၁၇ နိုဝင်ဘာ ၂၀၂၆ - ၂၃:၅၅
အယာသွလ္လာဟ် အလ်အွဇ်မာ ဝဟီးဒ် ခိုရာစါနီ၏ ဈာပနအခမ်းအနားနှင့် မြှုပ်နှံမည့် အစီအစဉ်အသေးစိတ်

အာယသွလ္လာဟ် အလ်အွဇ်မာ ဝဟီးဒ် ခိုရာစါနီ၏ သန့်ရှင်းမြင့်မြတ်သော ရုပ်ကလာပ်တော်အား ဈာပနပို့ဆောင်ခြင်း အခမ်းအနားကို နိုဝင်ဘာလ ၁၈ ရက်နေ့ ၂၀၂၆ ခုနှစ် ဗုဒ္ဓဟူးနေ့တွင် သန့်ရှင်းမြင့်မြတ်သော ကွမ်းမြို့၌ ကျင်းပမည်ဖြစ်ပြီး၊ ကွမ်းမြို့တွင် ဈာပနပို့ဆောင်ခြင်း အခမ်းအနားပြီးဆုံးပါက မရှ်ဟဒ်မြို့သို့ ယူဆောင်သွားမည်ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ ဖကီးဟ်ပညာရှင်ကြီး အာယသွလ္လာဟ် အလ်အွဇ်မာ ဝဟီးဒ် ခိုရာစါနီ၏ သန့်ရှင်းမြင့်မြတ်သော ရုပ်ကလာပ်တော်အား ဈာပနပို့ဆောင်ခြင်း အခမ်းအနားကို နိုဝင်ဘာလ ၁၈  ရက်နေ့ ၂၀၂၆ ခုနှစ်  ဗုဒ္ဓဟူးနေ့ နံနက် ၉ နာရီတွင် ၁၉ ဒီလမ်း (ဘာဂျက်) ရှိ ဖွာတွေမီယေ ဗလီမှ စတင်ကာ ဟဇရသ် ဖွာတွေမဟ် မအ်စူမဟ် (စ.အ) ၏ သန့်ရှင်းမြင့်မြတ်သော ရောင်ဇာတော်သို့ ပို့ဆောင်ကျင်းပမည်ဖြစ်ပါတယ်။

ရှီအဟ် ကမ္ဘာ၏ ကြီးမြတ်သော မရ်ဂျအ် အား နောက်ဆုံးအရိုအသေပေး နှုတ်ဆက်ခြင်း

ယနေ့ အင်္ဂါနေ့၊  နိုဝင်ဘာလ ၁၇ ၂၆ ရက် နေ့ ၂၀၂၆ ခုနှစ် ညနေ ၆ နာရီမှ ည ၉ နာရီအထိလည်း အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ အောက်မေ့ဖွယ် ဝမ်းနည်းကြေကွဲဖွယ်ရာများကို တင်ပြခြင်း ၊ အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်)  ထံ သဝစိုလ် ပြုခြင်းနှင့် အာယသွလ္လာဟ် ဝဟီးဒ် ခိုရာစါနီ (ရ.ဟ) ၏ ရုပ်ကလာပ်တော်အား နောက်ဆုံးအရိုအသေပေး နှုတ်ဆက်ခြင်း အခမ်းအနားတို့ကို ၎င်း၏ရုံးတော်တည်ရှိရာ ဆဖာအီယေ လမ်းရှိ ဟဇရသ် ဝလီယေ အဆ်ရ် (အ.ဂျ) ဖွာတွေမီယဟ် ၌ ကျင်းပသွားမည်ဖြစ်ပါတယ်။

ဟဇရသ် အလီ အိဗ်နေ မူစာ အရ်ရေဇာ (အ.စ) ၏ နူရ်ဖြာထွန်းတောက်သော ရောင်ဇာတော်အနီးတွင် မြှုပ်နှံမည်

ကွမ်းပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး (နိုင်ငံရေးနှင့် လုံခြုံရေးရာ) ၏ ထုတ်ပြန်ချက်အရ အာယသွလ္လာဟ် ဝဟီးဒ် ခိုရာစါနီ (ရ.ဟ) ၏ သန့်ရှင်းမြင့်မြတ်သော ရုပ်ကလာပ်တော်ကို ကွမ်းမြို့၌ ဈာပနပို့ဆောင်ခြင်း အခမ်းအနား ကျင်းပပြီးနောက် မရှ်ဟဒ်မြို့သို့ ယူ ဆောင်သွားမည်ဖြစ်ပါတယ်။ 
နိုဝင်ဘာလ ၂၉ ရက်နေ့ ကြာသပတေးနေ့တွင် ဈာပနပို့ဆောင်ခြင်း အခမ်းအနားကို ထပ်မံကျင်းပပြီးနောက် ဟဇရသ် အလီ အိဗ်နေ မူစာ အရ်ရေဇာ (အ.စ) ၏ နူရ်ဖြာထွန်းတောက်သော ရောင်ဇာတော်အနီး၌ မြှုပ်နှံသင်္ဂြိုဟ်မည်ဖြစ်ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++
END / 251

Tags

Your Comment

You are replying to: .
captcha