အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန ၊အဗ်နာ ။ ။
အဇါဒါရီ အစီအစဉ် အတွက် ပထမဆုံး ဟဒီးစ် ကေစာအား ဖတ်ရွတ်ခဲ့ ပါသည်။ ပြီးနောက် ဆက်လက်ပြီး
မရ်စီယာ ဖတ်ရွတ်သူများ အနေဖြင့် အေမာမ် ဟိုစိုင်း(န) (အ.စ) နှင့် ကိုယ်တော် ၏ ကိုယ်စားလှယ်တော် ဟဇရတ်မွတ်စလင် ဗင်အကီးလ် (အ.စ)အတွက်မရ်စီယာများဖတ်ရွတ် ခဲ့ကြပါသည်။
ပြီးနောက် ဇကီယေ နဂျဖ်ဖီ ပါကစ္စတန် နိုင်ငံ၏ အကျော်အမော် အာလင်မ် မှ အာရာဖာနေ့ ၏ ကြီးကျယ် မြင့် မြတ် မှု ၊ စာရိတ္တ ဆိုင်ရာ ကြီးကျယ် မြင့်မြတ်မှု ၊ ဟဇရတ် မွတ်စလင် ဗင် အကီးလ် (အ.စ) ၊ အေမာမ် ဟိုစိုင်း(န) (အ.စ) ၏ ကိုယ်စားလှယ် ဝမ်းနည်း ဖွယ်ရာ ကူဖွာ မြို့တော်၌ ရှဟာဒတ် ဖြစ်စဉ် ကို ဟောကြားခဲ့ပါသည်။
အောက်တိုဘာလ ၂၅ ရက်နေ့ ကြာသပတေးနေ့ ဒေသစံတော်ချိန် ၂နာရီတွင် ကျင်းပခဲ့ခြင်း ဖြစ်ပြီး အိုလမာ နှင့် မြို့သူ ၊မြို့သား အများအပြား တက်ရောက်ခဲ့ပါသည်။