အေမာမ်ဟိုစိုင်း (န) (အ.စ) အနေဖြင့် ရှဟာဒတ်(သ)  ဖြစ်မည် ဆိုတာ သိလျက် အဘယ်ကြောင့် ကရ်ဗာလာသို့ ကြွမြန်း သွားရပါသနည်း ?

အေမာမ်ဟိုစိုင်း (န) (အ.စ) အနေဖြင့် ရှဟာဒတ်(သ)  ဖြစ်မည် ဆိုတာ သိလျက် အဘယ်ကြောင့် ကရ်ဗာလာသို့ကြွမြန်းသွားရပါသနည်း?ဆိုသည့်မေးခွန်းအားရှီအာအေမာမ်မီယာသူတော်စင်များနှင့်အ ခြား  မွတ်စလင် ညီနှောင်များအကြား ယုတ်စွ အဟ်လေ့ဘိုက်(အ.စ)၏ ရန်သူများ၊ရှီအာ အေမာမ်မီ ယာ တို့၏ ရန်သူ ဝဟာဘီ (ခ) စလဖီ တို့၏ နှုတ်မှ မကြာခဏ ထွက်လေ့ ရှိသည့် မေးခွန်းတစ်ခု ဖြစ် ပါသည်။

ထိုပြင် အထက်ပါ မေးခွန်း နှင့်ပတ်သက်ပြီး msm စာစောင်နှင့် site ၏ အကြီးအကဲ တစ်ဦးမှလည်း ဤမေးခွန်းနှင့်စပ်လျဉ်းပြီး ဖြေပေးရန် တောင်းဆို လာ သဖြင့် ဖြေကြားဖို့ အချိန်တန်လာပြီးဟု သတ် မှတ် မိပါသည်။

အဖြေကို အသေအချာ အလေး အနက် ထားပြီး ဖတ်၊ မှတ် ၊ဖြန့်ပေးဖို့ မေတ္တာရပ်ခံလိုပါသည်။

ရှီအာအေမာမ်မီယာ တို့၏ ရီဝါယတ်တော်များ ၊ဟဒီးစ်တော်များ ဖြင့် မီးမောင်းထိုးကြည့် မည် ဆိုလျှင် အေမာမ်များ (အ.စ) သည် အေလ်မေဂိုင်ဗ် အလ္လာဟ် ဟို အရှင်မြတ်ဖက်တော်မှ ရရှိထားသည် ဆိုသညအချက်မှာ ငြင်းမရချေ။ ကျမ်းတော်မြတ်ကုရ်အာန်တွင်လာ ရှိသည်မှာ -

عالم الغیب فلا یظهر علی غیبه احد الا من ارتضی من رسول …

စူရဟ်ဂျင်(န) - အာယတ်တော်အမှတ် ၂၆ ၊၂၇

အဓိပ္ပာယ် - (( အလ္လာဟ်ဟို အရှင်မြတ်သခင် သည် အေလ်မေဂိုင်ဗ် ၏ အာလင်မ်(ကဝိ)ဖြစ်ပေသည်။ ထိုအရှင်မြတ်သည် မိမိရွေးချယ်ထားသည့် ရစူလ် တမန်တော် မှအပအခြားမည်သူကိုမျှအေလ်မေဂိုင်ဗ် မပေးထားတော်မူချေ။ … ))

အထက်ပါ အာယတ်တော် အားလေ့လာ သုံးသပ်ပြီး အဖြေထုတ်နိုင်သည့် အချက်များမှာ

၁။ အလ္လာဟ်ဟို အရှင်မြတ်သခင် သာလျှင် အေလ်မေဂိုင်ဗ် ၏ အာလင်မ်(ကဝိ)ဖြစ်ပေသည်။

၂။ မည်သူတစ်ဦး တစ်ယောက်မျှ အေလ်မေဂိုင်ဗ် ၏ အာလင်မ်(ကဝိ) မဟုတ်ချေ။

၃။ အလ္လာဟ်ဟို အရှင်မြတ်သခင် ရွေးချယ်ထားသည့် ရစူလ် တမန်တော် သည်လည်း အလ္လာဟ်ဟို အရှင်မြတ်သခင် ၏ ချီးမြှင့် ပေးသနားမှုကြောင့် အေလ်မေဂိုင်ဗ် ၏ အာလင်မ်(ကဝိ)ဖြစ်ပေသည်။

နောက်သိထားရမည့် အချက် နောက်တစ်ခု သည်ကား အလ္လာဟ်ဟို အရှင်မြတ်သခင် နှင့် ၎င်း၏ ရစူလ်၏သင်ကြားပိုချမှုဖြင့်အခြားလူသားအနေဖြင့်လည်းအေလ်မေဂိုင်ဗ်၏အာလင်မ်(ကဝိ)ဖြစ်  နိုင်ပေသည်။

အလာမာဆရက် မိုဟမ္မဒ် ဟိုစိုင်း(န) ၊သဖ်စီး မီးဇန် ကျမ်းရှင်အနေဖြင့် အထက်ပါ ကိစ္စ နှင့် ပတ်သက် ပြီး ရေးသားထားပါသည်။

အေမာမ်ဟိုစိုင်း(န) (အ.စ) သခင်သည် ရှီအာတို့၏ အကီဒါ (ယုံကြည်မှု) အရ ကိုယ်တော်မြတ် ရစူလ် (ဆွ) ၏ သုံးပါးမြောက် ကိုယ်စားလှယ်တော် ဖြစ်ပေသည်။ ဝေလာယသ် သေ ကွတ်လ်လီယေ ၏ ပိုင်ရှင် ဖြစ်ပေသည်။

အေမာမ်ဟိုစိုင်း(န) (အ.စ) သခင်၏ (ကမ္ဘာပေါ်ရှိ) အရာများ၏ဖြစ်ပျက်မှု အကြောင်းအရာနှင့်စပ်လျဉ်း သည့် ပညာ အာ်း အကလီး၊နကလီး (ဥာဏ်အရနှင့်ဟဒီးဒ်၊ရေဝါယတ်တော်အရ) နှစ်မျိုးခွဲခြားနိုင် ပေသည်။

အလာမာဆရက် မိုဟမ္မဒ် ဟိုစိုင်း(န)၏ရေးသားမှု ၏ ဆိုလိုချက်ကို တင်ပြရမည် ဆိုလျှင် -

ပထမအမျိုး အစား

အေမာမ်(အ.စ) သည် မည်သည့် အချိန်တွင်မဆို အလ္လာဟ်ဟို အရှင်မြတ်သခင် ၏ ခွင့်ပြုချက်ဖြင့် အလိုရှိသည်အချိန် ၊စကြာဝဠာအပေါင်းရှိ အရာဝတ္တုများ ၏ အမှန်တရားအဖြစ်မှန် နှင့်အနာဂတ်တွင် ဖြစ်ပေါ်မည့်အခြေအနေ ကို သိနိုင်ပေသည်။

ဒုတိယ အမျိုး အစား

တမန်တော်မြတ်ကြီး(ဆွ) နှင့် အေမာမ်(အ.စ)များသည်အေလ်မေဂိုင်ဗ်နှင့်ပတ်သက်ပြီးသာမန်လူသား များကဲ့သို့အခြေအနေတွင်ရှိပေသည်။အကျိုးအကြောင်းကိုကြည့်ပြီးသင့်လျော်သည့်အရာကိုသာ ဆောက် ရွက် ကြပေသည်။

အေမာမ်ဟိုစိုင်း(န)(အ.စ)နှင့်စပ်လျဉ်းပြီးမိုသာဝါသေရ်(متواتر)ရီဝါယတ်တော်များဖြင့်မဟာတမန်တော် မြတ်ကြီး (ဆွ) နှင့် အမီးရွလ်မိုမေနီး အလီ (အ.စ) တို့အနေဖြင့် အေမာမ်ဟိုစိုင်း(န)(အ.စ)အား မိမိ၏                     ရှဟာဒတ်(သ) သတင်းနှင့်ပတ်သက်ပြီး သတင်းပေးထားပြီး ဖြစ်ကြောင်း ထင်ရှား ဖြတ်သားနေ ပါ သည်။

