အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Tasnim သတင်းဌာန ၏ အစီရင်ခံစာအရ လက်ဘနွန်တောင်ပိုင်းရှိ ပြည်သူများ၏ နေအိမ်များကို အစ္စရေးကျူးကျော်တပ်ဖွဲ့များက ဖျက်ဆီးနေမှုများ ဆက်လက်ဖြစ်ပွားနေကြောင်း သိရပါတယ်။
အစ္စရေးကျူးကျော်တပ်ဖွဲ့များသည် လက်ဘနွန်တောင်ပိုင်းရှိ ဟဒသာမြို့နယ်တွင် နေအိမ် ၁၁ လုံးကို တစ်နာရီခွဲအတွင်း ဖောက်ခွဲဖျက်ဆီးခဲ့ကြပါတယ်။
လက်ဘနွန်သတင်းရင်းမြစ်များ၏ ပြောကြားချက်အရ အစ္စရေးကျူးကျော်တပ်ဖွဲ့များသည် လက်ဘနွန်တောင်ပိုင်းရှိ ဇူတာရ် ရှရ်ကီးမြို့နယ်တွင်လည်း နေအိမ်အများအပြားကို ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရပါတယ်။
ထို့အပြင် လက်ဘနွန်တောင်ပိုင်းရှိ ဘနီဟိုင်ယန်မြို့နယ်တွင်လည်း နေအိမ်အချို့ကို ကျူးကျော်တပ်ဖွဲ့များက ဖျက်ဆီးခဲ့ကြောင်း အဆိုပါသတင်းရင်းမြစ်များက ထပ်မံဖော်ပြခဲ့ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment