အစ္စလာမ် သာသနာသည် မိမိ ဆွေမျိုးသားချင်းများနှင့် ပေါင်းသင်းဆက်ဆံခြင်း၊ ၄င်းတို့ကို ကူညီ ထောက်ပံ့ခြင်း၊ ချစ် ခင်ခြင်းတို့ဖြင့် ပတ်သက်၍ အလွန်အရေးပေးထားလေသည်။ ထို့ပြင် ဆွေးမျိုး သားချင်းများနှင့် အဆက်အ သွယ် ဖြတ်တောက်ခြင်း ကို မပြုလုပ်ရန် ပြင်းထန်စွာ တားမြစ်ထားလေ သည်။ဆွေမျိုးသားချင်းများ နှင့် ပေါင်းသင်း ဆက် ဆံ အဆက်အသွယ် ပြုလုပ်ခြင်းမှာ အလွန်အရေးပါလေသည်။
၎င်းနှင့် ပတ်သက်၍ တမန်တော်မြတ်(ဆွ) မိန့်ကြားထားသည်မှာ။ ။ ဆွေမျိုးသားချင်းများ နှင့် ပေါင်းသင်းဆက်ဆံခြင်း၊ အဆက်အသွယ်ပြုလုပ်ခြင်းသည် မြို့ရွာများကို စည် ကားသိုက် မြိုက်အောင် ပြလုပ်ပေးသည်၊ အသက်ရှည်လျားစေ သည်၊ အေမာမ် ဆွာဒိက်(အ.စ)၏ မိန့်ကြားမှုများမှာ။ ။ ဆွေမျိုးသားချင်းများနှင့် အဆက်အသွယ်ပြုလုပ် ခြင်း ကို ရေတခွက်နှင့် ပင် ဖြစ်ပါစေ၊ ခိုင်ခံ့အောင် ပြုလုပ်ကြပါ။ ၄င်းတို့ကို ပေးဆပ်ခြင်းအ တွက် အကောင်းဆုံးနည်းလမ်းမှာ (အနည်းဆုံး) အသင့်ထံမှ ၄င်းတို့အတွက် ဒုက္ခဖြစ်စေခြင်း၊ အနှောက်အယှက်ဖြစ်စေခြင်းများ မဖြစ်ပါစေနှင့်။ ထိုဆက်ဆံခြင်း ကို ဖြတ်တောက်ခြင်း ၏အပြစ်နှင့် ဆိုးဝါးခြင်းများမှာ မည်မျှပင်များပြားလှသည် ဆိုလျှင် အေမာမ်စဂ်ျဂျာ့ဒ်(အ.စ)သည် မိမိ၏ သားတော်အား ဖျောင်းဖျတရားချသည်မှာ အုပ်စုငါးစု နှင့် ပေါင်းသင်းဆက်ဆံခြင်းမှ ရှောင်ကျဉ်လော့။ ၄င်းတို့မှ အုပ်စုတစုမှာ ဆွေးမျိုးသားချင်း များနှင့် ဆက်ဆံခြင်းမှ ရှောင်ကျဉ်သူဖြစ်၏။
မိန့်တော်မူထားသည်မှာ၊ ဆွေမျိုးသားချင်းများနှင့် ဆက်ဆံခြင်းမှ ရှောင်ကျဉ်သူဖြင့် ပေါင်းသင်းခြင်း မပြုကြနှင့်၊ ထိုသူ အား ကျမ်းတော်မြတ်ကုရ်အာန် တွင် အလ္လာဟ်အသျှင်မြတ်၏ ကရုဏာတော်မှ ကင်းဝေးသူ (မဲလ်အူန်) အဖြစ် ဖော်ပြ ထားလေသည်။
ဆူရာ မိုဟမ္မဒ် အာယသ် (၂၂) တွင်မိန့်တော်မူထားသည်မှာ။ ။ အသင်တို့သည် မြေပြင်၌ ပြသနာ ပြု လုပ်သူ များ၊ ဆွေ မျိုး သားချင်းများနှင့် ပေါင်းသင်းဆက်ဆံခြင်းကို ဖြတ်တောက်သူများဖြစ် သည့်အတွက် အလ္လာဟိုအသျှင်မြတ် ၏ လာ့အ် နသ်တော် (ကရုဏာတော်မှ ကင်းဝေးခြင်း)သည် အသင်တို့အပေါ်တွင် ဖုံးလွှမ်းနေလေ သည်။ (၄၇:၂၂)
အတိုချုံးအနေဖြင့် ပြောကြားရလျှင်၊ ကုရ်အာန်တွင် ဆွေမျိုးသားချင်းများဖြင့် ဆက်ဆံခြင်းကိုဖြတ် တောက်သူများနှင့် ပတ်သက်၍ ပြင်းထန်သော အသုံးအနှုံးများ တည်ရှိလေသည်။ ထို့ပြင် ရေ ဝါယသ်များတွင်လည်း ထိုသို့လုပ်ဆောင်ခြင်း ကို ကြိမ်းမောင်း ပြောဆိုထားလေသည်။တမန်တော်မြတ်(ဆွ)ထံမှ အလ္လာဟ်အသျှင်မြတ်၏ရှေ့မှောက်တွင် အပြစ် အရှိ ဆုံး အလုပ်နှင့် ပတ်သက်၍ မေးမြန်းကြရာ၊ အလ္လာဟ်အသျှင်မြတ်ကို အရာတခုဖြင့် နှိုင်းယှဉ်ကိုးကွယ်ခြင်း ဟု ဖြေကြားတော် မူလေ သည်။ ထိုအရာပြီးနောက် မည်သည့်အ ရာ ဖြစ်သနည်း ဟု မေးမြန်းကြရာ ဆွေမျိုး သားချင်း များနှင့် ဆက်ဆံခြင်းကို ဖြတ်တောက်ခြင်းဟု ဖြေကြားတော်မူလေသည်။
ဒါကြောင့်မို့ မိမိကိုယ်ကိုမိမိ(စာဖတ်သူတို့) ပြန်မေးကြည့်ပါ။ ဆွေမျိုးသားချင်းတွေ အပေါ်မတရား သဖြင့်ဖြတ်တောက်ခြင်း ရှိခဲ့ပါသလား။ အလ္လာဟ်အသျှင်မြတ်၏ ကရုဏာတော်မှ ကင်းဝေးသူ (မဲလ်အူန်) ဟုတ်မဟုတ် ယခုကတည်း က နှိုင်းချင့် ဆင်ခြင်အပ်ကြပေသည်။