၂၄ မေ ၂၀၁၂ - ၁၉:၃၀

အေမာမ်အလီ(အ.စ)သည်အဗူသွာလိ(ဗ်)(အ.စ)၏လေးယောက်မြောက်သား တော်ဖြစ်ပြီးဖွာသွိမ(ဟ်)(အ.စ)ဆို သည့်မြင့်မြတ်သောမိခင်တော်မှရဂျဗ်လ၁၃ရက်သောကြာနေ့တွင်မကာမြို့ရှိကာ့(အ်)ဗ(ဟ်)ကျောင်းတော် အတွင်း ၌ ဖွါးမြင်တော်မူ ခဲ့သည်၊

အေမာမ်အလီ(အ.စ)သည်အဗူသွာလိ(ဗ်)(အ.စ)၏လေးယောက်မြောက်သား တော်ဖြစ်ပြီးဖွာသွိမ(ဟ်)(အ.စ)ဆို သည့်မြင့်မြတ်သောမိခင်တော်မှရဂျဗ်လ၁၃ရက်သောကြာနေ့တွင်မကာမြို့ရှိကာ့(အ်)ဗ(ဟ်)ကျောင်းတော် အတွင်း ၌ ဖွါးမြင်တော်မူ ခဲ့သည်၊ 

ကာ့(အ်)ဗ(ဟ်)ဝတ်ကျောင်း ဗိမာန်တော်၏ နောက်ခံ သမိုင်းအကျဉ်းချုပ်

          ဧကန်အမှန်လူသားတို့အတွက် အလ္လာဟ်အသျှင်မြတ်၏ ပထမဆုံးသော အိမ်တော်ကား မက္ကာမြို့၌ရှိပြီး၊ ကမ္ဘာကြီး အဖို့ ကောင်းချီမင်္ဂလာတော်နှင့် လမ်း ညွှန်တော် ဖြစ်၏။ ယင်းတွင် ရှင်းလင်းထင်ရှားသော အရိပ်နိမိတ်တော်များ ရှိပေ သည်။တမန်တော်အိဘ်ရာဟင်မ် (အ.စ) မတ်တတ်ရပ်သောနေရာလည်း ရှိ၏။ ယင်းအ တွင်းသို့ ဝင်လာသူ မှန် သရွေ့  ဘေး ကင်းလုံခြုံမှုရှိ၏။ ထိုကျောင်းတော်သို့ ဟဂ်ျပြု ရန် သွားခြင်းသည် အလ္လာဟ်အသျှင်မြတ်အဖို့ရာ လူသား တို့ပြုအပ်သော တာဝန် ဝတ္တရားဖြစ်ချေ၏။ ခရီးစရိတ်တတ်စွမ်းသူအဖို့ရာ ပြုအပ်သည့်တာဝန်ဖြစ်၏။ အကြင်သူ သည် ငြင်းပယ်မူ အသျှင်သည် လုံးဝအမှီအခိုကင်းပြီး ကမ္ဘာခပ်သိမ်း၏ မှီခိုရာဆိုသည်ကို သိလေတော့။ (၃း၉၆၊၉၇)

          ကာ့(အ်)ဗ(ဟ်)ဗိမာန်တော်၏ ထွတ်မြတ်ကြီးကျယ်မှုမှာကား ရှေးပဝေ သဏီ နှစ်ပရိစ္ဆေဒများစွာ ကတည်း က ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။ ဆာဝီလျှံ မူးရ် ဆိုသူက ကာ့(အ်)ဗ(ဟ်)ဗိမာန်နှင့်ပတ်သက်ပြီး သမိုင်းသုတေ သနပြုခဲ့ ရာ၊ ဤဗိ မာန်တော်ကြီးကို ကမ္ဘာ့ကြည်ညိုလေးမြတ်ရာအဖြစ် သတ်မှတ်ခဲ့သည့် ကာလမှာ လူတို့အဖို့မှတ်မိခြင်းငှာ လက်လှမ်းမမီသည့်ကာလကတည်းကပင် ဖြစ်သည်ဟု သိရသည်။

