အဗ်နာသတင်းဌာန အနေဖြင့် ငြိမ်းချမ်းရေးကို အခြေခံသည်အတွက်ကြောင့် mmsyမှတဆင့် သတင်းအား အောက်ပါအတိုင်းဖော်ပြထားပါသည်။ ၁၅.၆.၂၀၁၂ ခုနှစ် (သောကြာနေ့) နံနက် (၈း၀၀)နာရီတိတိတွင် ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ (င/က) ရပ်ကွက်၊ ဇာဝေယာလမ်းရှိ ဓမ္မ၀ိဟာရ ကျောင်းတိုက်တွင် ကျောင်းထိုင်ဆရာတော်နှင့် ဟာဂျီ ဦးတင်ရွှေ (ပိုလို)တို့မှ ညှိနှိုင်းတိုင်ပင်ပြီး သင်္ဃန်းကျွန်းမြို့နယ်ရှိ မြို့နယ်အုပ်ချုပ်မှူး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဗလီဝတ်ကျောင်းတော် (၉)လုံးမှ ဂေါပက လူကြီးများနှင့် ဗလီဆရာများ၊ ရပ်မိရပ်ဖများကို ကျောင်းတိုက်သို့ ဖိတ်ကြား ပြီး ကျောင်းထိုင်ဆရာတော်၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဟာဂျီဦးတင်ရွှေ(ပိုလို)၊ ဦးသိန်းဝင်းတို့မှ “ဗုဒ္ဓဘာသာဝင်များနှင့် အစ္စလာမ်ဘာသာဝင်တို့သည် ယခင်ကကဲ့သို့ ညီရင်းအစ်ကို မောင်နှမသဖွယ် ချစ်ချစ်ခင်ခင် စည်းစည်း လုံးလုံး နေထိုင်ကြပြီး အခက်အခဲတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက တာဝန်ရှိသူအဆင့်ဆင့်သို့ အကြောင်းကြားပြီး အေးအေးချမ်းချမ်း စည်းလုံးညီညွတ်စွာ ဖြေရှင်းသွားကြရန်” အသီးသီးမိန့်ခွန်းပြောကြားပြီး ၎င်းတွေ့ဆုံဆွေးနွေးပွဲသို့ လူ(၁၀၀)ဦးခန့် တက်ရောက်ပါသည်။
၁၅ ဇွန် ၂၀၁၂ - ၁၉:၃၀
News ID: 322709
“ကျောင်းထိုင်ဆရာတော်၊ ဗုဒ္ဓဘာသာဝင်များနှင့် အစ္စလာမ် ဘာသာဝင် များ တွေ့ဆုံပွဲ “ အဗ်နာသတင်းဌာနအနေဖြင့်ငြိမ်းချမ်းရေးကိုအခြေခံသည်အတွက်ကြောင့်mmsyမှတဆင့်သတင်းအား အောက်ပါအတိုင်း ဖော်ပြထားပါသည်။