အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဆော်ဒီဦးဆောင်သော မဟာမိတ်တပ်ဖွဲ့၏ တပ်မှူးတစ်ဦးသည် ၎င်း၏ စစ်တပ်အုပ်စုနှင့်အတူ ယီမင်နိုင်ငံ အန်ဆွာရိုလ္လာဟ်တပ်ဖွဲ့၏ ဖမ်းဆီးခြင်းကို ခံခဲ့ရပါတယ်။
ဆနားမြို့အခြေစိုက် မီဒီယာအချို့၏ ဖော်ပြချက်အရ ဆော်ဒီဦးဆောင်သော တပ်ဖွဲ့၏ တပ်မဟာ (၃၄) မှူး၊ ဗိုလ်မှူးကြီး အလီ နာဆဲရ် ဘင် အာသစ်ဖ် အလ်အူဇလီ (အဘူအိုင်ရှာဟ်ဟု လူသိများသူ) သည် လဟ်ဂျ်ပြည်နယ်၊ ကုဘိုင်သဟ်ဒေသ၌ ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း ပစ်မှတ်ထားတိုက်ခိုက်ခံရပြီး သေဆုံးခဲ့ကြောင်း သိရပါတယ်။
အဆိုပါဖြစ်စဉ်သည် ၎င်း၏တပ်ဖွဲ့ဝင်များသည် «သွာရ် အလ်ဘာဟာ» စစ်မျက်နှာတွင် ဝိုင်းဝန်းပိတ်ဆို့ခံခဲ့ရပြီး ထိုပိတ်ဆို့မှုကို မဖြိုခွင်းနိုင်သကဲ့သို့ ဝိုင်းဝန်းပိတ်ဆို့ခံထားရသည့် နေရာမှလည်း ထွက်ခွာနိုင်ခြင်းမရှိခဲ့ပြီးနောက် ဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment