အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
လူ့အခွင့်အရေးဆိုင်ရာ သတင်းရင်းမြစ်များက အလ်နူဝိုင်ဒရာတ် ဒေသတွင် နေထိုင်သည့် အဗ်ဒိုလ္လာဟ် အလ်ဆမီးခ် နှင့် အဒ်ဒရာဇ် မြို့မှ အလီ ဖာယဒ်တို့သည် ဘာရိန်းအစိုးရ၏ လုံခြုံရေးမူဝါဒများအရ ဖမ်းဆီး ခံခဲ့ရပြီးနောက် ယခုအခါ အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာကြောင်း ပြောကြား ခဲ့ပါတယ်။
အစီရင်ခံစာအရ အဗ်ဒိုလ္လာဟ် အလ်ဆမီးခ် သည် ယခုနှစ် ဧပြီလ ၁၅ ရက်နေ့ တွင် စစ်ဆေးမေးမြန်းရန် ဆင့်ခေါ်ခံရပြီးနောက် ဖမ်းဆီးခံခဲ့ရပါတယ်။ အလားတူ အလီ ဖာယဒ်သည်လည်း မေလ ၁၃ ရက်နေ့ တွင် လုံခြုံရေးအဖွဲ့အစည်းများသို့ ဆင့်ခေါ်ခံရပြီးနောက် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကာ ပြင်ပနှင့် အဆက် အသွယ်ဖြတ်တောက်ခံခဲ့ရပါတယ်။
လူ့အခွင့်အရေးဆိုင်ရာ သတင်းရင်းမြစ်များ၏ အဆိုအရ ၎င်းတို့နှစ်ဦးသည် မိမိတို့၏ အမြင် သဘောထား ကို ဖော်ပြခြင်း သို့မဟုတ် ဆန္ဒပြလှုပ်ရှားမှုများရှိသည့် ဒေသများနှင့် ဆက်နွယ်သည်ဟု စွပ်စွဲ ခံရခြင်းကြောင့် မတရားဖမ်းဆီးခံရသည့် နိုင်ငံသားအများအပြား၏ စာရင်းတွင် ပါဝင်ခဲ့ ကြသူများ ဖြစ်ပါတယ်။ ယခုအခါ ဘာရိန်းအာဏာပိုင်များသည် ၎င်းတို့ကို ပြန်လည်လွတ်မြောက်စေရန် မဖြစ်မနေ ဆောင်ရွက်ခဲ့ရကြောင်း သိရပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment