အခင်းဖြစ်ပွားရာ ဂလပ်စဂို မြို့လယ် ဗလီအခင်းဖြစ်ပွားရာ ဂလပ်စဂို မြို့လယ် ဗလီစက်တင်ဘာလ ၂၃ရက်နေ့က အသက် ၂၈ နှစ်အရွယ်ရှိ                                                                           ဖရေစာရေးသည် ဂလပ်စဂို မြို့လယ် ဗလီအတွင်းသို့ ဝင်ရောက်ပြီး                                            ဗလီအတွင်းရှိလူများအား ထွက်ပြေးခိုင်းခဲ့သည်ဟု အစိုးရ ရှေ့နေ                                                         (တရားလိုရှေ့နေ) များကပြောပါသည်။စကော့တလန် နိုင်ငံ ရန်ဖရူးရှိုင်းယားပြည်နယ် ဂျွန်စတုန်းမြို့သား ရေး သည် သူ့တွင် သေနတ်ပါကြောင်း အော်ဟစ်ပြီး၊ အနီးရှိလူများအား ပစ်ခတ်မည် ဖြစ်ကြောင်း ခြိမ်းခြောက်ခဲ့ကြောင်း ဖြစ်သည်။အချင်းဖြစ် နေရာ၌ သူ့အား ဖမ်းဆီး ရမိပြီးနောက် ကျောပိုးအိတ်ထဲ ရှာဖွေရာ                                                     ကပ်ကျေး၊ လက်အိတ်၊ ရုပ်ပြောင် မျက်နှာဖုံးစွပ် အပါအ၀င် ပစ္စည်းမျိုးစုံ                                                   ရှာဖွေတွေ့ရှိခဲ့သည်။ အခင်းဖြစ်ပွားစဉ် ၄င်းအနေဖြင့် လူမျိုးရေးခွဲခြားမှု နှင့် ခြိမ်းခြောက်မှု အကြောင်းအရာများ အော်ဟစ် နေခဲ့သေးသည်။ယနေ့ ဂလပ်စဂို စီရင်စု တရားရုံးတွင် ရေးအား သူ၏ စောစီးစွာ                                                    ဝန်ခံမှုကြောင့် ထောင်ဒဏ် ၂နှစ်နှင့် ၄လ ချမှတ်လိုက်ကြောင်း ဘုရင့်ရုံး (Crown Office) က ထုတ်ဖေါ်ပြောဆိုသည်။သူ့အနေဖြင့် သူ့ပေါ်စွဲဆိုသော အကြမ်းဖက်လိုသော အမူအရာနှင့် ခြိမ်းခြောက်မှု၊                     ဓါးကိုင်ဆောင်မှုတို့ကြောင့် အပြစ်ရှိကြောင်း ၀န်ခံသည်။ပြစ်ဒဏ် ချမှတ်ပြီးနောက် အနောက် စကော့တလန် အစိုးရရှေ့နေ ဂျွန်ဒွန်းက “လူတိုင်းတွင် အခြား လူတဦးတယောက်၏ အမှန်မစူးစမ်းဘဲ မလို မုန်းထားခြင်းကြောင့် အကြမ်းဖက်မှု၊ ဘေးအန္တရာယ်၊ ခြိမ်းခြောက်မှု (သို့) နှောက်ယှက်မည်ဟု စိုးရိမ်မကင်းမှု (သို့) နှုတ်ပိတ်မှု စသောအမှုများမှ လွတ်ကင်းစွာ နေထိုင်နိုင်သည့် အခွင့်အရေး ရှိသည်” ဟု ပြောပါသည်။“အသားအရောင်၊ ကိုးကွယ်သည့်ဘာသာအပေါ် အဓိကထား လုပ်ဆောင်မှုများကို လုံးဝ                     လက်ခံနိုင်စရာမရှိပါ။ ဒီ ဖရေစာရေး ရဲ့ ဝန်ခံမှုနဲ့ ပြစ်ဒဏ်ချမှတ်မှုတွေက ဘယ်လို               လူမျိုးရေးမုန်းတီးမှုမျိုးကိုမဆို တိုင်ကြားဖို့ ပြည်သူလူထုကို အားပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်။”“ဒီလို ပြစ်မှုတိုင်းကို ဂရုတစိုက် စုံစမ်းစစ်ဆေးပြီး ထိရောက်စွာ တရားစွဲဆို အရေးယူကြောင်း သူတို့တွေ ယုံကြည်မှုရှိရမယ်။”Strathclyde  ရဲတပ်ဖွဲ့မှ မှုခင်းစုံထောက် ဂျိုးမက်ကန်းစ်က “ဒီလူရဲ့လုပ်ရပ်က လူအများကို အထိတ်တလန့်ဖြစ် ကြောက်ရွံ့စေတယ်။”“ကျွန်တော်တို့ ဒီလိုမျိုး လူနည်းစု အဖွဲ့အစည်းတွေကို အဓိကထားပြီး ကျူးလွန်တဲ့                ဘယ်အပြုအမူကိုမှ ခွင့်ပြုမှာ မဟုတ်သလို ဘယ်လောက်ပဲ သေးငယ်တဲ့ ပြစ်မှု ဖြစ်ပါစေ                                   ထိထိရောက်ရောက်နဲ့ မဆိုင်းမတွ ဆောင်ရွက်ပါမယ်။”“ဘယ်သူမျှ ပြစ်မှု ပုံစံမျိုးစုံရဲ့ ဓါးစာခံ မဖြစ်စေရဘူး။ ဒီလို အမှုမျိုးတွေဟာ အမြန်ဆုံး                       ကိုင်တွယ်ဖြေရှင်းရမယ်။” ဟုပြောပါသည်။ကိုးကား၊ http://www.dailyrecord.co.uk