၂၉ မေ ၂၀၁၂ - ၁၉:၃၀

ပါလက်စတိုင်းအကျဉ်းသား၁၆၀၀၏ အစာငတ်ခံသပိတ်ပြီးဆုံး။ သဘောတူညီမှုများရရှိနှင့် စပ်လျဉ်းပြီး အဗ်နာ သတင်းဌာန မှ အောက်ပါအတိုင်း myanmarmuslim net မှ တိုက်ရိုက် ကူးယူတင်ပြ အပ်ပါသည်။

အခြေအနေ ပိုမိုတိုးတက်​ ကောင်းမွန်စေရပါမည် ဟူသော ကတိက၀တ်ပြုမှုများကြောင့် သီတင်းပတ်ကြာ အစာငတ်ခံ ဆန္ဒပြနေသော ပါလက်စတိုင်း အကျဉ်းသားများသည် ၎င်းတို့၏ ဆန္ဒပြမှုကို အဆုံးသတ်လိုက် ပြီဖြစ်ရာ အစာငတ်ခံ ဆန္ဒပြသူများ သေဆုံးရမည့်အရေး၊ ပါလက်စတိုင်း ထောင်ပေါင်းများစွာ လမ်းပေါ်တက် အင်အားပြခြင်းကို  ရှောင်လွှဲနိုင်ခဲ့သည်ဟု ဆိုပါသည်။အီဂျစ်တာဝန်ရှိသူများက ၀င်ရောက်​ စေ့စပ် ညှိနှိုင်းပေးသဖြင့် ပါလက်စတိုင်းများသည် အရေးပါသော အလျှော့ပေးမှုများကို ရရှိခဲ့ရာ မိသားစုများ ထောင်သို့ ပိုမိုလာခွင့်နှင့် စွဲချက် မတင်ဘဲ ထောင်သွင်းအကျဉ်းချထားသည့် အစ္စရေး၏ မူဝါဒကိုပါ အကန့် အသတ် ဖြစ်ခဲ့ခြင်း စသော တောင်းဆိုချက်များ လိုက်လျော ခံခဲ့ရသည်။အပြန်အလှန်အားဖြင့် အစ္စရေးတို့က အကြမ်းဖက် လှုပ်ရှားမှုများ လုပ်ဆောင်မည့် စစ်သွေးကြွအုပ်စုများကို နှိမ်နင်းခွင့်ရရှိခဲ့ပြီး အကျဉ်းသားများ အစာငတ်ခံ ဆန္ဒပြခြင်းကြောင့် ၎င်းတို့သေဆုံးရမည့် အရေးကို ဟန့်တားနိုင်ခဲ့၏။ ပါလက်စတိုင်းများသည် အကျဉ်းသားများ၏ ကံကြမ္မာကို နက်နက်ရှိုင်းရှိုင်း ခံစားကြရပြီး အကျဉ်းသားအများစုမှာ ၎င်းတို့၏ အိမ်နီးချင်း သို့မဟုတ် အစ္စရေးထောင်ထဲတွင် နှစ်ချီ အကျဉ်းကျခံနေရသော အမျိုးများဖြစ်ကြသည်။အနောက်ဘက်ကမ်းနှင့် ဂါဇာကမ်းမြောင်ဒေသမှ ပါလက်စတိုင်း ထောင်ပေါင်းများစွာသည် အကျဉ်းသားများနှင့် စည်းရုံးညီညွတ်မှု ရှိနေသောကြောင့် နေ့စဉ် ချီတက်အင်အားပြခဲ့ကြပြီး အချို့မှာ မိမိတို့ချစ်သော အကျဉ်းသားပုံများကို ကိုင်ဆွခဲ့ကြသည်။ ဂါဇာမြို့တော်တွင် သဘောတူညီမှုရရှိသည့် သတင်းကို စပီကာများဖြင့် ကြေညာခဲ့ရာ ပါလက်စတိုင်းများသည် ပျော်ရွှင်မြူးတူးခဲ့ကြပြီး ဘုရားသခင်ကို ချီးမွမ်းခဲ့ကြသည်။ “ဘုရားသခင်ဟာ ကြီးမြတ်ပါပေတယ်။ ဘုရားသခင်ကို ကျွန်ုပ်တို့ရဲ့ ကျေးဇူးတော် ပို့သလိုက်ပါတယ်”ဟု သူတို့က အော်ဟစ်ခဲ့ကြသည်။