ဇေနာ (ခ)  ကာမေသု မိစ္ဆာစာရကံ ကျူးလွန်မှု ၏ ပြစ်ဒဏ် ရဂ်ျမ်(ခ) ခဲဖြင့်ပေါက်သတ်ခြင်း

ဇေနာ (ခ)  ကာမေသု မိစ္ဆာစာရကံ ကျူးလွန်မှု ၏ ပြစ်ဒဏ် ရဂ်ျမ်(ခ) ခဲဖြင့်ပေါက်သတ်ခြင်း နှင့်ပတ်သက်ပြီး ရှီအာအေမာမ်မီယာ တိုင်း မွတ်စလင် တိုင်း သိထားလျှင် မမှားချေ။ အကြောင်း   မှာ အစ္စလာမ်ရန်သူများ ၊ရှီအာအေမာမ်မီယာရန်သူများသည် အချိန်ပြည့် သလျော် ရန် ၊စော်ကား အပုတ်ချရန် ၊မကောင်းကြံရန် ၊လုပ်ကြံ စွပ်စွဲရန် ကြိုးပမ်းနေကြပေသည်။

ရဂ်ျမ်(ခ) ခဲဖြင့်ပေါက်သတ်ခြင်းပြစ်ဒဏ် သည် (ဇေနာယေမော်ဟ်စေနဟ်) အတွက် အစ္စလာမ် မီ အဟ်ကမ်(အစ္စလာမ်ဥပဒေ) ၏ပြဌာန်းချက် ဖြစ်ပေသည်။ အဟ်လေစွန္နတ် တွင်လည်း ဤပြစ် ဒဏ်ရှိပေသည်။

သက်သေအားဖြင့်ပြည်ထောင်စု မြန်မာနိုင်ငံတော်  အစ္စလာမ်သာသနာရေးရာကောင်စီဌာနချုပ် မှ ၂၀၀၆ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက် ထုတ် (ကုရ်အာန် ကျမ်းမြတ် မြန်မာဘာသာပြန် ဒုတိယတွဲ အစောင် (၁၆) မှ (၃၀) ထိ ) ၏ စာမျက်နှာ ၁၈၇၀ တွင် ဖတ်ရှု နိုင်ပါသည်။

ဦးစွာပထမ (ဇေနာယေမော်ဟ်စေနဟ်) ဆိုသည်ကို သိရန် လိုအပ်ပေသည်။ မသိလျှင် မိမိကိုယ်မိမိ မွဖ်သီ လိုခံယူထားသည့် ဖွဖ်သီတုများကဲ့သို့ ရဂ်ျမ်(ခ) ခဲဖြင့်ပေါက်သတ်ခြင်းပြစ်ဒဏ် ဟာရဟူဒီဖက်ကလာတာပါ ၊အစ္စလာမ်က မပြဌာန်း ပါဘူး ဘာညာဆိုပြီးမိမိကိုယ်တိုင်လမ်းမှားနေသည့်အပြင်  အခြား ရိုးသားသည့် သာမန် မွတ်စလင်များ ကိုပါလမ်းမှားပို့နေခြင်းကို ခံနေရရှာပေ မည်။

ဤကဲ့သို့သော် မွဖ်သီ တချို့ ကို ကျွန်တော်တို့အမိ မြန်မာနိုင်ငံတွင် မျက်မြင် တွေ့နိုင်ပေသည်။ ၎င်းတို့သည် မွဖ်သီများ ဖြစ်ကြပြီး အပြင်ပိုင်းဆိုင်ရာ ရှပ်၌ ပင် အစ္စလာမ်အရောင် မထွက်ချေ။ ဆိုလိုသည်မှာ မိမိတို့၏ မျက်နှာများ တွင် ယောက်ကျားတို့၏ ဂုဏ်သိက္ခာ အစ္စလာမ် အမျိုးသား တိုင်း၏ ဂုဏ်သိက္ခာ ၊ဖြစ်သည့် မုတ်ဆိတ်မွေးပင် မထားဘဲ မိန်းမများ၏ မျက်နှာပမာ ပြောင်ချော နေအောင် ရိတ်ထားပေ သည်။ ရှီအာအေမာမ်မီယာ ဓမ္မသတ် အရဆိုလျှင် မုတ်ဆိတ်ရိတ်ခြင်းသည်  ဟရမ်ဖြစ်ပေသည်။

၎င်းမွဖ်သီများသည် မိမိတို့၏ ချိုင်းအောက်အမွေး နှင့် ချက်အောက်အမွေး ရိတ်မရိတ် တော့ ၎င်း တို့နှင့် သူတို့၏ ဇနီးများသာ သိပေမည်။

(မော်ဟ်စင် )ဆိုသည်မှာ မိန်းမ၊ဇနီးရှိပြီး ဇေနာ (ခ)  ကာမေသု မိစ္ဆာစာရကံ ကျူးလွန်သူ ခင်ပွန်း သည် ယောက်ကျားကို ခေါ်ပါသည်။

(မော်ဟ်စေနဟ် )ဆိုသည်မှာ ခင်ပွန်း ၊ယောက်ကျား ရှိပြီး ဇေနာ (ခ)  ကာမေသု မိစ္ဆာစာရကံ ကျူးလွန်သူ ဇနီးသည် မိန်းမးကို ခေါ်ပါသည်။

၎င်းတို့နှစ်ဦးစလုံး သည် (ဇေနာယေမော်ဟ်စေနဟ်) ကျူးလွန်ကြောင်း သေချာသွားချိန် ၊ ခိုင်လုံသွား ချိန်တွင် ပြစ်ဒဏ်မှာ ရဂ်ျမ်(ခ) ခဲဖြင့်ပေါက်သတ်ခြင်းပြစ်ဒဏ် ဖြစ်ပေသည်။

ဤပြစ်ဒဏ်သည် ကျမ်းတော်မြတ် ကုရ်အာန်တွင် တိုက်ရိုက် မလာရှိထားချေ။ သို့သော် မဟာ တမန်တော်မြတ်ကြီး (ဆွ) နှင့် အဟ်လေ့ဘိုက်(အ.စ) တို့၏ စစ်မှန်သည့် ဟဒီးစ်တော်မျးတွင် ထင်ထင်ရှား အတိအလင်းလာရှိပါသည်။ အစ္စလာမ် ဥပဒေသတိုင်း ၊ ကျမ်းတော်မြတ် ကုရ်အာန်တွင် တိုက်ရိုက် မလာရှိသဖြင့် မလုပ်သင့် မလုပ်တိုက် ဟုခံယူထားသူတိုင်း ပြဿနာ အမြောက်အများ နှင့် ရင်ဆိုင်ရပေမည် ။ သာဓက အားဖြင့် ကျမ်းတော်မြတ် ကုရ်အာန်တွင် နမာဇ် အချိန်၊အကြိမ်တိုက်ရိုက် ပါပေသည်။ ရကတ် မည်မျှ ဖတ်ရမည် တိုက်ရိုက် မပါချေ။ ဂိုစ်ပြုရန် ၊ ပါပေသည် မည်ကဲ့သို့ပြုရမည် တိုက်ရိုက်မပါချေ။ဇကာသ်ပေးရန်ပါပေးသည်၊မည်သည့်အတိုင်းအတာရောက်လျှင်ပေးရန်၊နေကာပြုရန် ပါပေ သည်၊နေကာတွင် မည်သည့် စီဂါ ဖတ်ရမည် တိုက်ရိုက်မပါချေ။နောက်အများကြီးရှိပါသေးသည်။

ဤအတွက်ကြောင့်လည်း အလ္လာဟ် ဟို အရှင်မြတ် အနေဖြင့် အစ္စလာမ်ဥပဒေသ ဆိုင်ရာ ကိစ္စရပ်များ ကို ရှင်းလင်းတင်ပြရန် မဟာတမန်တော်မြတ်ကြီး (ဆွ) အား တာဝန်ပေးခဲ့ကြောင်း အောက်ဖော်ပြပါ အာယတ်တော်ဖြင့် သိရှိ နိုင်ပေသည်။

(( ၎င်းအပြင် ကျွန်ုပ် အလ္လာဟ်ဟို အရှင်မြတ် သည် ဤ ဇေက်ရ် (ခ) ကျမ်းတော်မြတ် ကုရ်အာန်အား အသင် (မိုဟမ္မဒ်(ဆွ) အပေါ် ချပေးသနားတော်မူခဲ့ပေသည်။ အကြောင်းမှာ လူထုအပေါ် ချပေးတော်မူ ထားသည်များကို ၎င်းတို့ အား ရှင်းလင်း၊တင်ပြပါလေ။ ထိုမှသာ စဉ်းစားဆင်ခြင်ကြသူများ ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။ ))

