အဟ်လေ့ဘိုက်(အ.စ)သတင်းဌာန ၊အဗ်နာ ။ ။ မလေးရှားနိုင်ငံ၏(၅၄)ကြိမ်မြောက်နိုင်ငံတကာကျမ်းတော်မြတ်ကုရ်အာန်ပြိုင်ပွဲပိတ်ပွဲအား ယနေ့ဇူလိုင်လ၁၃ရက်နေ့ဒေသစံတော်ချိန်ည၁၀နာရီတွင်ကွာလာလန်ပူမြို့ရှိ(မရ်ကဇ်သေဂျာရသ် ဂျဟာနီပူသူရာ)ဟောတွင်ကျင်းပမည်ဖြစ်ပါသည်။ ဤပိတ်ပွဲတွင်မလေးရှားဘုရင်အနေဖြင့်လည်းတက်ရောက်မည်ဖြစ်ပါသည်။ ဤပြိုင်ပွဲတွင်အမျိုးသား၊အမျိုးသမီးကာရီ အပါး၆၀ နိုင်ငံပေါင်း ၄၂နိုင်ငံမှတက်ရောက်ယှဉ်ပြိုင်ခဲ့ ကြပါသည်။ ဤပြိုင်ပွဲသည်ကျမ်းတော်မြတ်ကုရ်အာန်ဆိုင်ကမ္ဘာအဟောင်းတကာအဟောင်းဆုံးစာရင်းဝင်ပြိုင်ပွဲ ဖြစ်ပြီး မလေးရှားနိုင်ငံအစ္စလာမ်တိုးတက်ဖွံ့ဖြိုးရေးအဖွဲ့၏ကြီးကြပ်မှုဖြင့်ကျင်းပခြင်းဖြစ်ပါသည်။ ပြည်ထောင်စုအစ္စလာမ်မစ်အီရန်နိုင်ငံမှ အမီး(န)ဖူရာသည် ကေရာအသ်တွင်ဒုတိယဆုဆွတ်ခူး နိုင်ခဲ့ပြီး၊အဟ်မဒ်အဘူကာစင်မ်အပြည်ပြည်ဆိုင်ရာကရီထူးချွန်ဆုကိုဆွတ်ခူးခဲ့ပြီး၊အမီး(န)ဖူရာ၏ ဆရာအဖြင့်လမ်းညွှန့်ပေးခဲ့ကြောင်းသိရပါသည်။ *****************************************************************
၁၂ ဇူလိုင် ၂၀၁၂ - ၁၉:၃၀
News ID: 328918
မလေးရှားနိုင်ငံ၏(၅၄)ကြိမ်မြောက်နိုင်ငံတကာကျမ်းတော်မြတ်ကုရ် အာန်ပြိုင်ပွဲပိတ်ပွဲအားယနေ့ညကွာလာလန်ပူမြို့ရှိ(မရ်ကဇ်သေဂျာရသ်ဂျဟာနီ ပူသူရာ)ဟောတွင်ကျင်းပမည်ဖြစ်ပါသည်။