          တမန်တော်မြတ်(ဆွ)၏ ခိုင်လုံသော ဩဝါဒများနှင့် အာလေမုဟမ္မဒ် (အ-စ)တို့၏ မိန့်ဆိုချက်များအ ရ၊ ကောင်း ကင်ဘုံတွင် ဝပ်တွားရန်အတွက် ဗိုင် တုလ်မာမူးရ် ခေါ် ဗိမာန်တော်ရှိသည်ဟူ၏။ အေမာမ်အလီ(အ.စ)က မိန့်ဆိုခဲ့ သည်မှာ "ကောင်းကင်ဘုံရှိ ဝတ်ပြုဗိမာန် (ဗိုင်တုလ်မာမူးရ်)သို့ နေ့စဉ်ပင် ကောင်း ကင်တမန်တော်များက သောင်းသောင်းဖြဖြ ဝတ်ပြုရန် လာကြသည်" ဟူ၏။

          အလ္လာဟ်အသျှင်မြတ်က အနန္တကရုဏာတော်အဟုန်ကြောင့် ကမ္ဘာ မြေပြင်တွင် လူသားတို့ ဝတ်ပြုရန်အလို့ငှာ အလားတူဗိမာန်တော်တခုကို တည် ဆောက်ရန် ကောင်းကင်တမန်တို့ကို အမိန့်ချခဲ့သည်။ ကောင်းကင်တမန်များမှ တဲတခုနှင့်ဆင်းလာပြီး ကမ္ဘာမြေတွင် ဆောက်လုပ်ခဲ့သည်။ ဤသည် ပထမဆုံး သော ကာ့(အ်)ဗ(ဟ်)ဖြစ်၏။ အာဒမ်(အ.စ)နှင့် ဟာဝါသခင်မတို့ မြေကမ္ဘာသို့ သက်ဆင်းလာချိန်ဝယ် မက္ကာရှိ အာရဖတ်ခေါ် နေရာ၌ ဆုံခဲ့ကြ၏။ ၎င်း တို့သည် ဤစခန်းတွင် ဝတ်ပြု မှု ပြုခဲ့ကြ၏။ ထိုအခါမှစပြီး အာဒမ်(အ.စ)အပါအဝင် တမန် တော်တိုင်းက ဤ ဗိ မာန်တော်ကြီး ကို အထွတ်အမြတ်အဖြစ် အလေးအမြတ် ထား ခဲ့ကြသည်။

          အလ္လာဟ်အသျှင်မြတ်၏ ပထမဆုံးသောအိမ်တော်ကို အသျှင်၏ ဗျာဒိတ်တော်အရ တမန်တော်အိဘ်ရာဟင်မ် (အ.စ) နှင့် တမန်တော်လောင်းလျာ သား တော် အစ္စမာအီလ် (အ.စ) တို့က ကောင်းကင်တမန်ဂျိဘ်ရာအီလ်(အ.စ) ၏ လမ်းညွှန် ညွှန်ကြား မှုဖြင့် ပြန်လည်မွမ်းမံ တည်ဆောက်ခဲ့ကြသည်။ ကုရ်အာန်ကျမ်းမြတ်၌ လာရှိ သည်မှာ ...

"တမန်တော် အိဘ်ရာဟင်မ်(အ.စ)  သည်(သားတော်) အစ္စမာအီလ်(အ.စ)  နှင့်အတူ အိမ်တော်၏ အုတ်မြတ်ကိုချနေ စဉ်ဝယ်အို...အသျှင်...ကျွန်တော်မျိုးတို့၏ ဤ လုပ်ရပ်ကို လက်ခံတော်မူပါ။ ဧကန်မုချ အသျှင်သည် အရာခပ်သိမ်းကို ကြားနိုင် စွမ်းတော်မူသောအသျှင်နှင့် အလုံးစုံကို သိစွမ်းတော်မူသော အသျှင်ဖြစ်ပါ၏" ဟူ၏။ (၂း၁၂၇)

          ကုရ်အာန်တွင် တစ်ဖန်ဆိုထားသည်မှာ...

