနေပိုင်း ကရ်ဘလာမြို့ တွင် ပြုလုပ်မည့် အစီအစဉ်များ နှင့်ပတ်သက် ၍လည်းဈာပနအခမ်းအနားကို ဒေသစံတော်ချိန် ညနေ ၄ နာရီတွင် "ရှာရေအ် အဘူမဟ်ဒီ" လမ်းမှ စတင်ကာ အေမာမ် ဟိုစိုင်းန် (အ.စ) ၏ မြင့်မြတ်သော ရော်ဇာတော်သို့ ဦးတည်သွားမည်ဖြစ်ပြီး ထို့နောက် ဂျနာဇဟ်နမာဇ် ကို အေမာမ် ဟိုစိုင်းန် (အ.စ) ၏ ရောင်ဇာတော် အုပ်ချုပ်ရေးမှူး ရှိက်ခ် မဲဟ်ဒီ ကရ်ဗလာအီ ၏ ဦးဆောင်မှုဖြင့် ကျင်းပမည်ဖြစ်ကြောင်းပြီးနောက် သန့်ရှင်းသော ရုပ်ကလာပ်တော်များကို ဟဇရသ် အဘာစ် (အ.စ) ၏ရောင်ဇာတော် သို့ ယူဆောင်သွားမည် ဖြစ်ပြီး ထို့နောက် နဂျဖ်လေဆိပ်သို့ ပို့ဆောင်ကာ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံသို့ ပြန်လည် ပို့ဆောင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
နဂျဖ် နှင့် ကရ်ဗလာ မြို့များတွင် ကျင်းပမည့် ဤအခမ်းအနား၏ အဓိကဆောင်ပုဒ်ကို “အလ္လာဟ် အရှင်မြတ် အတွက် ထမြောက်ကြလော့” အဖြစ် ရွေးချယ်ထားကြောင်းလည်း ၎င်းက ထောက်ပြခဲ့ပါတယ်။
အစ္စလာမ်မစ်တော်လှန်ရေးခေါင်းဆောင်ကြီး ၏ သန့်ရှင်းသော ရုပ်ကလာပ်တော်အီရန် နိုင်ငံသို့ ရောက်ရှိချိန်နှင့် ပတ်သက်၍ မေးမြန်းချက်ကို ဖြေကြားရာတွင် အီမန် အသွာဇါဒေက က “အီရတ်တွင် အခမ်းအနား ပြီးဆုံးပြီး နောက် အာဇာနည် ခေါင်းဆောင်ကြီး ၏ သန့်ရှင်းသော ရုပ်ကလာပ်တော် ကို မရှ်ဟဒ်မြို့ သို့ လွှဲပြောင်း ပေးမည်ဖြစ်ပြီး အလ္လာဟ်ဟို အရှင်မြတ် ၏ အလိုတော်ဖြင့် မနက်ဖြန် အစောပိုင်းတွင် ဤသန့်ရှင်း သောမြို့တွင် ဈာပနအခမ်းအနား စတင်မည်ဖြစ်သည်။” ဟု ပြောကြားခဲ့ပါတယ်။
#မရှ်ဟဒ် #အီရန် #ရှဟီးဒ် #စျာပန #အစ္စလာမ့်သတင်း #နိုင်ငံတကာသတင်း #Mashhad #Iran
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment