မှတ်သားစရာ ဆဖရ်လ (၂၈) ရက်နေ့

အဟ်လေ့ဘိုက်(အ.စ) သတင်းဌာန ၊ အဗ်နာ ။ ။

ကိုယ်တော်မြတ် (ဆွ) ၊ အေမာမ်ဟစန်  (အ.စ) နှင့် အေမာမ် ရေဇာ (အ.စ) တို့ ၏ ရှဟာဒတ် အချိန် အခါ ဝယ် ကိုယ်တော် တို့ ၏ ဟဒီးစ်တော်များမှ  အချို့ ကို လေ့လာ ပြီး မိမိ၏ ဘဝ နှင့် မိမိတို့ပတ်ဝန်း ကျင်၊ အသိုင်းအဝိုင်းကို ပြုပြင် ဖန်တီး၊ ကြိုးစားနိုင်ဖို့ စေတနာ ဖြင့် တင်ဆက်လိုက်ပါသည်။

မဟာတမန်တော်မြတ်ကြီး (ဆွ)

(၁) မဟာတမန်တော်မြတ်ကြီး (ဆွ) မိန့်ကြားတော်မူသည်။

 (( လူကောင်းလူမွန် ၏ အင်္ဂါ ရပ် ၁၀ ချက် ရှိ ပေသည်။

၁။ အလ္လာဟ် ဟို အရှင်မြတ် အတွက် မိတ် ဖွဲ့ ခြင်း

၂။ အလ္လာဟ် ဟို အရှင်မြတ် အတွက် မိတ်ဖျက်ခြင်း (ရန်သူအဖြစ် သတ်မှတ်ခြင်း )

၃။ အလ္လာဟ် ဟို အရှင်မြတ် အတွက် ပေါင်းစည်းခြင်း

၎။ အလ္လာဟ် ဟို အရှင်မြတ် အတွက် မပေါင်းစည်းခြင်း ၊(ရှောင်ခြင်း)

၅။ အလ္လာဟ် ဟို အရှင်မြတ် အတွက် ဒေါသထွက် ခြင်း

၆။ အလ္လာဟ် ဟို အရှင်မြတ် အတွက်ပျော်ရွင် ခြင်း

၇။ အလ္လာဟ် ဟို အရှင်မြတ် အတွက် အလုပ် လုပ်ခြင်း

၈။ အလ္လာဟ် ဟို အရှင်မြတ် ထံတော်မှ တောင်းခံ ခြင်း

၉။ အလ္လာဟ် ဟို အရှင်မြတ် အတွက် ခူစူအ်နှင့်ခူရှူးထားခြင်း၊ဆိုလိုသည်မှာ အလ္လာဟ် ဟို အရှင်မြတ် အား ကြောက်ရွံ့ရိုသေလေးစားခြင်း ၊စိတ်ထားသန့်ပြန့်စွာထားပြီး ၊အရှက်တရား နှင့် သတိတရားရှိခြင်း ကို ဆိုလို ပေသည်။

၁၀။ အလ္လာဟ် ဟို အရှင်မြတ် အတွက် ကောင်းမှု ပြုခြင်း တို့ ဖြစ်ပါသည်။ ))

ကြည့် - သိုဟ်ဖသိုလ်အိုကူလ် စာမျက်နှာ ၂၁

(၂) မဟာတမန်တော်မြတ်ကြီး (ဆွ) မိန့်ကြားတော်မူသည်။

(( ကျွနှ်ပ်၏ အွန်မသ်နောက်လိုက်နောက်သားများ အတွက် အချိန်တချိန်ရောက်လာပေမည်။ထိုအချိန် အိုလမာ၏အမှတ်အသားမှာအဝတ်အထည်ကောင်းကောင်း(မောင်လာနာအဝတ်)ဖြစ်မည်။ကျမ်းတော် မြတ်ကုရ်အာန်၏ အမှတ်အသားမှာအသံနေအသံထားကောင်းကောင်းဖြစ်မည်။အလ္လာဟ်ဟိုအရှင်မြတ် အား ခဝပ်ကိုးကွယ်မှု ရမ်ဇာန်လမြတ် တွင်သာလျှင် ပြုကြမည် ။ထိုအချိန်အလ္လာဟ်ဟိုအရှင်မြတ်သခင် သည် ကျွနှ်ပ်၏ အွန်မသ်နောက်လိုက်နောက်သားများ အတွက်                 ပညာ၊ သည်းခံမှု ၊ သနားကြင်နာမှု မရှိသည့် ဘုရင်(မင်းဆိုး၊မင်းညစ်) ကို အုပ်ချုပ်စေတော်မူမည်။ ))

