အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Mehr သတင်းဌာန ၏ အစီရင်ခံစာအရ အီရန်နိုင်ငံတစ်ဝန်းတွင် နိုဝင်ဘာ ၄ ရက်၊ ဗုဒ္ဓဟူးနေ့၌ နယ်ချဲ့ဝါဒကို ဆန့်ကျင်သည့် အမျိုးသားရေးတိုက်ပွဲနေ့နှင့် ကျောင်းသားများနေ့ အထိမ်းအမှတ်အဖြစ် အကြီးအကျယ် ချီတက်ဆန္ဒပြပွဲများ ပြုလုပ်ခဲ့ပါတယ်။ အဆိုပါ ဆန္ဒပြပွဲများကို အမေရိကန်နိုင်ငံက စစ်ရေးအရ ထပ်မံကျူးကျော်တိုက်ခိုက်မည်ဟု ခြိမ်းခြောက်နေသည့် အခြေအနေတွင် ကျင်းပခဲ့ ခြင်းဖြစ်ပါတယ်။
Mehr သတင်းဌာန ၏ သတင်းထောက်များ၏ ဖော်ပြချက်အရ အီရန်နိုင်ငံတစ်ဝန်း နေရာပေါင်း ၉၀၀ ကျော်တွင် ပြုလုပ်ခဲ့ သည့် အဆိုပါ ချီတက်ပွဲများ၏ အဓိကကြွေးကြော်သံမှာ “အာဇာနည်များအား သစ္စာပြုကတိပြုခြင်း၊ ကမ္ဘာ့နယ်ချဲ့ဝါဒကို ဆန့်ကျင်တိုက်ဖျက်ခြင်း” ဖြစ်ပါတယ်။
မြို့တော် တီဟီရန်တွင် အဓိကချီတက်ပွဲကို နံနက် ၉ နာရီတွင် ပါလက်စတိုင်းရင်ပြင်မှ စတင်ခဲ့ပါတယ်။ ပါဝင်သူများသည် တာလေဂါနီလမ်းတစ်လျှောက် ချီတက်လာကြပြီး ၁၉၇၉ ခုနှစ်၊ နိုဝင်ဘာလတွင် အီရန်ကျောင်းသားများ ဝင်ရောက်သိမ်းပိုက်ခဲ့သည့် ယခင်အမေရိကန်သံရုံးရှေ့၌ စုဝေးလျက်ခဲ့ကြပါတယ်။ အဆိုပါသံရုံးကို နောက်ပိုင်းတွင် “သူလျှိုလုပ်ငန်းများ၏ အခြေစိုက်စခန်း” ဟု အမည်ပေးခဲ့ကြပါတယ်။
နိုဝင်ဘာ ၄ ရက် အထိမ်းအမှတ်ပွဲများ၏ ဗဟိုစီမံခန့်ခွဲရေးဌာန အကြီးအကဲ မိုစတာဖာ ရိုစ်တမီက တီဟီရန်မြို့ရှိ ချီတက်ပွဲလမ်းကြောင်းတစ်လျှောက် ကျောင်းများနှင့် တက္ကသိုလ်များမှ ကျောင်းသား၊ ကျောင်းသူများအတွက် အထူးအစီအစဉ်များ စီစဉ်ထားခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
အဆိုပါအစီအစဉ်များတွင် ဝန်ဆောင်မှုနှင့် ယဉ်ကျေးမှုစင်တာများ ဖွင့်လှစ်ခြင်း၊ ပြပွဲများကျင်းပခြင်းနှင့် အခြားလှုပ်ရှားမှုများ ပါဝင်ပြီး ယင်းနေ့၏ အရေးပါမှုကို မီးမောင်းထိုးပြရန် ရည်ရွယ်ထားကြောင်း သိရပါတယ်။
ထို့အပြင် စီစဉ်သူများက ဘာသာရေးအဖွဲ့အစည်းများ၊ ဗလီများနှင့် ဆက်စပ်လုပ်ကိုင်နေသူများအပြင် လူမှုဘဝကဏ္ဍအသီးသီးမှ ပြည်သူများကိုလည်း အဆိုပါ ဆန္ဒပြပွဲများတွင် ပါဝင်ဆင်နွှဲကြရန် ဖိတ်ခေါ်ထားပါတယ်။
မှတ်သားဖွယ်ရာအချက်မှာ ၁၉၇၉ ခုနှစ်၊ နိုဝင်ဘာ ၄ ရက်တွင် အီရန်ကျောင်းသားများသည် အစ္စလာမ်မစ်တော်လှန်ရေးကို ဆန့်ကျင်ရန် အမေရိကန်၏ ကြံစည်မှုများစွာကို ကန့်ကွက်ဆန္ဒပြခဲ့ကြပြီး တီဟီရန်မြို့ရှိ အမေရိကန်သံရုံးကို ဝင်ရောက်သိမ်းပိုက်ခဲ့ကြပါတယ်။ နောက်ပိုင်းတွင် အဆိုပါသံရုံးကို “သူလျှိုလုပ်ငန်းများ၏ အခြေစိုက်စခန်း” ဟု သတ်မှတ်ခေါ်ဝေါ်ခဲ့ကြပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment