အဟ်လေ့ဘိုက်(အ.စ) သတင်းဌာန ၊အဗ်နာ ။ ။ ပြီးခဲ့သည့် အပတ်က ရုရှားနိုင်ငံနှင့် ကာဇက်စတန်နိုင်ငံ နယ်စပ်နယ် နိမိတ် မျဉ်းအနီး ရုရှားနိုင်ငံအတွင်းရှိ စစ်ဘက် သိုလှောင်ရုံ တစ်ရုံ မီးလောင်ပေါက် ကွဲမှု ဖြစ်ပွားခဲ့ရာမှ ထွက်ပေါ်လာသော မီးခိုးငွေ့လုံးကြီးမှာ ဒုတိယ ကမ္ဘာစစ်အတွင်းက ပေါက်ကွဲသည့် အဏုမြူဗုံး မီးခိုးငွေ့၏ လေးပုံတစ်ပုံခန့် ရှိခဲ့သည်ဟု မျက်မြင်သက်သေများက ဆိုသည်။
ထိုသိုလှောင်ရုံအတွင်း ရုရှားစစ်ဘက်မှ ပစ္စည်းများဖြစ်သော လေ့ကျင့်ရေးဆိုင်ရာ ပေါက်ကွဲစေနိုင်သည့် ပစ္စည်းများနှင့် အခြားပေါက်ကွဲစေသည့် ယမ်းတစ်မျိုးဖြစ်သော ဖောက်ခွဲရေးပစ္စည်း တန် ၄,၀၀၀ ခန့် အပါအဝင် လေကြောင်းဆိုင်ရာ ဗုံးများ၊ ဒုံးကျည်များပါ သိုလှောင်ထားကြောင်း ပြည်နယ်သတင်းများက ဖော်ပြခဲ့သည်။ အဆိုပါ မီးလောင်ပေါက်ကွဲမှုမှာ မတော်တဆမှု တစ်ခုဖြစ်ပြီး မီးစတင်လောင်ကျွမ်းခြင်း၏ အကြောင်းရင်းမှာ ဆေးလိပ်တစ်လိပ်ကြောင့် ဖြစ်နိုင်ကြောင်း ရုရှား စစ်ဘက်စုံစမ်းရေး အရာရှိများက အခိုင်အမာ ပြောဆိုကြသည်။ ပေါက်ကွဲမှုကြောင့် အနီးရှိ အဆောက်အအုံများမှ ပြတင်းတံခါးများ၊ ကွဲကုန်ကြပြီး မီးလောင်ပေါက်ကွဲစဉ် သိုလှောင်ရုံအနီး တာဝန်ကျသူ စစ်ဘက်အရာရှိ တစ်ဦးကို ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရသည်။ ထိုကဲ့သို့ တန်ဖိုးရှိသည့် ပေါက်ကွဲအားပြင်းထန်သည့် ပစ္စည်းအား စည်းကမ်းမဲ့တစ်ယောက် စွန့်ပစ်သည့်ဆေးလိပ်ကြောင့် ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်ရသည်မှာ လွန်စွာ စိတ်ပျက်စရာပင် ဖြစ်ကြောင်း ရုရှား စစ်ဘက်ဆိုင်ရာ တရားရေးအရာရှိ ယက်ဗ်နီအိုင်ဘန်နော့က နိုင်ငံပိုင် အသံလွှင့်ဌာနသို့ ပြောကြားခဲ့သည်။
ထိုကဲ့သို့ ပေါက်ကွဲမှုကြောင့် နောက်ဆက်တွဲ ဖြစ်ပေါ်လာနိုင်သည့် ပေါက်ကွဲမှု အစအနများနှင့် အနီးအနားတွင် ကျန်ရှိနေသေး သည့် ပေါက်ကွဲနိုင် သည့် ပစ္စည်းများကြောင့် ၎င်းနေရာတစ်ဝိုက်တွင် လုပ်ကိုင်နေကြသည့်လူ အယောက် ၁၀၀ အား ဝေးရာသို့ ရှောင်ရှားစေခဲ့ပြီး ထိုအခြေစိုက် စခန်းအနီးမှ ဒေသခံမြို့လေးနှစ်မြို့အနီးရှိ လူပေါင်း တစ်သောင်းကျော်ခန့်ကို ဘေးလွတ်ရာသို့ သက်ဆိုင်ရာမှ ရွှေ့ပြောင်းပေးခဲ့သည်။ ယခုပေါက်ကွဲမှုအား ရာဇဝတ်မှုတစ်ခုအဖြစ် အမှုဖွင့်ပြီး စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူများက မတော်တဆမှု ကျူးလွန်သူ အပါအဝင် မီးလောင်ပေါက်ကွဲမှု တစ်ခုလုံးအကြောင်း အသေးစိတ် စုံစမ်းစစ်ဆေးလျက် ရှိသည်။