၉ ဇူလိုင် ၂၀၂၆ - ၀၀:၃၉
ပေကျင်း - အရှေ့အလယ်ပိုင်းတွင် စစ်မီးထပ်မံလောင်ကျွမ်းခြင်းသည် မည်သူ့အတွက်မျှ အကျိုးမရှိ

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက အမေရိကန်၏ အီရန်အပေါ် ရန်စသည့် လုပ်ရပ်များ နှင့် ပတ်သက်၍ တုံ့ပြန်ပြောကြားရာတွင် အနောက်အာရှဒေသ၌ စစ်ပွဲများ ထပ်မံပြင်း ထန်လာခြင်း သည် မည်သည့် ဘက်အတွက်မျှ အကျိုးမရှိကြောင်း အလေးထားပြောဆိုခဲ့ပြီး တွေ့ဆုံဆွေးနွေးရေးကို တောင်း ဆိုခဲ့ ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Farsnews၏အစီရင်ခံစာအရတရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မောက် နင်း (Mao Ning) က ယနေ့ (ဗုဒ္ဓဟူးနေ့) အမေရိကန်က အီရန်နိုင်ငံရှိ ပစ်မှတ်ဒါဇင်များစွာကို တိုက်ခိုက်ခဲ့ပြီးနောက် အနောက် အာရှဒေသတွင် ရန်လိုမှုများ အရှိန်မြင့်တက်လာခြင်းကို ရှုတ်ချခဲ့ပါတယ်။

သတင်းစာရှင်းလင်းပွဲတွင် ယင်းတိုက်ခိုက်မှုများနှင့် ပတ်သက်သည့် မေးခွန်းတစ်ခုကို ဖြေကြားရာ၌ ၎င်းက “စစ်မီးကို ထပ်မံတောက်လောင်စေခြင်းသည် မည်သည့်ဘက်အတွက်မျှ အကျိုးမရှိပါ။ စစ်ရေးနည်းလမ်းများဖြင့် အခြေခံပြဿနာများကို ဖြေရှင်းနိုင်မည် မဟုတ်ပါ” ဟု ပြောကြားခဲ့ပါတယ်။

အမေရိကန်တပ်ဖွဲ့သည် ဗုဒ္ဓဟူးနေ့ မနက်အစောပိုင်းတွင် သဘောတူညီချက်ကို ချိုးဖောက်၍ အီရန်နိုင်ငံအတွင်းရှိ နေရာအချို့ကို တိုက်ခိုက်ခဲ့ပါတယ်။

ထို့နောက် အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် (IRGC) က ယနေ့ အမေရိကန်၏ တိုက်ခိုက်မှုအပေါ် ကနဦးတုံ့ပြန်မှုအဖြစ် ရေတပ်နှင့် လေကြောင်းအာကာသတပ်ဖွဲ့တို့ ပူးပေါင်း၍ ဒုံးကျည်နှင့် ဒရုန်းစစ်ဆင်ရေး ဆောင်ရွက်ခဲ့ပြီး အမေရိကန်၏ အရေးပါသော စစ်ရေးအဆောက်အအုံ ၈၅ နေရာကို တိုက်ခိုက်ခဲ့ကြောင်းနှင့် ရန်သူ၏ MQ-9 ဒရုန်းတစ်စင်းကိုလည်း ပစ်ချနိုင်ခဲ့ကြောင်း ကြေညာခဲ့ပါတယ်။

ယင်းဖြစ်ရပ်အပြီးတွင် အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့် က ပိုမိုပြင်းထန်သည့် စကားလုံးများဖြင့် အီရန်ပြည်သူများ ကို စော်ကားပြောဆိုခဲ့ပြီး ၎င်းတို့အား “အမှိုက်” နှင့် “အရည်အချင်းမရှိသူများ” ဟု ခေါ်ဆိုကာ အီရန် နှင့် အမေရိကန်အကြား သဘောတူညီချက် ပြီးဆုံးသွားပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

ထို့အပြင် အီရန်လွှတ်တော်ဥက္ကဋ္ဌ နှင့် ညှိနှိုင်းဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒေါက်တာ မိုဟမ္မဒ် ဘာကဲရ် ကာလီဗါဖ် ကလည်းမိမိ ၏  X လူမှုကွန်ရက်တွင် “အနိုင်ကျင့်ခြင်းနှင့် ဖိအားပေးငွေညှစ်သည့် ခေတ် ကုန်ဆုံး သွားပြီဖြစ်ကြောင်း ဤနည်းလမ်းဖြင့် မည်သည့်ရလဒ်မျှ ရရှိမည်မဟုတ်ကြောင်း ကျွန်ုပ်တို့သည် နောက်ဆုတ် မည့်သူများ မဟုတ်သလို အလျှော့ပေးမည့်သူများလည်း မဟုတ်ကြောင်း ရေးသားဖော်ပြခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha