အဟ်လေ့ဘိုက်(အ.စ) သတင်းဌာန ၊အဗ်နာ ။ ။ ( ကမ္ဘာနိုင်ငံ အသီးသီး မှ ကျမ်းတော်မြတ် ကုရ်အာန် အာဂုံဆောင် နည်းများ) အမည် ဖြင့် ပညာ ထိုင်ဝန်း အား ၊ဂျမေအာသွလ်မွစ်သဖွာ(ဆွ)အလ်အာလေမီးယေ နှင့် အီရန် စာပေ နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန တို့ မှ ပူးပေါင်းကျင်းပ ခဲ့ပါသည်။ ကျင်းပသည့်နေရာမှာ အကြိမ် (၂၀) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ကျမ်းတော်မြတ် ကုရ်အာန် ပြပွဲ တွင် ဖြစ်ပြီး ၊ ဇူလိုင်လ ၃၁ ရက်နေ့ မွန်းလွဲပိုင်း တွင် ကျင်းပခဲ့ပါသည်။ ဤပညာ ထိုင် ဝိုင်း တွင် ဟွဂ်ျဂျသွလ် အစ္စလာမ် ဝလ် မွတ်စလေမီ ဟဂ်ျအဗူ ကာစင်မ်(ကျမ်းတော်မြတ် ကုရ်အာန် အာဂုံဆောင် အမှတ်ပေး ဒိုင်)နှင့် ကျမ်းတော်မြတ် ကုရ်အာန် အုပ်လုံးကျွတ် ဟာဖေဇ်များ တက်ရောက်ခဲ့ကြပြီး ကျမ်းတော်မြတ် ကုရ်အာန် အာဂုံဆောင် နည်းများကိုဆွေးနွေးခဲ့ကြသည်။ ၊ဂျမေအာသွလ်မွစ်သဖွာ(ဆွ)အလ်အာလေမီးယေ ကျောင်းသား ဟာဖေဇ် ၆ ပါး မှ မိမိတို့၏ ကျမ်းတော်မြတ် ကုရ်အာန် အာဂုံဆောင် နည်းများ ကို တင်ပြခဲ့ကြပါသည်။ ပညာထိုင်ဝိုင်း အစ တွင် ဟိုစိုင်း အဆဒ်ဒီ ( ကုရ်အာန် နှင့် ဟဒီးစ် ဆိုင်ရာ ဥက္ကဋ္ဌ ၊ဂျမေအာသွလ်မွစ်သဖွာ(ဆွ) အလ်အာလေမီးယေ ) မှ သက်ဆိုင်ရာ အဖိုးတန် အချက်အလက်များ ကိုတင်ပြခဲ့ ပြီး ၊ဂျမေအာသွလ်မွစ်သဖွာ(ဆွ) အလ်အာလေမီးယေတွင် လက်ရှိ ဟာဖေဇ် အပါးပေါင်း ၇၀၀ ရှိ ကြောင်း တင်ပြခဲ့ပါသည်။ ပြီးနောက် ယသ်မီးရ်ဂျလာ အလ်ဗနီယား ၊နိုင်ငံသား ဟာဖေဇ် အနေဖြင့် အာရဘီဘာသာဖြင့် မိမိ အာဂုံဆောင်မှုနှင့်ပတ်သက်ပြီး တင်ပြခဲ့ပါသည်။ အမှန်တကယ် ၎င်း၏ အမိစကားသည် အာရဘီ မဟုတ်ချေ။ထိုပြင် ဖွာရစီဘာသာဖြင့်လည်း ပြောဆိုနိုင်ပေသည်။အာရဘီဘာသာစကားကို အသုံးပြုပြီး ကျမ်းတော်မြတ်ကုရ်အာန်ဆိုင်ရာ ပညာရပ်များ ၊အစ္စလာမ်မီ ပညာ များ ကို ဆည်းပူးရာတွင် အာရဘီဘာသာစကားလိုအပ်ကြောင်း ပြသ ခဲ့ပါသည်။ ၎င်းအနေဖြင့် မိမိအနေဖြင့်ကျမ်းတော်မြတ် ကုရ်အာန်ကို ပထမအစောင်၏ ပထမစာမျက်နှာ ၊ပြီးနောက် ဒုတိယ အစောင်၏ ပထမစာမျက်နှာ ၊ပြီးနောက် တတိယအစောင်၏ ပထမစာမျက်နှာ ထိုနည်း အတိုင်း အစောင် ၃၀ လုံး ပြီးနောက် ပထမအစောင်၏ ဒုတိယ စာမျက်နှာ ဒုတိယ အစောင်၏ ဒုတိယ စာမျက်နှာ ၊ပြီးနောက် တတိယအစောင်၏ တတိယ စာမျက်နှာ ထိုနည်း အတိုင်း အစောင် ၃၀ လုံး အား ကျက်မှတ်အာဂုံဆောင်ခဲ့ကြောင်း ပြောကြားခဲ့လေသည်။ အခြား နိုက်ဂျီးရီးယား ၊ ပါကစ္စတန် ၊ အိန္ဒိယ ၊ ဘင်္ဂလားဒေရှ့်၊သာဂျီကစ်စတန် နိုင်ငံတို့မှ ဟာဖေဇ်များလည်း မိမိတို့ ကိုယ်စီ အသီးသီး၏ ကျမ်းတော်မြတ် ကုရ်အာန် အာဂုံဆောင် နည်းများကို တင်ပြပြောပြခဲ့ကြပါသည်။ ******************************************************
တိုက် ၃ တိုက် ၏ ကျမ်းတော်မြတ် ကုရ်အာန် အာဂုံဆောင် နည်းများ ဆိုင်ရာ ဆွေးနွေးပွဲ ၊ဂျမေအာသွလ်မွစ်သဖွာ(ဆွ)အလ်အာလေမီးယေ
၃၁ ဇူလိုင် ၂၀၁၂ - ၁၉:၃၀
News ID: 333482
အလ်ဗနီယား ၊ နိုက်ဂျီးရီးယား ၊ ပါကစ္စတန် ၊ အိန္ဒိယ ၊ ဘင်္ဂလားဒေရှ့်၊သာဂျီကစ်စတန် နိုင်ငံတို့မှ ဟာဖေဇ်များ တက်ရောက်သည့် ၊ဂျမေအာသွလ်မွစ်သဖွာ(ဆွ)အလ်အာလေမီးယေ နှင့် အီရန် စာပေ နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန တို့ ပူးပေါင်းကျင်းပသည့် (ကုရ်အာန် နှင့် ပြည်တွင်း အစ္စလာမ်ယဉ်ကျေးမှု )အမည်ဖြင့် ကုရ်အာန် ပြပွဲ တွင် ဆွေးနွေး ပွဲ ကျင်းပခဲ့ပါသည်။