၂၄ ဖေဖော်ဝါရီ ၂၀၁၃ - ၂၀:၃၀

ပါကစ္စတန် နိုင်ငံ ကွေတာ မြို့ ဟာဇာရေ ရပ်ကွက် နေ ရှီအာ အေမာမ်မီယာ မွတ်စလင်များ အနေဖြင့်လက်ရှိ အကြမ်းဖက် ၊အစွန်းရောက်မှု အား စိစစ်ပေးရန် ၊ချက်ချင်း ပါလီမန် ၏ အရေးကြီး အစည်းအဝေးဆင်ခေါ်ရန် တောင်းဆို ခဲ့ပါသည်။

အဟ်လေ့ဘိုက်(အ.စ) သတင်းဌာန ၊ အဗ်နာဖေဖော်ဝါရီလ ၂၃ရက်နေ့ တွင် ဟာဇာရေ ဒီမိုကရက်ဒ်တစ် အဖွဲ့ ဥက္ကဋ္ဌ အဗ်ဒွလ် ခါလစ် ဟာဇာရေ မှပါကစ္စတန် ဝန်ကြီးချုပ် ရာဂျာ ပရ်ဝေဇ် အရှ်ရဖ် ထံ ပါလီမန်ကိုယ်စားလှယ် တို့ ၏ အရေးကြီး ၊အရေးပေါ်အစည်းအဝေးဆင်ခေါ်ပြီး ကွေတာ ဗုံးပေါက်ကွဲ မှုတွင် ပါဝင်ပတ်သက်နေသည့် တရားခံများကို စိစစ် ရန် တောင်းဆို ခဲ့ပါသည်။မှတ်သားစရာမှာ - ဇန်နဝါရီလ ၂၆ ရက်နေ့တွင် ကွေတာ ဗုံးပေါက်ကွဲ ခဲ့မှု ကြောင့် အပြစ်မဲ့ ကလေးငယ်များ၊အမျိုး သမီးများ စုစုပေါင်း အယောက် ၉၀ ထက်မနည်း ရှဟီးဒ်ဖြစ်ခဲ့ ပြီး ၂၀၀ ကျော် ဒဏ်ရာ ရခဲ့ကြောင်း သတင်းရခဲ့ပါသည်။