၂၃ နိုဝင်ဘာ ၂၀၂၆ - ၀၇:၁၃
ဟော်မုဇ်ရေလက်ကြားအရှေ့ဘက်တွင် အမေရိကန်ဒရုန်းတစ်စင်းကို အီရန်ပစ်ချ၊ ရေနံတင်သင်္ဘောနှစ်စင်း မီးလောင်

အီရန်ရေတပ်၏ ထုတ်ပြန်ချက်အရ ဟော်မုဇ်ရေလက်ကြားအရှေ့ဘက်တွင် ပင်လယ်မိုင်းနှင့် တိုက်မိခဲ့သည့် ရေနံတင်သင်္ဘောနှစ်စင်း မီးလောင်မှုဖြစ်ပွားခဲ့ပြီး အမေရိကန်၏ MQ-1 ER အမျိုးအစား ကင်းထောက်နှင့် တိုက်ခိုက်ရေးဒရုန်းတစ်စင်းကိုလည်း ပစ်ချနိုင်ခဲ့ကြောင်း သိရပါတယ်။အဆိုပါဒရုန်းသည် ၂၄ နာရီအတွင်း အီရန်က ပစ်ချခဲ့သည့် စတုတ္ထမြောက် အမေရိကန်ဒရုန်းဖြစ်ကြောင်း အီရန်က ပြောကြားထားပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ABC Kabul၏ အစီရင်ခံစာ အရ  အီရန်ရေတပ်က အသိပေးကြေညာရာတွင် သင်္ဘောတည်နေရာနှင့် အချက်အလက်များကို ဖော်ပြသည့် စနစ်များအား ပိတ်ထားသော ရေနံတင်သင်္ဘောနှစ်စင်းသည် ဟော်မုဇ်ရေလက်ကြား၏ အရှေ့ဘက်တွင် ပင်လယ်မိုင်းနှင့် တိုက်မိခဲ့ပြီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားပါတယ်။

ထို့အပြင် ဟော်မုဇ်ရေလက်ကြား၏ အရှေ့ဘက်တွင် အမေရိကန်၏ MQ-1 ER အမျိုးအစား ကင်းထောက်နှင့် တိုက်ခိုက်ရေးမောင်းသူမဲ့လေယာဉ် (ဒရုန်း) တစ်စင်းကို ပစ်ချနိုင်ခဲ့ကြောင်း အီရန်က ပြောကြားခဲ့ပါတယ်။

အီရန်၏ ပြောကြားချက်အရ ယင်းဒရုန်းသည် လွန်ခဲ့သည့် ၂၄ နာရီအတွင်း ပစ်ချခံခဲ့ရသည့် အမေရိကန်မောင်းသူမဲ့လေယာဉ်များအနက် စတုတ္ထမြောက်ဖြစ်ကြောင်း သိရပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++
END / 251

Tags

Your Comment

You are replying to: .
captcha