          "အမှတ်ရလော့...ငါအသျှင်သည် အိမ်တော်ကို လူသားတို့ သွားရောက် စုဝေးရာနှင့် ဘေးမဲ့ ဌာ နတော် ဖြစ်စေတော် မူ၏။ အိုလူသားတို့...တမန်တော် အိဘ်ရာဟင်မ် (အ.စ) ဝတ်ပြုရာနေရာတွင် သင်တို့ကလည်း ဝတ်ပြုရာနေရာ အဖြစ် မှတ်ယူလော့။ ငါအသျှင်သည် အိဘ်ရာဟင်မ်(အ.စ)  နှင့် အစ္စမာအီလ် (အ.စ) တို့နှစ်ဦးအား ငါ၏ကျောင်းတော်ကို သဝါးဖ်လှည့်မည့်သူများနှင့် ဝတ်တက်မည့်သူများ အဖို့ရာသန့်ရှင်း စင်ကြယ်အောင် သုတ်သင် ရှင်းလင်း ထားကြကုန်" ဟု ဗျာဒိတ်ပေးတော် မူခဲ့သည်။ (၂း၁၂၅)

          ဤအာယတ်တော်က အိမ်တော်၏ ရည်ရွယ်ချက်ကို သရုပ်ဖော်ပြလျက် ရှိ၏။ သန့်စင်မွန်မြတ်သော ဝတ်တွားရာ ဗိမာန်အဖြစ် တွင်စေခဲ့၏။ ထို့ကြောင့် လည်း တမန်တော် အိဘ်ရာဟင်မ်က ကြင်ရာတော် ဟာဂျရာနှင့် သားတော်တို့ အား မက္ကာမြို့၊ ဤဗိမာန်တော်အနီးတွင် အိုးအိမ်စိုက်ထူနေစေခဲ့ခြင်း ဖြစ်သည်။ ကျမ်းမြတ်ကုရ်အာန်တွင် လာရှိ သည်မှာ...

          "အို...ကျွန်တော်မျိုးတို့၏ အသျှင်သခင်...ကျွန်တော်မျိုးသည် မိမိ၏အ နွယ်တစုကို အသျှင်မြတ် အိမ်တော်၏ အနီးအပါး  စိုက်ပျိုးရေးမဖြစ်ထွန်းသည့် တောင်ကြားချိုင့်ဝှမ်းမြေတွင် နေရာချထားပါ၏။ အို... ကျွန်တော်မျိုးတို့၏ အသျှင် သခင်...သူတို့ဆွလားသ်ဝတ်ပြုကြရန်နှင့် လူသားအချို့မှာ သူတို့ဘက်သို့ စိတ် နှလုံး ယိမ်းယိုင်စေခြင်း ငှာ ဖြစ်ပါ၏။ သူတို့အား အသျှင့်အား ကျေးဇူးဥပကာ ရပြုနိုင်ရေးအတွက် သစ်သီးဝလံများကို စီမံပေးတော်မူပါ။" (၁၄း၃၇)

          အောက်ပါဖြစ်ရပ်ကြီးက ကာ့(အ်)ဗ(ဟ်)ဗိမာန်တော်ကို အလ္လာဟ်အ သျှင် ကိုယ်တော်တိုင်က စောင့်ထိန်း ကာ ကွယ် ထားပုံကို ပြသလျက်ရှိ၏။

