အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Mehr သတင်းဌာန ၏ အစီရင်ခံစာအရ လက်ဘနွန်နိုင်ငံရှိ ဟစ်ဇ်ဘိုလာအဖွဲ့က လက်ဘနွန်နှင့် ဆီးရီးယားတို့တွင် လှုပ်ရှားနေသည်ဟု စွပ်စွဲခံထားရသော လုံခြုံရေးအဖွဲ့ငယ်တစ်ခုနှင့် အဖွဲ့အစည်းအနေဖြင့် ဆက်သွယ်မှုရှိသည်ဟု ဖော်ပြထားသည့် မီဒီယာသတင်းများကို ပြင်းပြင်းထန်ထန် ငြင်းဆိုခဲ့ပါတယ်။
ဟစ်ဇ်ဘိုလာ၏ မီဒီယာရုံးက ထုတ်ပြန်ချက်တွင် ယခင်ကလည်း လက်ဘနွန်၏ တော်လှန်ရေး/ခုခံရေးအဖွဲ့ကို အခြေ အမြစ်မရှိသော စွပ်စွဲချက်များ ပြုလုပ်ခဲ့ဖူးသည့် မီဒီယာအချို့သည် အမည်မဖော်ပြထားသော သတင်း ရင်းမြစ်များကို ကိုးကား၍ လက်ဘနွန်နှင့် ဆီးရီးယားနိုင်ငံတို့၏ လုံခြုံရေးကို ထိခိုက်စေရန် ပူးပေါင်း ကြံစည် သည်ဟု စွပ်စွဲခံထားရသော အဖွဲ့တစ်ဖွဲ့နှင့် ဟစ်ဇ်ဘိုလာကို ဆက်စပ်ဖော်ပြရန် ကြိုးပမ်းခဲ့ကြောင်း ပြောကြား ခဲ့ပါတယ်။
ထုတ်ပြန်ချက်တွင် ဟစ်ဇ်ဘိုလာအဖွဲ့သည် ထိုကဲ့သို့သော လုံခြုံရေးအဖွဲ့ငယ် သို့မဟုတ် အဖွဲ့အစည်းမျိုးနှင့် တိုက်ရိုက်ဖြစ်စေ ၊ သွယ်ဝိုက်၍ဖြစ်စေ ဆက်နွှယ်မှု လုံးဝမရှိကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ယင်းနှင့် ပတ်သက် ၍ ထွက်ပေါ်လာသည့် စွပ်စွဲချက်အားလုံးသည် လုံးဝအခြေအမြစ်မရှိကြောင်း ဆိုပါတယ်။
ဟစ်ဇ်ဘိုလာ၏ မီဒီယာရုံးက အမည်မဖော်ပြထားသော သတင်းရင်းမြစ်များကို အခြေခံ၍ အဖွဲ့အစည်းကို လုံခြုံရေး ဆိုင်ရာကိစ္စများနှင့် ဆက်စပ်ဖော်ပြရန် မီဒီယာအချို့က ကြိုးပမ်းနေခြင်းသည် အမှန်တကယ်တွင် သတင်း မှား များ ဖြန့်ဝေရန်၊ ဟစ်ဇ်ဘိုလာ၏ ဂုဏ်သိက္ခာကို ထိခိုက်စေရန်နှင့် လက်ဘနွန်နိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် တည်ငြိမ် ရေးကို ထိခိုက်စေရန် ရည်ရွယ်သည့် မကောင်းသော ကြိုးပမ်းမှုတစ်ရပ်ဖြစ်ကြောင်း ပြောကြား ခဲ့ပါ တယ်။
ထုတ်ပြန်ချက်တွင် ထိုသို့သော ပူးပေါင်းကြံစည်မှုများ၏ ရည်ရွယ်ချက်မှာ နိုင်ငံအတွင်း မငြိမ်မသက်မှုများ ဖြစ်ပေါ် စေရန်နှင့် ပြည်တွင်းလုံခြုံရေးကို အားနည်းစေရန်ဖြစ်ကြောင်း ထပ်မံဖော်ပြထားပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment