အဟ်လေ့ဘိုက်(အ.စ) သတင်းဌာန - အဗ်နာ မှတင်ပြသည်ကား - မွန်မြတ်လှသည်ရဂျဗ်လအကုန်၊ရှအ်ဗန်လအကူးအချိန်အခါတွင် အဟ်လေ့ဘိုက်(အ.စ) သတင်းဌာန - အဗ်နာ၊ မြန်မာဘာသာအားယနေ့ ဗုဒ္ဓဟူးနေ့ ဇွန်လ ၂၀ ရက်နေ့တွင်တရားဝင် စတင်လိုက်ပါသည်။ ဤဖွင့်ပွဲအား ဒေသစံတော်ချိန် မွန်းလွဲ ၁း၃၀နာရီတွင် ၊ဤ သတင်းဌာနတည်ရှိသည်နေရာတွင် ကျင်းပခဲ့ခြင်းဖြစ်ပါသည်။ မဂ်ျမယေဂျဟာနီ အဟ်လေ့ဘိုက် (အ.စ) ၏ စာပေနှင့်ယဉ်ကျေးမှုဆိုင်ရာဥက္ကဋ္ဌနှင့်ဟဇရတ်အာယာသွလ်လ္လာဟ်ဟိုစိုင်း(န)နီ ဗူရှဟ်ရီတို့တက်ရောက်နေရာယူခဲ့ပါသည်။ ဤအခမ်းအနားတွင် ပထမဆုံး ကျမ်းတော်မြတ် ကုရ်အာန် အားသေလာဝသ်ပြုပြီးနောက် ၊ မဂ်ျမယေဂျဟာနီအဟ်လေ့ဘိုက်(အ.စ)၏စာပေနှင့်ယဉ်ကျေးမှုဆိုင်ရာဥက္ကဋ္ဌဟွဂ်ျဂျသွလ်အစ္စလာမ်ဒေါက်တာ နဂျဖ် လက်(က)ဇယီမှ တရားဟောကြားခဲ့ပါသည်။ ပြီးနောက် အဟ်လေ့ဘိုက်(အ.စ) သတင်းဌာန - အဗ်နာ ၏တာဝန်ခံဟွဂ်ျဂျသွလ်အစ္စလာမ် ဆရက်အာရေဖ် ဟိုစိုင်း(န)နီမှလည်း မိမိသတင်းဌာန၏အောင်မြင်မှုများကို တင်ပြ အစီရင်ခံခဲ့ ပါသည်။ ဆက်လက်ပြီး ဟဇရတ်အာယာသွလ်လ္လာဟ်ဟိုစိုင်း(န)နီဗူရှဟ်ရီမှအလ္လာဟ်ဟိုအရှင်မြတ်၏နာမတော်ဖြင့် အစပြုပြီး အဟ်လေ့ဘိုက်(အ.စ) သတင်းဌာန - အဗ်နာ၊ မြန်မာဘာသာအားအောင်မြင်စွာဖြင့် တရားဝင် ဖွင့်လှစ်ပေးခဲ့ပါသည်။ အဟ်လေ့ဘိုက်(အ.စ) သတင်းဌာန - အဗ်နာ တွင် မြန်မာဘာသာ ရပ်သည် ၁၈ ခုမြောက် ဖြစ်ပြီး ၊အမိမြန်မာပြည်ရှိ သိန်းနှင့်ချီသည် မြန်မာမွတ်စလင်များ ၊အထူးသဖြင့် မြန်မာရှီအာများ အကျိုးအမြတ် ရယူနိုင်ကြမည်ဖြစ်ပေသည်။ အင်ရှာအလ္လာဟ် ပြီးနောက် မဂ်ျမယေဂျဟာနီအဟ်လေ့ဘိုက်(အ.စ) ၏ အီရန်သက္ကရာဇ် ၁၃၉၀ ထုတ်စာအုပ်သစ်များကိုအာယာသွလ်နှင့်တစ်ကွတက်ရောက်သူများကို ပြသခဲ့ပါသည်။ မှတ်သားစရာအချက်မှာအီရန်သက္ကရာဇ်၁၃၈၆ခုနှစ်တွင်မဂ်ျမယေဂျဟာနီအဟ်လေ့ဘိုက် (အ.စ) တီဟီရန် ၏ အပြည်ပြည်ဆိုင်ရာ စတုတ္တအကြိမ်ညီလာခံတွင် ၊ အဗ်နာအား ဖွာရစီ ၊အရဘီ ၊ အင်္ဂလိပ် ၊အူရ်သူဘာသာလေးရပ်ဖြင့် စတင်ခဲ့ရ ၊ယခုဆို (၅) နှစ်တာကာလအတွင်း ၁၈ ဘာသာရပ်အထိ တိုးတက်အောင်မြင်ခဲ့ချေပြီး။
၂၀ ဇွန် ၂၀၁၂ - ၁၉:၃၀
News ID: 323689
ယနေ့ အဟ်လေ့ဘိုက်(အ.စ) သတင်းဌာန - အဗ်နာ၊ မြန်မာဘာသာအား တရားဝင်ဖွင့်လှစ် မွန်မြတ်လှသည့်ရဂျဗ်လမြတ်၏မင်္ဂလာရှိသည်ရက်များ၊အချိန်အခါ၌ယနေ့ ဇွန်လ ၂၀ ရက်မွန်းလွဲပိုင်းတွင် အဟ်လေ့ဘိုက်(အ.စ) သတင်းဌာန - အဗ်နာ၊ မြန်မာဘာသာအားဟဇရတ်အာယာသွလ်လ္လာဟ်ဟိုစိုင်း(န)နီ ဗူရှဟ်ရီ(အေမာမ်ဂျိုမေကွမ်း)(ဂျာမေအ်မိုတရစင်း(န)အဖွဲ့ဝင်)မှအလ္လာဟ်ဟိုအရှင်မြတ်၏နာမတော်ဖြင့် အစပြုပြီှး တရားဝင်ဖွင့်လှစ်ပေးခဲ့ပါသည်။