ကချင်ပြည်နယ် ငြိမ်းချမ်းရေး နှင့် မြစ်ဆုံ အရေးကိစ္စများအတွက် ဘာသာပေါင်းစုံ၊ တိုင်းရင်းသား ပေါင်းစုံ ပါဝင်သော ဆုတောင်းပွဲတစ်ရပ်ကို ၂၀၁၂ ခုနှစ် မတ်လ ၂၇ ရက်နေ့က ရန်ကုန်မြို့ ပြည်လမ်းရှိ ယုဒဿန် ဗိမာန်တော်တွင် ပြုလုပ်ခဲ့ပါသည်။ ဆုတောင်းပွဲကို ညနေ ၄ နာရီ အချိန်တွင် စတင်ခဲ့ပြီး ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူစသည့် ဘာသာကြီးလေးခုမှ တက်ရောက် လာသူများ၊ ကချင်ပြည်နယ် ဒေသခံများ၊ ကရင်၊ ရှမ်း၊ ချင်း၊ မွန်၊ ရခိုင်စသည့် တိုင်းရင်းသားများ၊ ၈၈ မျိုးဆက် ကျောင်းသားများ စသူတို့ ပါဝင်တက်ရောက်ခဲ့ကြပြီး ဆုတောင်းပွဲ ဖြစ်မြောက်ရန် ကရုဏာရှင် အမျိုးသမီးများအဖွဲ့မှ စီစဉ်ခဲ့ခြင်း ဖြစ်သည်။ဒီနေ့ကတော့ ဒုတိယမြောက် လုပ်ဖြစ်တဲ့ ဆုတောင်းပွဲပါ။ ပထမအကြိမ်ကို မတ်လဆန်းမှာ လုပ်ခဲ့ပါတယ်။ ဒီနေ့က ကချင်ပြည်နယ်တွင်းမှာ လက်ရှိဖြစ်နေတဲ့ အခြေအနေတွေကြောင့် ခံစားနေရတဲ့ ဒေသခံတွေအတွက်၊ နောက်ပြီး မြစ်ဆုံအတွက်၊ လာမယ့် ရွေးကောက်ပွဲ အတွက် ဆုတောင်းချင်ပါတယ်”ဟု ကရုဏာရှင် အမျိုးသမီးများအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။
၂၃ မေ ၂၀၁၂ - ၁၉:၃၀
News ID: 317399
ကချင်ပြည်နယ် ငြိမ်းချမ်းရေး နှင့် မြစ်ဆုံ အရေးကိစ္စများအတွက် ဘာသာပေါင်းစုံ၊ တိုင်းရင်းသား ပေါင်းစုံ ပါဝင်သော ဆုတောင်းပွဲတစ်ရပ်ကို ၂၀၁၂ ခုနှစ် မတ်လ ၂၇ ရက်နေ့က ရန်ကုန်မြို့ ပြည်လမ်းရှိ ယုဒဿန် ဗိမာန်တော်တွင် ပြုလုပ်ခဲ့ပါသည်။