အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန ၊ အဗ်နာ စစ်ကိုင်းတိုင်း ဒေသကြီး ဟုမ္မလင်း မြို့နယ် ၊ နန့်တော စံပြကျေးရွာတွင် ဖေဖော်ဝါရီလ ၁၇ ရက်နေ့ည ၁၁နာရီ ခန့်က မီးလောင်မှု ဖြစ်ပွားခဲ့ရာ အိမ်ခြေ ၁၀၀ကျော်နှင့် ဈေးမီးလောင် ကျွမ်းခဲ့ကြောင်း စစ်ကိုင်း တိုင်းဒေသကြီး မီးသတ် ဦးစီးဌာန အကြီး တန်း အရာရှိ တစ်ဦး ကပြောကြားသည် ။အဆိုပါ မီးလောင်မှုမှာ ယင်းကျေးရွာ အရက်ဆိုင် မှ စတင် မီးလောင် ခဲ့သည် ဟုကနဦး သတင်းရရှိ ကြောင်း ၊လတ်တလောတွင် မီးဘေး ဒုက္ခသည် လူဦးရေ စာရင်းကို မသိရသေးကြောင်း ၎င်းကပြောသည်။