ကြည့် - ဗေဟာကျမ်း အတွဲ ၂၂ စာမျက်နှာ ၄၅၄

(၃) မဟာတမန်တော်မြတ်ကြီး (ဆွ) မိန့်ကြားတော်မူသည်။

((အကြင်မည်သူမဆို မိမိ၏ဝန်ထုပ်၊ဝန်ပိုး အား လူထု အပေါ်တင်မည်ဆို လျှင် ထိုသူ သည် မလ်အူး(န) ဖြစ်ချေသည်။))

ကြည့် - သိုဟ်ဖသိုလ်အိုကူလ် စာမျက်နှာ ၃၇

(၄) မဟာတမန်တော်မြတ်ကြီး (ဆွ) မိန့်ကြားတော်မူသည်။

((အလ္လာဟ်ဟိုအရှင်မြတ်သခင်သည်အသင်၏မျက်နှာ၊ပစ္စည်းဥစ္စာကိုကြည့်မည်မဟုတ်(ကြည့်ပြီးဆုံး ဖြတ်မည်မဟုတ် )သို့သော် အသင်၏ နှလုံးသား နှင့် လုပ်ဆောင်မှု ကို ကြည့်တော်မူပေမည်။ ))

ကြည့် - ဗေဟာကျမ်း အတွဲ ၇၇ စာမျက်နှာ ၈၈

အေမာမ် ဟစန် (အ.စ)

(၅) အေမာမ် ဟစန် (အ.စ) မိန့်ကြားတော်မူသည်။

((အကြင်တစ်ဦးတစ်ယောက် မှ အေမာမ်ဟစန်(အ.စ) အား သူရဲဘော်ကြောင်မှု ဆိုသည်မှာ အဘယ် နည်း ဟုမေးမြန်းလေ၏။ အဖြေပေးမိန့်တော်မူ သည်မှာ -မိတ်ဆွေများအကြား(အချင်းချင်း)သတ္တိရှိသူရဲကောင်းလုပ်ပြပြီး ၊ ရန်သူများ ဆိုလျှင်ထွက်ပြေးခြင်းအား (သူရဲဘော်ကြောင်မှု) ဟုခေါ်ဆိုပေသည်။ ))

ကြည့် - သိုဟ်ဖသိုလ်အိုကူလ် စာမျက်နှာ ၂၂၅

(၆) အေမာမ် ဟစန် (အ.စ) မိန့်ကြားတော်မူသည်။

((အမှန်တရား နှင့် အမှား အကြား လက် လေးလုံးသာခြားနေပေသည်။ မိမိမျက်စိဖြင့်(အသေအချာ) ကြည့်ပါလေ၊ ထိုအရာသည် အမှန်တရား ဖြစ်ချေသည်။ နားဖြင့် တော့ အမြောက်အများ အမှားစကား များ (လိမ်ညာသည့်စကားများ ) ကို ကြားနေရပေသည်။ ))

ကြည့် - သိုဟ်ဖသိုလ်အိုကူလ် စာမျက်နှာ ၂၂၉

(၇) အေမာမ် ဟစန် (အ.စ) မိန့်ကြားတော်မူသည်။

((အရူးဆိုသည်မှာ မိမိ ပစ္စည်းဥစ္စာကို အလကားပြုတ်တီးသူ ၊ အရှက်သိက္ခာအတွက် အပျင်းကြီး သူ(ဂရုမစိုက်သူ) ၎င်းကို မကောင်းမဟုတ်တယုတ်ပြောလျှင် အဖြေ ပြန်မပေးသူ အားခေါ်ပါသည်။))

ကြည့် - ဗေဟာကျမ်း အတွဲ ၇၈ စာမျက်နှာ ၁၁၅

အေမာမ် ရေဇာ (အ.စ)

(၈) အေမာမ် ရေဇာ (အ.စ) မိန့်ကြားတော်မူသည်။

((အာလေမိုဟမ္မဒ်(အ.စ) အားအချစ်ထားသည့်ဆိုပြီး ယုံကြည်ကာ ကောင်းမြတ်သည့် လုပ်ရပ်များ ၊

အေဗာဒတ်ပြုမှု တွင် မကြိုးပမ်း မအားထုတ်ဘဲ မနေပါနှင့် ။))

ကြည့် - ဗေဟာကျမ်း အတွဲ ၇၈ စာမျက်နှာ ၃၄၇

(၉) အေမာမ် ရေဇာ (အ.စ) မိန့်ကြားတော်မူသည်။

((ဆဒ်ကာကို နည်းနည်းပင်ဖြစ်ပါစေ ၊ပေးကမ်းပါလေ ၊ အကြောင်းမှာ အလ္လာဟ်ဟိုအရှင်မြတ်သခင် အတွက်ပေးကမ်းလှူဒါန်းသည့် အနည်းငယ်သောအရာပင် နီယသ် မှန်ကန်ပါက တော်တော်ကို ကြီးမားသည့် အရာဖြစ်သွား ပေမည