အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန ၊ အဗ်နာ ။ ။ အကြိမ် (၂၀)မြောက် နိုင်ငံတကာ ကုရ်အာန် ပြပွဲရှိ အီးက်နာ အပြည်ပြည် ဆိုင်ရာ ကျမ်းတော်မြတ် ကုရ်အာန် သတင်း ဌာနအီရန်မှ တင်ပြသည်ကား - ကျမ်းတော်မြတ် ကုရ်အာန် တစ်အုပ်လုံး၏ ဘာသာပြန် နှင့် သရ်ကီးဗ် အား ဒါရွလ်အေလ်မ် ပုံနှိပ်တိုက်မှ ပုံနှိပ်ထုတ်ဝေ ဖြန့်ချိ ခဲ့ကြောင်း သိခဲ့ရ ပါသည်။ ဤ( အဲအ်ရဗ် ဗေ ကုရ်အာန်နေလ် ကရီးမ် ) စာအုပ် သည် အတွဲ ၅ တွဲ ဖြစ်ပြီး မိုဟမ္မဒ်ရေဇာ ရေဇ်ဝါနီ ခိုရာဆန်နီ မှရေးသားပြုဆိုခဲ့ ခြင်း ဖြစ်ပါသည်။ အာရဘီ သဒ္ဒါ အထားအသို ကျွမ်းကျင်မှသာ သာသာပြန် မှန်ကန် မည် ဖြစ်ပြီး အကျိုး ရှိမည် ဖြစ်ပါသည်။ ယနေ့အချိန်တွင် ကုရ်အာန်ဘာသာပြန် မှန်မှန်ကန်ကန် နှင့်ဆိုလိုချက် မှန်ကန် ရန်အတွက် အာရဘီ သဒ္ဒါ အထားအသို ပညာဖြင့် ကျမ်းတော်မြတ် ကုရ်အာန် စကားလုံးများ ကိုမှန်မှန် ကန်ကန် ခွဲခြားတတ် ဖို့ လိုအပ်ပေသည်။ ဤအတွက် အထူးအသေးစိတ် ဂရုပြုရန် လိုအပ် ပါသည်။ မှတ်သားစရာသည်ကား ဤ ကျမ်းစာအုပ်သည် အထက်ပါအချက်အလက်များနှင့် ညီပြီး၊ထူးခြားမှုများ ကြောင့် (ဟေလ်လီ ဖိတ်ခေါ် ပြိုင်ပွဲ ) တွင် ပထမဆု ဆွတ်ခူး ခဲ့ပေသည်။ အကြိမ် (၂၀)မြောက် နိုင်ငံတကာ ကုရ်အာန် ပြပွဲ သည် ဇူလိုင်လ ၁၆ ရက်မှ စပြီး သြဂုတ်လ ၁၄ ရက်နေ့ အထိ ပြသထားမည် ဖြစ်ပြီး နေ့စဉ်နေ့တိုင်း ညနေ ၅နာရီ ည ၁၂နာရီ အထိ သောကြာနေ့များတွင် နေ့လည် ၂ နာရီမှ ည ၁၂ နာရီ အထိ ပြသထား ကြောင်း သိရှိ ရပါသည်။ ...................................
၂၀ ဇူလိုင် ၂၀၁၂ - ၁၉:၃၀
News ID: 330487
အကြိမ် (၂၀)မြောက် နိုင်ငံတကာ ကုရ်အာန် ပြပွဲတွင် ပထမဆုံးအကြိမ် ( အဲအ်ရဗ် ဗေ ကုရ်အာန်နေလ် ကရီးမ် ) စာအုပ်အား ပြသခဲ့ပါသည်။