အဟ်လေ့ဘိုက်(အ.စ)သတင်းဌာန။အဗ်နာ နိုဝင်ဘာလ ၁၉ ရက်နေ့ မနက်အချိန်တွင် ဂဇေမြို့ အနောက်ဖက် ပိုင်း ရှိ မစ်ဂျစ်ဒ် တော် တလုံးးအား ကိုလိုနီ အစ္စရေးမှ ကျူးကျော်တိုက်ခိုက်ခဲ့ပြီးမစ်ဂျစ်ဒ် တော် ၏ အချို့ အချို့အစိတ်အပိုင်းများကိုမီးရှို့ဖျက်စီးခဲ့ပါ သည်။ဂဇေမြို့ တွင် ကိုလိုနီ အစ္စရေး ဆို့၏ လူမဆန်သည့် တိုက်ခိုက်မှု များနှင့်အတူ အချိန်ကို မတရား အကျိုး အမြတ်ထုတ်သည့် တယူးသန် ၊ အစွန်းရောက် ရဟူဒီလူမျိုးများ၏ အစ္စလာမ် သာသနာတော်၏ အထွတ် အမြတ်ထားသည့် နေရာများအား လည်း တိုက်ခိုက်ခဲ့လေသည်။မျက်မြင်သက်သေများ ၏ ထွက်ဆို ချက် အရ တယူသန် ၊ အစွန်းရောက် ရဟူဒီလူမျိုးများသည် နိုဝင်ဘာလ ၁၉ ရက်နေ့ တွင် အောင်ရေဇ် မစ်ဂျစ်ဒ် တော်အတွင်းဝင်ရောက်ရန်ကြိုးစားခဲ့ရာ ၊ မစ်ဂျစ်ဒ်တံခါးများကို ပိတ်လိုက်သဖြင့် ဝင်ရောက် စော်ကား၍ မရသဖြင့် မီးရှို့ဖျက်စီးမှု ကို ပြုလုပ်ခဲ့ကြကြောင်း ဆိုခဲ့လေသည်။အစွန်းရောက် ရဟူဒီလူမျိုးများသည်မစ်ဂျစ်ဒ် တံခါးအနီးရှိ ခင်းထားသည့် ကော်ဇော်အား ဓာတ်ဆီ များလောင်း၍ မီးရှို့ပြီး ပီး မစ်ဂျစ်ဒ် တော် အတွင်း အထိ မီးကူးရန် လူမဆန်သည့် ကြိုးပမ်း မှု များ ကို ကြိုးပမ်းခဲ့လေသည်။သို့သော်လည်း ပါလက်စတိုင်း မွတ်စလင် ပြည်သူများ အနေဖြင့် အချိန် မီးကို ငြိမ်း သတ်နိုင်ခဲ့ကြလေသည်။