ကြည့် - စူရဟ် အမှတ် ၁၆ အာယတ်တော် အမှတ် ၄၄

ထိုနည်းတူစွာ မဟာတမန်တော်မြတ်ကြီး (ဆွ) နှင့် အဟ်လေ့ဘိုက်(အ.စ) တို့အမိန့်ကို မြေဝယ်မကျ လိုက်နာကျင့်သုံးရန် ကျမ်းတော်မြတ် ကုရ်အာန် တွင် အာယတ်တော် များ လာရှိပေသည်။

(( အို အီမာန် သက်ဝင်ယုံကြည်သူ အပေါင်းတို့ အလ္လာဟ်ဟို အရှင်မြတ်သခင် ပြီးနောက်  ၎င်း၏ရစူလ်(ဆွ) ပြီးနောက်အူလေအမရ်(အဟ်လေ့ဘိုက် (အ.စ) ) တို့ ၏ အမိန့်ကို( မြေဝယ်မကျ) လိုက်နာကျင့်သုံး ပါလေ။… ))

 ကြည့် - စူရဟ် အမှတ် ၄ အာယတ်တော် အမှတ် ၅၉

မဟာတမန်တော်မြတ်ကြီး (ဆွ) အမိန့်ကို မြေဝယ်မကျ လိုက်နာကျင့်သုံးခြင်းကို ကျမ်းတော်မြတ် ကုရ်အာန်အနေဖြင့် အလ္လာဟ် ဟို အရှင်မြတ် သခင်ကြီး၏ အမိန့် ကိုနာခံ ၊လိုက်နာ ကျင့်သုံးသည်  မည် ကြောင်း မိန့်တော်မူထားပါသည်။

((အကြင်မည်သူ မဆို မဟာတမန်တော်မြတ်ကြီး (ဆွ) ၏ အမိန့်နာခံ လိုက်နာ ကျင့်သုံးခြင်းသည် ၊အလ္လာဟ် ဟို အရှင်မြတ် သခင်ကြီး ၏ အမိန့် အား နာခံ လိုက်နာ ကျင့်သုံးခြင်းမည် ပေသည်။ … ))

 ကြည့် - စူရဟ် အမှတ် ၄ အာယတ်တော် အမှတ် ၈၀

ဤအတွက်ကြောင့် မြောက်များစွာသော အစ္စလာမ်ဥပဒေသများ သည် မဟာတမန်တော်မြတ်ကြီး (ဆွ) နှင့် အဟ်လေ့ဘိုက် (အ.စ) တို့၏ စစ်မှန်သည့် စွန္နတ်တော်များ ရီဝါယတ်တော်များ မှ ထွက်ပေါ်လာ  ခဲ့ခြင်း ဖြစ်ပါသည်။

ဤအတွက်ကြောင့် ရဂ်ျမ်(ခ) ခဲဖြင့်ပေါက်သတ်ခြင်းပြစ်ဒဏ် သည် (ဇေနာယေမော်ဟ်စေနဟ်) အတွက် အစ္စလာမ် မီ အဟ်ကမ်(အစ္စလာမ်ဥပဒေ) ၏ပြဌာန်းချက် ဖြစ်ပြီး မဟာတမန်တော်မြတ်ကြီး (ဆွ) နှင့် အဟ်လေ့ဘိုက် (အ.စ) တို့၏ စစ်မှန်သည့် စွန္နတ်တော်များ ရီဝါယတ်တော်များ တွင်လာရှိ ပေသည်။ ရှီအာအေမာမ်မီယာ ဓမ္မသတ်ပညာရှင်များ အနေဖြင့်လည်း တညီတညွတ်တည်း ဤ ပြစ်ဒဏ် အတွက် လက်ခံ အတည်ပြုထားကြပေသည်။

ဇေနာ (ခ)  ကာမေသု မိစ္ဆာစာရကံ ကျူးလွန်မှု ၏ ပြစ်ဒဏ် ရဂ်ျမ်(