အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Mehr သတင်းဌာန၏ ဖော်ပြချက်အရ နိုင်ငံတကာရေးရာ ကျွမ်းကျင်သူ ဆယက်ဒ် ရေဇာ ဆဒ်ရိုလ်ဟိုစိုင်းန်နီ က လက်ရှိ အချိန်တွင် အပစ်အခတ်ရပ်စဲရေးနှင့် ပတ်သက်၍ မည်သည့်ဆွေးနွေးမှုမျှ မရှိကြောင်း ဟော်မုဇ် ရေလက်ကြားကို အီရန်က ဆက်လက်ပိတ်ထားဆဲဖြစ်ပြီး ယခုအချိန်တွင် အီရန်အစ္စလာမ်သမ္မတနိုင်ငံ၏ သင်္ဘောများကိုသာ ယင်းရေလမ်းကြောင်းမှ သွားလာခွင့်ပြုထားကြောင်း ပြောကြားခဲ့ပါတယ်။
Mehr News နှင့် အင်တာဗျူးတွင် ဆယက်ဒ် ရေဇာ ဆဒ်ရိုလ်ဟိုစိုင်းန်နီ က ပြီးခဲ့သည့် သီတင်းပတ် ကြာသပတေး နှင့် သောကြာနေ့များတွင် ဟော်မုဇ်ရေလက်ကြားနှင့် အီရန်တောင်ပိုင်းဒေသများတွင် ပြင်ပ အင်အားကြီးနိုင်ငံများ ၏ တင်းမာမှုများ ယာယီလျော့နည်းသွားခဲ့ကြောင်း၊ သို့သော် ယင်းမတိုင်မီ နှစ်ပတ်အတွင်း အမေရိကန်၏ စစ်ရေးလှုပ်ရှားမှုများမှာ ဆက်တိုက်တိုးမြင့်လာခဲ့ကြောင်း ပြောသည်။ ထိုနှစ်ရက်တာ ငြိမ်သက်မှုကြောင့် ကျွမ်းကျင်သူများနှင့် မီဒီယာများအကြား အမျိုးမျိုးသော သံသယများနှင့် ခန့်မှန်းချက်များ ပေါ်ပေါက်လာခဲ့ သည်ဟု ဆိုပါတယ်။
၎င်းက လွန်ခဲ့သည့် နှစ်ရက်အတွင်း အိမ်နီးချင်းနိုင်ငံ အိုမန်သည် ဟော်မုဇ်ရေလက်ကြားမှ သင်္ဘောများ သွားလာမည့် လုပ်ထုံးလုပ်နည်းများကို ဆွေးနွေးရန် ကိုယ်စားလှယ်အဖွဲ့များကို အီရန်သို့ စေလွှတ်ခဲ့ကြောင်း ပြောကြားပါတယ်။ အမေရိကန်အနေဖြင့် အီရန်က စစ်ရေးပဋိပက္ခကို ဘေးဖယ်ထားပြီး သံတမန်ရေး လမ်းကြောင်းသို့ ပြန်လည်ဦးတည်မည်ဟု ယူဆနေခြင်းကြောင့် ၎င်း၏ စစ်ရေးလှုပ်ရှားမှုများကို ယာယီရပ်နား ထားခြင်း ဖြစ်နိုင်ကြောင်းလည်း ၎င်းက သုံးသပ်ပါတယ်။
ဆဒ်ရ်အလ်ဟူစိုင်နီက အမေရိကန်၏ ဆက်တိုက်ရန်လိုသော မူဝါဒများနှင့် စစ်ရေးဝင်ရောက်စွက်ဖက်မှုများကို ထောက်ပြပြီး အီရန်အနေဖြင့် ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် ဒေသတွင်းတည်ငြိမ်ရေးကို အလေးထားသော်လည်း အမေရိကန်၏ ရန်လိုမှုများကို လျစ်လျူရှု၍ မရနိုင်ကြောင်း၊ မိမိနိုင်ငံကို ကာကွယ်ရန်နှင့် ရန်လိုသူကို တုံ့ပြန်အရေးယူရန် အခွင့်အရေးကို ဆက်လက်ထိန်းသိမ်းထားကြောင်း အလေးပေး ပြောကြားခဲ့ပါတယ်။
ထို့အပြင် အီရန်နှင့် အိုမန်အကြား ဆွေးနွေးမှုများ ဆက်လက်ပြုလုပ်နေသော်လည်း လက်ရှိအခြေအနေတွင် အပစ်အခတ်ရပ်စဲရေးနှင့် ပတ်သက်၍ မည်သည့်ဆွေးနွေးမှုမျှ မရှိသေးကြောင်းလည်း ၎င်းက ပြောကြားခဲ့ ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment