၄ အောက်တိုဘာ ၂၀၂၆ - ၂၃:၅၉
ဆနာအာမြို့ကို ဗုံးကြဲတိုက်ခိုက်ပြီးနောက် ရီယာဒ်မြို့ အပေါ် ယီမင်တပ်ဖွဲ့က ဒုံးကျည်များနှင့် ဒရုန်းများဖြင့် တိုက်ခိုက်

ယီမင်လက်နက်ကိုင်တပ်ဖွဲ့များက ဆော်ဒီအာရေဗျဘက်မှ ဆနာအာမြို့နှင့် ယီမင်နိုင်ငံရှိ အခြားပြည်နယ်များကို တိုက်ခိုက်ခဲ့မှုအတွက် တုံ့ပြန်သည့်အနေဖြင့် ရီယာဒ်မြို့ရှိ အာရမ်ကို ၏ စက်ရုံနှင့် အဆောက်အအုံများကို ပဲ့ထိန်းဒုံးကျည်များ နှင့် ဒရုန်းများဖြင့် ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr သတင်းဌာန ၏ အစီရင်ခံစာအရ ယီမင်လက်နက်ကိုင်တပ်ဖွဲ့များသည် ဆော်ဒီအာရေဗျနိုင်ငံ၏ မြို့တော် ရီယာဒ်  ရှိ ဆော်ဒီရေနံကုမ္ပဏီ အာရမ်ကို  ၏ စက်ရုံနှင့် အဆောက်အအုံများကို ဒုံးကျည်များနှင့် ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း အတည်ပြုခဲ့ပါတယ်။

အယ်လ်မဆီရာ ၏ ဖော်ပြချက်အရ ယီမင်လက်နက်ကိုင်တပ်ဖွဲ့များ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်  ယဟ်ယာ စရီးအ် က ဆော်ဒီအာရေဗျဘက်မှ ယီမင်နိုင်ငံ၏ မြို့တော်  ဆနာအာ နှင့် အခြားပြည်နယ်များကို တိုက်ခိုက်ခဲ့မှုများကို တုံ့ပြန်သည့်အနေဖြင့် ရီယာဒ်ရှိ အာရမ်ကိုကုမ္ပဏီကို စစ်ရေးအရ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

၎င်းက အဆိုပါ စစ်ဆင်ရေးတွင် ပဲ့ထိန်းဒုံးကျည် အများအပြားနှင့် ဒရုန်းများကို အသုံးပြုခဲ့ပြီး တိုက်ခိုက်မှုများသည် သတ်မှတ်ထားသည့် ပစ်မှတ်များကို တိုက်ရိုက်နှင့် တိကျစွာ ထိမှန်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

ဗိုလ်ချုပ်  ယဟ်ယာ စရီးအ်  ၏ ပြောကြားချက်အရ တိုက်ခိုက်မှုကြောင့် ရီယာဒ်မြို့ရှိ ပစ်မှတ်ထားခံခဲ့ရသော အာရမ်ကို၏ စက်ရုံနှင့် အဆောက်အအုံများတွင် မီးလောင်ကျွမ်းမှုများ ဖြစ်ပွားခဲ့ပါတယ်။

ယီမင်လက်နက်ကိုင်တပ်ဖွဲ့များ၏ ထုတ်ပြန်ချက်တွင် ယီမင်ပြည်သူများ၏ သွေးကို လျစ်လျူရှုခြင်းအတွက် ပေးဆပ်ရမည့် အဖိုးအခသည် ကြီးမားလိမ့်မည်ဟု သတိပေးထားပါတယ်။

ဆော်ဒီဘက်အနေဖြင့် ယီမင်ပြည်သူများကို ဆက်လက်သတ်ဖြတ်နေခြင်းအတွက် ကြီးမားသော အဖိုးအခကို ပေးဆပ်ရမည်ဖြစ်ကြောင်း သိရှိထားသင့်သည်ဟုလည်း ဆိုပါတယ်။

ယီမင်လက်နက်ကိုင်တပ်ဖွဲ့များ၏ ပြောရေးဆိုခွင့်ရှိသူက ဆက်လက်၍ ယီမင်သည် ပိတ်ဆို့ထားမှုကို ပိတ်ဆို့မှုဖြင့် တုံ့ပြန်ခြင်း၊ တင်းမာမှုကို တင်းမာမှုဖြင့် တုံ့ပြန်ခြင်း ဟူသော မဟာဗျူဟာကို ဆက်လက်ကျင့်သုံးသွားမည်ဟု ပြောကြားခဲ့ပါတယ်။ 

နောက်ဆုံးတွင် ဗိုလ်ချုပ်  ယဟ်ယာ စရီးအ်  က ယီမင်အပေါ် တိုက်ခိုက်မှုများ ရပ်တန့်ပြီး ယီမင်ကို ပိတ်ဆို့ထားမှု အဆုံးသတ်သည်အထိ ယီမင်တပ်ဖွဲ့များသည် ဆော်ဒီအာရေဗျနှင့် ဆက်နွှယ်နေသော စစ်ဘက်ဝန်ထမ်းများနှင့် ထောက်ပံ့ရေးစခန်းများကို ဆက်လက်ပစ်မှတ်ထား တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ 

++++++++++++++++++++++++++++++++++++++++++++++++++
END / 251

Tags

Your Comment

You are replying to: .
captcha