အဟ်လေ့ဘိုက်(အ.စ)သတင်းဌာန။အဗ်နာဒေသတွင်း တာလီဘန်ခေါင်းဆောင်ကို သတ်ဖြတ်နိုင်ခဲ့ အာဖဂန်နစ္စတန် တောင်ပိုင်းHelmand ပြည်နယ် တွင် နေတိုး ညွန့်ပေါင်း တပ်ဖွဲ့ များနှင့် အာဖဂန်တပ် ဖွဲ့များ၏ ပူးတွဲစစ်ဆင်ရေး တစ်ရပ် ကြောင့် ဒေသတွင်း တာလီဘန်ခေါင်း ဆောင်တစ်ဦး သေဆုံးသွားကြောင်း နေတိုးညွန့်ပေါင်းတပ်ဖွဲ့က အင်္ဂါနေ့ တွင် အတည်ပြုခဲ့သည်။"Helmand ပြည်နယ်က စစ်ဆင်ရေးမှာ တာလီ ဘန်ခေါင်းဆောင်မီယာဂျန်လာလာကို သတ်ဖြတ်နိုင်ခဲ့ပါတယ်"ဟု နိုင်ငံတကာလုံခြုံရေး ကူညီထောက်ပံ့မှုတပ်ဖွဲ့ (ISAF)ပြောကြားခဲ့သည်။ အဆိုပါ တာလီဘန်ခေါင်းဆောင်သည် က ဘူးလ်မြို့ တောင်ပိုင်းပြည်နယ်တွင် အာဖဂန်နှင့် ညွန့်ပေါင်းတပ်ဖွဲ့များကို တိုက်ခိုက်ရန်အတွက် တာလီဘန်ထိပ်တန်းခေါင်းဆောင်ပိုင်းကို ထောက် လှမ်းရေး အကူအညီပေးခဲ့ရာ၌ တာဝန်ရှိသူတစ်ဦးဖြစ်သည်။၎င်းပြင် ISAFကင်းလှည့် အဖွဲ့တစ်ဖွဲ့က Zabul ပြည်နယ်တွင် ဝေဟင်နှင့် မြေ ပြင်ပူးတွဲကင်းလှည့်မှုတစ်ခု ပြုလုပ်စဉ်IEDဖောက်ခွဲရေးပစ္စည်းများနှင့် အတူ လက်လုပ်အမိုနီယမ်နိုက်ထရစ် ဖောက်ခွဲပစ္စည်း ၆၀ဝကီလိုဂရမ်ခန့် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။Ref:Xinhua