၁၀ ဇွန် ၂၀၁၂ - ၁၉:၃၀

အရှေ့တောင်အာရှ ဆိုင်ရာ ကျမ်းတော်မြတ် ကုရ်အာန် ပြိုင်ပွဲ ကျင်းပမည် ၊အင်ဒိုနီးရှား ယခုနှစ်ဇူလိုင်လ ၃ ရက်မှ ၈ ရက်နေ့ အထိ အင်ဒိုနီးရှား နိုင်ငံ အနောက်ကာလီမန်သန်ပြည်နယ် ၊ ဗူသေယာနာက် မြို့တော် တွင် အရှေ့တောင်အာရှ ဆိုင်ရာ ကျမ်းတော်မြတ် ကုရ်အာန် ပြိုင်ပွဲ ကျင်းပမည် ဖြစ်ပါသည်။

အဗ်နာသတင်းဌာနအနေဖြင့်အီးက်နာသတင်းဌာမှတဆင့်အောက်ပါအတိုင်းပြောပြလိုက်ပါသည်။indonesia-oslo.no အင်ဒိုနီးရှားသံရုံးဆိုင်ရာ အင်တာနက် သတင်းဌာနမှတဆင့် ဆိုင်ရာ အီးက်နာအပြည်ပြည်ဆိုင်ရာကျမ်းတော်မြတ် ကုရ်အာန် သတင်းဌာန - အီရန် - မှ တင်ပြသည်မှာ -  ဤကျမ်းတော်မြတ်ကုရ်အာန်ပြိုင်ပွဲသည် အနောက်ကာလီမန်သန်ပြည်နယ်ဗိုလ်မှူး၏ကြီးမှူး  မှုဖြင့် ကျင်းပမည် ဖြစ်ပါသည်။  မိုဟမ္မဒ်ဟမ်ဒ်ဒီ ၊ အနောက်ကာလီမန်သန်ပြည်နယ်၏မဂ်ျမယေအိုလမာ ဥက္ကဋ္ဌ ၊ အနေဖြင့် ဤ ပြိုင်ပွဲ နှင့်ပတ်သက်ပြီးထုတ်ပြန်ကြေငြာပြောဆိုသည်မှာ -  ဤကျမ်းတော်မြတ်ကုရ်အာန်ပြိုင်ပွဲကျင်းကဖို့ အဆင်သင့်ဖြစ်နေပြီးဖြစ်ကြောင်း ၊ ပြိုင်ပွဲ၏ အဓိက ပြိုင်မည့်ဘာသာရပ်မှာ ကေရာအသ် ဖြစ်ပြီး ၊ အရှေ့တောင်အာရှနိုင်ငံများ ပါဝင်ရန်  အဆင့်ဖြစ်ပြီး ၊ မဂ်ျမယေအိုလမာမှ တာဝန်ယူဆောင်ရွက်မည် ဖြစ်ပါသည်။  ၎င်းအနေဖြင့်ဆက်လက်ပြီးပြောကြားသည်မှာ -  ဤပြိုင်ပွဲတွင်မြောက်များစွာ သော ဝင်ရောက်ယှဉ်ပြိုင် ကြမည့် နိုင်ငံများမှာ အရှေ့ တောင်အာရှ နိုင်ငံများ ဖြစ်သည့် အင်ဒိုနီးယား ၊မလေးရှား ၊ ဘရူးနိုင်း၊ စင်ကာပူ ၊ ထိုင်း၊ ဖိလစ်ပိုင် ၊ကမ္ဘာဒီးယား၊လော ၊မြန်မာ ၊ဗီယက်နမ် တို့ဖြစ်ကြပါသည်။