ဤရီဝါယတ်တော်အား စိတ်ချ ၊ လက်ခံရမည့် သမိုင်း နှင့် ဟဒီးစ်တော်များ၏ စာအုပ်များတွင် လေ့လာ မှတ်သားနိုင်ပေသည်။မဟာတမန်တော်မြတ်ကြီး(ဆွ)နှင့်အမီးရွလ်မိုမေနီးအလီ(အ.စ)တို့၏အေမာမ်ဟိုစိုင်း(န)(အ.စ)၏ရှဟာဒတ်(သ)သတင်းနှင့်ပတ်သက်သည့်ရီဝါယတ်တော်များကိုဆွာဟာဗာများ၊ကိုယ်တော်မြတ်(ဆွ) ၏ အမျိုးအနွယ်မွန် များ မှ ကိုယ်တိုင်ဖြစ်စေ၊ အခြားတစ်ဦး တစ် ယောက် ထံမှဖြစ်စေ နား ထောင်ပြီး ဖြစ်ပါသည်။

အေမာမ်ဟိုစိုင်း(န)(အ.စ) အနေဖြင့် မဒီနာ ရွှေမြို့တော်မှ  မက္ကာဟ် ရွှေမြို့တော် ပြီးနောက် အီရတ်နိုင်ငံသို့ ခရီးထွက်သည့်အချိန် အစ္စလာမ်၏ အရေးပါအရာရောက် ဂုဏ်သိက္ခာ ရှင်များ အနေဖြင့် ကိုယ်တော်(အ.စ) ၏ ရှဟာဒတ်(သ) သတင်းကို နားထောင်ပြီးဖြစ်နေသဖြင့် မိမိတို့ ၏ အထူး စိုးရိမ် မှု ကို ပြသခဲ့ကြပေသည်။ ထိုပြင် လူထုအများစုသည် ဗနီ အိုမိုင်ယာ(လ.န) တို့၏ ဆိုး သွမ်း၊ ရက်စက်နှိပ်စက်၊ကြမ်းကြုတ်မှုကြောင့် မတော်လှန် နိုင်ကြဘဲ ငြိမ်နေရသည့် ဘဝဖြစ်နေ ပေသည်။ တနည်းဆိုရလျှင် မိမိတို့၏ အနာဂတ် အတွက် မျှော်လင့်ချက် ကင်းမဲ့ နေရချိန် ဖြစ်ပေ သည်။

အေမာမ်(အ.စ)အနေဖြင့်မိမိ၏ရှဟာဒတ်(သ)သတင်းကိုအဆက်မပြတ်ပေးခဲ့သော်လည်းယဇီးဒ် (လ.န)၏အစိုးရအားပြုတ်ချပြီးအစ္စလာမ်မီအစိုးရကိုထူထောင်မည့်ကိစ္စနှင့်ပတ်သက်ပြီးမပြောခဲ့တော်မူ ချေ။

သို့သော်လည်း လူထုအား မိမိတို့၏ရှရီအီ တာဝန် အရ မိမိနှင့် လက်တွဲဖို့ ၊  ယဇီးဒ် (လ.န)၏ ဗိုင်အတ် မယူဖို့ ၊ ၎င်းအမိန့်ကို လိုက်မနာဖို့ ၊ ယဇီးဒ် (လ.န)အားတော်လှန်ဖို့ မိန့်ကြားခဲ့ပေသည်။

အေမာမ်(အ.စ)အနေဖြင့် ထိုအချိန်ကလူထုအနေဖြင့် ယဇီးဒ် (လ.န)အားတော်လှန်မည် မဟုတ် ကြောင်း သိရှိ နေတော်မူသဖြင့် မိမိ၏ လက်တဆုပ်စာ သစ္စာရှင် သာဝကတော်များ နှင့်အတူ ရှဟီးဒ် ဖြစ်တော်မူမည့် ကို သိလျက် ကရ်ဗလာသို့ကြွမြန်းသွားတော်မူပြီးယဇီးဒ်(လ.န)၏ကြေးစားလူရမ်းကား တပ်များ နှင့် ဂျေဟဒ်ပြုတော်မူခဲ့ပေသည်။

မိမိရှဟီးဒ်ဘွဲ့တော်ကိုခံယူရမည့် သတင်းလည်း လူထုကို ပေးခဲ့ ၊ မိန့်ခဲ့ပေသည်။ဤအတွက်ကြောင့် ကိုယ်တော်(အ.စ) အား အီရတ်(ကရ်ဗလာ) သို့ မသွားရန် မေတ