၂၇ မေ ၂၀၁၂ - ၁၉:၃၀
News ID: 318135
ကုရ်အာန်ခါနီ လုပ်သင့်မသင့် အောက်ဖော်ပြပါ ဟဇရတ်အာယာသွလ္လာဟ်အလ်အွဇ်မာအလ်ဟဂ်ျနာစေရ် မကာရေမ်မိုရှီးရာဇီးရုံး၏ဖြေကြားချက် အား အောက်ပါအတိုင်း လေ့လာမှတ်သား နိုင်ပေသည်။ အဗ်နာချစ်မိတ်ဆွေများအတွက် တင်ပြအပ်ပါသည်။
၂၃၂ မေး ။ ။ စလာမ်မွန်း အလိုင်ကွမ်း
ကျွန်တော်တို့ နိုင်ငံ ( မြန်မာ ) ရှိ ရှီအာ များအကြား အစဉ်အလာတစ်ခု ရှိပါသည်။ မရက်သ် ကို သဖ်နာ ပြီးနောက် ၊ မရ်ဟွမ် အတွက် ကွယ်လွန်သည့် နေ့ ၇ ရက်ပြည့်သည်နေ့ (သို့) ရက် ၄၀ (သို့) တစ်နှစ် (သို့) နှစ်တိုင်း ကုရ်အာန် ခတမ် (ကုရ်အာန်ခါနီ ) လုပ်ပါသည်။
ထို့ အတွက်ကြောင့်ဤလုပ်ရပ်သည်ရှရီအတ် အမြင်တွင် မည်ကဲ့သို့ ရှိ ပါသနည်း ???
ကျေးဇူးတင်လျက်
ဖြေ ။ ။ စလာမ်မွန်း အလိုင်ကွမ်း
ဤလုပ်ရပ်သည် (ကုရ်အာန်ခါနီ ) သည် ရှရီအီ အမိန့် တစ်ခု အဖြစ် မရှိချေ။ ထို့ပြင် လူထုများအကြား မရက်သ် အား ရိုသေလေးစားပြီး ၊ကျန်ရစ်သူများကို သတိပေးခြင်း အဖြင့် ကျော်ကြားသည့် အစဉ်အလာ တစ်ခု ဖြစ်ပါသည်။
ဤအစဉ်အလာ ကို ပြုခြင်းသည် ပြဿနာ မရှိချေ။ ။ထို့ပြင်ကောင်းသည့်လုပ်ရပ် တစ်ခုပင် ဖြစ်ပါသည်။
ဖြေပေးသည့်ရက် ၂၇ ၊ ၅ ၊ ၂၀၁၂ အီရန်ဒေသစံတော်ချိန် ၆း ၅၆ ( ညနေ )
ဟဇရတ်အာယာသွလ္လာဟ်အလ်အွဇ်မာအလ်ဟဂ်ျနာစေရ်မကာရေမ်မိုရှီးရာဇီးရုံး