အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Mehr သတင်းအေဂျင်စီ၏ သတင်းအရ ယီမင်နိုင်ငံ အန်ဆွာရိုလ္လာဟ် တပ်ဖွဲ့များသည် ယနေ့တွင် မယွန်းကျွန်းကို ဆော်ဒီအာရေဗျ၏ ထောက်ခံမှုရရှိထားသော အဖွဲ့များထံမှ လွတ်မြောက်အောင် ပြန်လည်သိမ်းပိုက်ခဲ့ပြီး ဇုကာ၊ ဟာနစ်ရှ် အယ်လ်ကူဘရာနှင့် ဟာနစ်ရှ် အယ်လ်ဆုဂ်ရာ ကျွန်းများကိုလည်း ထိန်းချုပ်နိုင်ခဲ့ပါတယ်။
ဘာဗ်ဗိုလ်မန်ဒက်ဗ် ရေလက်ကြား အတွင်းရှိ အဆိုပါကျွန်းများကို ယီမင်တပ်ဖွဲ့များက ထိန်းချုပ်နိုင်ခဲ့ပြီးနောက် ကမ္ဘာ့အရေးပါသော မဟာဗျူဟာမြောက် ရေလမ်းကြောင်းတစ်ခုဖြစ်သည့် ဘာဗ်ဗိုလ်မန်ဒက်ဗ် ရေလက်ကြားအပေါ် အန်ဆွာရိုလ္လာဟ် က အပြည့်အဝ ထိန်းချုပ်နိုင်ခဲ့ကြောင်း ဖော်ပြထားပါတယ်။
ထင်ရှားသည်မှာ ကမ္ဘာ့စွမ်းအင်ထောက်ပံ့မှု၏ ၁၀ ရာခိုင်နှုန်း ခန့်သည် ဘာ့ဘ် ဘာဗ်ဗိုလ်မန်ဒက်ဗ် ရေလက်ကြားမှတစ်ဆင့် ဖြတ်သန်းသွားလာနေခြင်း ဖြစ်ပါတယ်။
ဆော်ဒီအာရေဗျ၏ ထောက်ခံမှုရရှိထားသော ယီမင်သူပုန်များနှင့် ယီမင်၏ တရားဝင်အစိုးရဘက်တို့အကြား အန်ဆာရုလ္လာတပ်ဖွဲ့များနှင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။ သို့သော် ယခုအချိန်အထိ အန်ဆာရုလ္လာဘက်က လျင်မြန်စွာ နယ်မြေချဲ့ထွင်၍ ရှေ့တိုးလာနေကြောင်း သတင်းတွင် ဖော်ပြထားပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment