၂၂ ဖေဖော်ဝါရီ ၂၀၁၃ - ၂၀:၃၀

ထိုင်းနိုင်ငံ ဘန် ကောက်မြို့ ရှိ (ဟွစ်စနာ စာပေတိုက် ) မှ (မိသားစု နှင့်ဘဝ) အမည် ဖြင့် လစဉ်ထုတ် အစ္စလာမ်မီ မဂ္ဂဇင်းထွက် ထုတ်ဝေဖြန့်ချိ လိုက်ကြောင်း သိရပါသည်။

အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန ၊ အဗ်နာ ဤ (မိသားစု နှင့်ဘဝ) အမည် ဖြင့် လစဉ်ထုတ် အစ္စလာမ်မီ ထိုင်းမဂ္ဂဇင်း အား ဖေဖော် ဝါရီ လ ၂၁ ရက်နေ့ ကြာသပတေးနေ့ တွင် ထုတ်ဝေ ဖြန့်ချိလိုက်ခြင်း ဖြစ်ပါသည်။ မဂ္ဂဇင်း အတွင်း နမူနာ ယူဖွယ် အမျိုးသမီး များ၏ အကြောင်းစုံ၊ အစ္စလာမ် ဒီဇိုင်းသစ် အဝတ် အထည် များ ၊ စိတ်ပညာ ဆိုင်ရာ ဆွေးနွေးမှုများ နှင့် မိသားစု အရေးကိစ္စ များ ပါဝင် ပေသည်။၎င်းပြင် ကမ္ဘာ့ အစ္စလာမ် နှင့် မွတ်စလင်တို့၏ သတင်းများ ၊ အစီအစဉ်များ ၊လှုပ်ရှားမှုများ ၊ မွတ်စလင် အဖွဲ့အစည်းများ ၊ စာသင်ကျောင်းများ ၊ မဒဲရ်ဆာများ အကြောင်း ရေးသား ဖော် ပြ ထား ပါသည်။ဤ (မိသားစု နှင့်ဘဝ) အမည် ဖြင့် လစဉ်ထုတ် အစ္စလာမ်မီ ထိုင်းမဂ္ဂဇင်း မှာ အုပ်ရည် ၂၀၀၀ ၊စာမျက်နှာ ၈၀ ဖြစ်ပြီး ၊တန်ဖိုးမှာ ဘတ်ငွေ ၅၀ ဖြစ် ကြောင်း သိရပါသည်။