အဟ်လေ့ဘိုက်(အ.စ) သတင်းဌာန- အဗ်နာ မှ အလ်ဝဖာက် သတင်းဌာနမှတဆင့် တင်ပြသည်ကား- လက်ရှိမင်းဆိုးမင်းညစ်အာလေခလီဖာ၏လုံခြုံရေးတပ်ဖွဲ့မှမိမိတို့အစိုးရ၏မတရားမှု၊ကျောသား ရင်သားကွဲခြားမှုများအတွက်တော်လှန်နေသည်ဘဟ်ရိန်းပြည်သူများကိုဖိနှိမ်၊နှိင်နင်းလျက်ရှိ ရာ(၂၁)နှစ်သမီးဘဟ်ရိန်းနိုင်ငံသူလေးအဖမ်းခံခဲ့ရလေသည်။ ဤကလေးမလေးအားပြီးခဲ့သည့်သောကြာနေ့ဆန္ဒပြပွဲတွင်ဖမ်းဆီးချုပ်နှောင်ခဲ့ခြင်းဖြစ်ပြီး
၊ယခုအချိန်ထိ မလွတ်ပေးသေးကြောင်း သိရပါသည်။ လက်ရှိမင်းဆိုးမင်းညစ်အာလေခလီဖာ၏လုံခြုံရေးတပ်ဖွဲ့များမှ ဇဲဟ်ရာစလ်မန် အလ်ရှိက်ခ် အလီ ၊ဘဟ်ရိန်းတက္ကသိုလ်ကျောင်းသူ၊ကရ်ဗာဗါဒ်၊ဒေသတွင် ဆန္ဒပြနေသည်အချိန်တွင် ဖမ်းဆီးချုပ်နှောင်ခဲ့ပြီး ၊တရားရုံးမှ ထောင်ဒဏ် ၁ ပတ် အထိချမှတ်ခဲ့လေသည်။
ဤအချိန်အခါသည် ဇဲဟ်ရာစလ်မန် အလ်ရှိက်ခ် အလီအနေဖြင့် စာမေးပွဲဖြေရမည်အချိန်အခါ ဖြစ်ရာ ၊အမြန်လွတ်ဖို့ အရေးကြီးပေသည်။
ကလေးမလေး၏ မိသားစုဝင်များမှ အလ်ဝဖာက် သတင်းဌာနမှတဆင့်ကြေငြာသည်မှာ - (၂၁)နှစ်သမီးဘဟ်ရိန်းနိုင်ငံသူလေးအား မကောင်းသည်ဆက်ဆံမှုများဖြင့်ဆက်ဆံခဲ့ကြောင်း၊ ဇဲဟ်ရာစလ်မန်အား စာရိတ္တ ဖောက်ပြန်မှုပုဒ်မဖြင့် အခန်းကျဉ်းလေးတွင် ချုပ်နှောင်ထား ကြောင်းပြောကြားခဲ့ပါသည်။



