ရှီအာတွေက အလီ(ရ) နဲ့ မှားယွင်းပြီး တမန်တော်မိုဟ္မဒ်(ဆွ)အားနဗူးဝသ်ပေးခြင်းဟုယုံကြည်လက်ခံသူများဖြစ်ကြောင်း နင့် တမန်တော်မြတ်ထက် အလီသခင်ကိုသာ အမြတ်တနိုးဖြစ်ပြီး ကျန်ဆွဟာဗာ နှင့် ခလီဖရချေဒိန် ကိုလည်းမကောင်းပြောကြောင်းကြားသိရပါသည်။ဟုတ် မဟုတ် ပြန်ကြားပေးပါရန် ။ကျေးဇူးတင်ပါသည်။ မေးမြန်းသူ - noorkyawtint@gmail.com ..................................................... အဖြေ ရှီအာများ အနေဖြင့် ဟဇရတ်အလီ (အ.စ) နှင့် မဟာတမန်တော်မြတ်ကြီး (ဆွ)အား နဗူဝသ် မှားပေးဆိုသည် ယုံကြည်မှု ထားရှိသည်ဆို သည်မှာ လုံးဝမဟုတ်မကန်ပါ။ ရှီအာ ရန်သူများ ၏ လုပ်ကြံ မကောင်းဝါဒ ဖြန့် မှု သာ ဖြစ်ပါသည်။ ဟဇရတ်အလီ(အ.စ) ကို အမြတ်တနိုးထားတာတော့ လုံးဝ မှန်ပါတယ်။ တမန်တော်မြတ်ကြီး (ဆွ) ပြီးနောက် ကျန် ဆွာဟာဗာ များ ထက် ပိုပြီး မြင်ြ့မတ်သည်ဟုလည်း ခံယူထားပါတယ်။ ကျန်မည်သည့် သာဝဝကတော်များ (အစစ်) ကို မကောင်း မပြော ၊လအ်နတ်မပို့ပါ။ ပြီးတော့ စစ်မှန်သည့်ရီဝါယတ်တော်များ ၊သမိုင်းများ ကို တင်ပြသည့်အခါ သာဝသတော်များ ၊ခိုလာဖာ ကိုရှီအာများက မကောင်းပြောတယ် ၊ဘာညာ စသည့် သမုတ်ရင်တော့ မတတ်နိုင်ပါဘူး။ဒါဆိုရင် စစ်မှန်သည့်ရီဝါယတ်တော်များ ၊သမိုင်းများ ကိုတင်ပြခဲ့ကြသည့် ၊တင်ပြနေသည့် အိုလမာ ၊အာလင်မ်များ ဟာ ရှီအာတွေ အရင်ထိမှာဆိုတာကို သတိပြုသင့်ပါတယ်။ ဖြေ ။ abna myanmar ကြည့်ရန် - http://abna.ir/data.asp?lang=18&id=374908