          ယီမန်ပြည်သည်ကား၊ ယဟူဒီလူမျိုးနွယ်ဝင် ဟင်မ်ယရ်ဘုရင်များကို တွန်းလှန်နှင်ထုတ်ခဲ့ကြသော ခရစ်ယာန် ဘာသာဝင် အဗီစီးနီးယန်းလူမျိုးများ၏ အုပ်ချုပ်မှုအောက်တွင်ရှိစဉ် အချိန်ကဖြစ်လေသည်။ အဗရဟ အရှရမ်သည် အဗီ စီးနီးယန်းဘုရင်ခံဖြစ်ပြီး အာဏာယစ်မူးသည်ကတကြောင်း၊ ဘာသာရေးမုန်းတီး မှုကြောင့်တကြောင်း၊ ကာ့(အ်)ဗ(ဟ်) ဗိမာန်တော်ကို ဖျက်ဆီးပစ်ရန် ရည်ရွယ် ချက်ဖြင့် ဆင်တပ်ကြီးနှင့်အတူ မက္ကာမြို့တော်သို့ ချီတက်ခဲ့သည်။ သူ၏ယုတ်မာ ပက်စက်သည့် ရည်ရွယ်ချက်များသည် အံ့ဖွယ်ဗြာဋိဟာကြောင့် ပျက်စီးသွား ခဲ့သည်။ ကအ်ဘာကျောင်းတော် ၏ ဂေါပ က များအနေဖြင့် ရန်သူများ၏ အင်အား နှင့် မယှဉ်သာသဖြင့် အဗီစီးနီးယန်းတို့ကို ခုခံတွန်းလှန်ခြင်း မပြုခဲ့ပေ။ ဂေါပက ကြီး အဗ္ဗဒုလ်မွတ္တလိဗ်သခင်၏ လှိုက်လှိုက်လှဲလှဲ ဆုပန်မှုကြောင့် ငှက်အုပ် ကြီးများက ကျောက်ခဲမိုးကို ရွာချစေခဲ့ရာ၊ ရန်သူတပ်ကြီးမှာ ချေမှုန်းခံရပြီး တပ်လှန့်သွားခဲ့၏။ ရန်သူများသည် ကျောက်ခဲနှင့်ထိမှန်ရာ အရေပြား များ တွင် ပြည်တွယ် အနာစွဲကာ ရောဂါကပ်ကြီး ဆိုက်ခြင်းကို ခံခဲ့ကြရလေသည်။ ဤအဖြစ် အပျက်ကို စူရာဟ်ဖီးလ် (ကုရ်အာန်ကျမ်းမြတ်ကဏ္ဍ၊အမှတ်-၁ဝ၅)တွင် အောက် ပါအတိုင်း ဖတ်ရှုနိုင် ပါသည်။

          "ဆင်တပ်ကြီးအား အလ္လာဟ်အသျှင်က မည်သို့ကိုင်တွယ်ခဲ့သည်ကို မ မြင်ကြပြီလော။ သူတို့၏ သစ္စာဖောက် မှုကြီးကို အသျှင်က လှန်ပစ်လိုက်သည် မဟုတ်လော။ အသျှင်သည် ငှက်အုပ်ကြီးကိုစေပြီး သူတို့အား ရွံ့ခဲကလေး များ ဖြင့် ပစ်ခတ်စေတော်မူသည်။ ယင်းနောက် သူတို့အား စားပြီးသား ကောက်ရိုး ဖတ်များအလား ဖြစ်စေတော်မူ၏။" (၁ဝ၅း၁-၅)

          ရှေးယခင်က မွတ်စလင်မ်များသည် ဂျေရုစလင်ရှိ ဗိုင်တုလ်မုကတ် ဒတ်(စ)ဘက်သို့ မျက်နှာမူပြီး ဝတ်ပြုခဲ့ကြ၏။ တမန်တော်မြတ်(ဆွ)ထံ အောက်ပါ အာယတ်တော်ကျလာချိန်မှစပြီး မွတ်စလင်များမှာ ကာ့(အ်)ဗ(ဟ်)ဘက်သို့မျက် နှာမူ ဝတ်ပြုလာခဲ့သည်မှာ ယနေ့ထိတိုင်တည်း။

          "အသင်သည် ကောင်းကင်ဘုံသို့ မျက်နှာမူ၍ (လမ်းညွှန်တော်အလို့ငှာ) ဆုပန်သနေသည်ကို င