၂၉ ဇူလိုင် ၂၀၁၂ - ၁၉:၃၀

အင်ဒိုနီးရှား လေတပ်မတော် (ဟလီးမ် ပရ်ဒါနာ ကူဆူမာ ) ဂျာကာသာ အရှေ့ ပိုင်းအနေဖြင့် ရမ်ဇန် လမြတ် အထူးအစီအစဉ်အဖြင့် လေတပ်သား မွတ်စလင်များ အတွက် ကျင်းပ ပေး ခဲ့ပါသည်။

အဟ်လေ့ဘိုက်(အ.စ) သတင်းဌာန ၊အဗ်နာ ။ ။ ဤ ဘာသာရေး အစီအစဉ်အား ဇူလိုင်လ ၂၆ ရက်နေ့ ကြာသပတေးနေ့ တွင် မွတ်စလင် လေတပ်သား  များ ကို  လေးစားသည့် အနေဖြင့် ကျင်းပခဲ့ပါသည်။  အင်ဒိုနီးရှား လေတပ်မတော် (ဟလီးမ် ပရ်ဒါနာ ကူဆူမာ )၏ ဗိုလ် အာဒါန်က် စူဗရ်ယာဒီ အနေဖြင့် ဖြူစင်သည့် စိတ်နေစိတ်ထား ၊ ကောင်းမြတ်သည့်စာရိတ္တ ၊အစ္စလာမ်မီ ဘာသာရေး သင်ကြားမှုများ ၏ အောင်မြင်မှု တို့အား လေတပ်သားများတွင် ဖြစ်ပေါ်လာစေ ရန် ရည်ရွယ်ချက် ဖြင့် ကျင်းပ ခဲ့ကြောင်း ပြော ကြားခဲ့ပါသည်။  ၎င်းအနေဖြင့် ဆက်လက်တိုက်တွန်းပြောကြားသည်ကား - ဘာသာရေး အစီအစဉ် ဥပမာ ဒိုအာ ဆုတောင်းပွဲ ၊ ကျမ်းတော်မြတ် ကုရ်အာန် ဖတ်ရွတ်ပွဲ ၊ ရမ်ဇန် လမြတ် ၏ တရားပွဲ တို့ ဖြင့် လေတပ်မတော်သား များနေ့စဉ် နေ့တိုင်း လုပ်ရှား မှု တွင် စိတ်ဓာတ်ကို မြင့်မြတ် ကောင်းမွန်အောင်ပြု နိုင်စွမ်း ရှိကြောင်းပြောကြား ခဲ့ပါသည်။ ဤဘာသာရေး အစီအစဉ်များ ဖြင့် လမြတ် ရမ်ဇန်၏ ဖုံးကွယ်နေသည့် ဟေက်မသ်များ ကို သိရှိမည် ဖြစ်ကြောင်း လည်း တိုက်တွန်း ပြောကြားခဲ့ပါသည်။  ###########################################################