အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Mehr သတင်းဌာန၏ ဖော်ပြချက်အရ အီရန်စစ်တပ်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် မိုဟမ္မဒ် အေကရာမီ နီယာ က စစ်တပ်၏ တိုက်ခိုက်ရေးဖွဲ့စည်းပုံတွင် စစ်ဘက်ဆိုင်ရာ ကိရိယာအသစ်များ၊ အထူးသဖြင့် လေကြောင်း ရန်ကာကွယ်ရေးကဏ္ဍအတွက် ခေတ်မီစနစ်များကို ထည့်သွင်းခဲ့ကြောင်း၊ ယင်းကြောင့် အီရန်၏ ကာကွယ် ရေးစွမ်းရည်မှာ ပိုမိုတိုးတက်လာခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
၎င်းက မကြာသေးမီက အပစ်အခတ်ရပ်စဲထားသည့် ကာလအတွင်း အီရန်စစ်တပ်သည် ၎င်း၏ စစ်ရေး စွမ်းရည်များ ကို ပြန်လည်ထူထောင်ခြင်းနှင့် ပိုမိုအားကောင်းစေရန် အထူးအာရုံစိုက်ခဲ့ပြီး အထူးသဖြင့် လေကြောင်း ရန်ကာကွယ်ရေးကဏ္ဍတွင် အရေးပါသည့် တိုးတက်မှုများ ရရှိခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
ဗိုလ်မှူးချုပ် မိုဟမ္မဒ် အေကရာမီ နီယာ ၏ အဆိုအရ ယခင်ကတည်းက ရှိနှင့်ပြီးဖြစ်သော ကာကွယ်ရေး စနစ်များကို ပြုပြင်မွမ်းမံပြီး ပြန်လည်အသုံးပြုနိုင်အောင် ဆောင်ရွက်ခဲ့သလို၊ လေကြောင်းရန်ကာကွယ်ရေး ကိရိယာ အသစ်များကိုလည်း စစ်တပ်၏ လက်တွေ့စစ်ဆင်ရေးဖွဲ့စည်းပုံတွင် ထည့်သွင်းခဲ့ကြောင်း၊ ထိုသို့ ဆောင်ရွက်ခြင်းကြောင့် နိုင်ငံ၏ လေကြောင်းရန်ကာကွယ်ရေးစွမ်းရည်မှာ ပိုမိုအားကောင်းလာခဲ့ကြောင်း ပြောကြားခဲ့ ပါတယ်။
၎င်းက “ကျွန်ုပ်တို့သည် ရရှိနိုင်သည့် အခွင့်အရေးများကို အပြည့်အဝ အသုံးချနိုင်ရန် ကြိုးပမ်းခဲ့သည်။ သုံးလကြာ အပစ်အခတ်ရပ်စဲထားသည့် ကာလသည် ကျွန်ုပ်တို့၏ ကာကွယ်ရေးစီမံကိန်းများ၊ အထူးသဖြင့် လေကြောင်း ရန်ကာကွယ်ရေး ကဏ္ဍအတွက် အလွန်ကောင်းမွန်သော အခွင့်အရေးတစ်ရပ် ဖြစ်ခဲ့သည်” ဟု ပြောကြား ခဲ့ပါတယ်။
ပြောရေးဆိုခွင့်ရှိသူက ဆက်လက်၍ လက်နက်ကိုင်တပ်ဖွဲ့များသည် ဖြစ်နိုင်သည့် အခြေအနေမှန်သမျှကို ရင်ဆိုင်နိုင်ရန် အပြည့်အဝ အသင့်ရှိကြောင်း ထို့အပြင် အီရန်နိုင်ငံအပေါ် ကျူးကျော်တိုက်ခိုက်မှုတွင် အမေရိကန် သည် ၎င်းသတ်မှတ်ထားသော ရည်မှန်းချက်များကို အောင်မြင်စွာ မရရှိခဲ့ကြောင်းလည်း ပြောကြားခဲ့ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment