အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဆော်ဒီအိမ်ရှေ့မင်းသား မိုဟမ္မဒ် ဘင်န်စလ်မာန် (MBS) သည် ဟူသီတပ်ဖွဲ့များနှင့် ပဋိပက္ခအတွင်း နိုင်ငံတကာ၏ စစ်ရေးအကူအညီရရှိရန် အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း သိရပါတယ်။
အီဂျစ်သမ္မတ အဗ်ဒိုလ်ဖသာဟ် အယ်လ်စီစီက ယီမင်သို့ တိုက်ခိုက်ရေးတပ်ဖွဲ့များ စေလွှတ်ရန် ငြင်းဆိုခဲ့ပြီး အီဂျစ်၏ စစ်ရေးအခန်းကဏ္ဍသည် ဆော်ဒီအာရေဗျ၏ နယ်စပ်နှင့် နယ်မြေကာကွယ်ရေးအတွက်သာ ဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်ဟု ဆိုပါတယ်။ ဟူသီတို့၏ စူးအက်တူးမြောင်းနှင့် အီဂျစ်ခရီးသွားလုပ်ငန်းဆိုင်ရာ နေရာများအပေါ် ခြိမ်းခြောက်မှုများကြောင့်လည်း အီဂျစ်အနေဖြင့် စစ်ရေးပါဝင်မှု၏ အန္တရာယ်များကို စိုးရိမ်နေကြောင်း သိရပါတယ်။
ပါကစ္စတန်နှင့် တူရကီတို့သည်လည်း ဆော်ဒီအာရေဗျ၏ ကာကွယ်ရေးကိုသာ အဓိကထားပြီး ယီမင်အတွင်း တိုက်ခိုက်ရေးစစ်ဆင်ရေးများတွင် ပါဝင်ရန် ဆန္ဒမရှိကြောင်း သိရပါတယ်။
ထို့ကြောင့် ဆော်ဒီအာရေဗျသည် ဟူသီတို့နှင့် ပဋိပက္ခကို ဖြေရှင်းရာတွင် စစ်ရေးအကူအညီထက် သံတမန်ရေးရာ ကြိုးပမ်းမှုများကို ပိုမိုအားထားရမည် ဖြစ်ပါတယ်။
ပါကစ္စတန်က နှစ်ဖက်အကြား ပြန်လည်သင့်မြတ်ရေးအတွက် ကြိုးပမ်းနေပြီး ဆွေးနွေးညှိနှိုင်းမှုများ အောင်မြင်ခြင်းသည် ဒေသတွင်းတင်းမာမှုများ လျော့ကျစေရန် အရေးကြီးကြောင်း သုံးသပ်ထားသည်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment