၁ ဇွန် ၂၀၁၂ - ၁၉:၃၀

စလ်မားဖွါသွေမဲဟ်ရေးသားထားသည့်သောင်ဗါ (၀န်ချတောင်းပန်ခြင်း) အား msm site မှ တိုက်ရိုက် ချစ်ပရိတ် သတ်ကြီး အတွက် ကူးယူဖော်ပြ လိုက်ပါသည်။ အဗ်နာ သတင်းဌာန

        သောင်ဗါ(၀န်ချတောင်းပန်ခြင်း) ဆိုသည်မှာ - (၁) အသိ ၊ (၂) ခံစားချက် ၊ (၃) လုပ်ရပ်  ။  အဓိပ္ပါယ်မှာ - (၁) ပထမဦးဆုံး လူသားသည် သူ အမှားတစ်ခုကျူးလွန်သည်ကို သိရှိလာမည် ဖြစ်သည်။ (၂) ထိုအမှားအတွက် အလွန်ဝမ်း နည်းမှုကို ခံစားရမည်ဖြစ်သည်။ (၃)တတိယ အခြေအနေမှာ တောင်းပန်ရမည်ဟူသော အသိစိတ် ဖြစ်ပေါ်လာမည် ဖြစ်သည်။ ထိုသို့သော ၀န်ချတောင်းပန်မှုကို သောင်ဗါဟု ခေါ်ဆိုပေသည်။          တဖန် အဓိပ္ပါယ်ဖွင့်ဆိုထားသည်မှာ - လူသားသည် အပြစ်(ဂိုနာဟ်)ကျူးလွန်မည်၊ ထို့နောက် နောင်တရရှိမည်။ ထိုအခြေအနေတွင် အလ္လာဟ်အရှင်မြတ်ထံ၌ ခွင့်လွှတ်ရန် တောင်းပန်မည်။ ထိုသို့သော တောင်းပန်မှုများကိုလည်း အလ္လာဟ်အရှင်မြတ်သည် ခွင့်လွှတ်မှာ ဖြစ်ပြီး ၊ အခေါက်ပေါင်းများစွာ ဖြစ်နေပါစေ အလ္လာဟ်အရှင်မြတ်သည် ထပ်မံ ခွင့်လွှတ်မည်ဖြစ်သည်။ (ဆိုလိုသည်မှာ မေ့မှား ကျူးလွန်ခြင်းမျိုးကို ဖြစ်သည်။ သို့သော် အဖန်တလဲလဲ ကျူးလွန် ရန် မြှောက်ပင့်ပေးခြင်းမျိုး မဟုတ်ချေ) ။          မည်သူမဆို မည်သည့်အပြစ်(ဂိုနာဟ်) ကိုမှ သေးငယ်သည်ဟု မထင်မှတ်ရပေ။ ထို့အတူ မည်သည့်အပြစ် ကိုမှ လည်း အလ္လာဟ်အရှင်မြတ် ခွင့်လွှတ်မည်မဟုတ် ဟု မျှော်လင့်ချက် မမဲ့ရပေ။ အဘယ်ကြောင့်ဆိုသော် အလ္လာဟ် အ ရှင်မြတ်၏ သောင်ဗါတံခါးဝ သည် အစဉ်အမြဲ ပွင့်နေသောကြောင့် ဖြစ်သည်။ မည်သူမဆို မည်သည့်အ ခါမျှ သောင်ဗါ ကို လေးလံခက်ခဲသောအရာ ဟု မထင်မှတ်ရပေ။ အကယ်၍လူသားသည် အလ္လာဟ်အရှင်မြတ်၏ အိမ်တော်တံခါးဝ ၌ သောင်ဗါဝန်ချတောင်းပန်မှုဘက်သို့ ခြေလှမ်းတစ်လှမ်း စတင်မည်ဆိုလျှင် လွန်စွာ သနားကြင်နာတော်မူသော အလ္လာဟ်အရှင်မြတ်ဘက်မှ ခွင့်လွှတ်ပလပ်ခြင်းတည်း ဟူသော ခြေလှမ်းပေါင်းများစွာသည် လူသားဘက် သို့ ရောက် ရှိလာလိမ့်မည် ဖြစ်သည်။ စူရာဟ် သောင်ဗါ ၊ အာယသ်တော် ၁၀၅ တွင် ဖော်ပြထားသည်မှာ -          အလ္လာဟ်အရှင်မြတ်သည် မိမိ၏ကျေးကျွန်များကို သူတို့၏ မကောင်းသောလုပ်ရပ် များကြောင့် စားနပ်ရိ က္ခာ များနှင့် ကောင်းချီးမင်္ဂလာအဖြာဖြာတို့ကို ရုတ်သိမ်းလိုက်သည်။ ထိုသို့ ရုတ်သိမ်းလိုက်သော အချိန်တွင် ထိုသူသည် အဘယ်ကြောင့်ဒီလိုဖြစ်ရပါသနည်း ဟုတွေးတောပေလိမ့်မည်။ ထို့နောက် မိမိ၏အပြစ်(ဂိုနာဟ်) များကြောင့်သာ ဒီလို ဖြစ်ရကြောင်း သိရှိလာပြီး အလ္လာဟ်အရှင်မြတ်ထံ၌ ၀န်ချတောင်းပန်လာမည်ဖြစ်သည်။          ထို့ကြောင့်လည်း အလ္လာဟ်အရှင်မြတ်သည် ထိုသို့သောအပြစ်များကို ပေး၍ အသိတရားဝင်လာရန် ပြုလုပ်ခြင်း ပင်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အလ္လာဟ်အရှင်မြတ် သည် ခွင့်လွှတ်သနားကြင်နာတော်မူသော အရှင် ဖြစ်တော် မူသည်။