အဟ်လေ့ဘိုက်(အ.စ) သတင်းဌာန ၊အဗ်နာ နိုင်ငံတွင်း ပဋိပက္ခဖြစ်ပွားရာ ဒေသတွင်း လူ့အခွင့် အရေးများ လျစ်လျူရှု ခံရမှုကို ကန့်ကွက်သည့် အနေ ဖြင့် အစာငတ်ခံ ဆန္ဒ့ပြသူ အိန္ဒိယအမျိုး သမီးတစ်ဦး တရားစွဲဆိုခံရ ကြောင်းသိရသည်။အသက် ၄ဝ အရွယ် အိုင်ရွန်ရှာမီလာ အမည်ရအဆိုပါ အမျိုးသမီးမှာ ၁၂ နှစ်တာကာလအတွင်း မည်သည့်အစာကိုမျှ မစားခဲ့ရာ အာဏာပိုင်များမှ အတင်းအကျပ် အစာပိုက်သွင်းပြီး နောက်မိမိကိုယ် ကိုသတ်သေရန် ကြံစည်မှုဖြင့် စွဲဆိုခံ ရခြင်း ဖြစ်သည်။
အိန္ဒိယတပ်မ တော်အထူးခွင့်ပြု အာဏာအက် ဥပဒေ ကိုဆန့်ကျင်၍ မဏိပူရနယ်တွင် ယခုကဲ့သို့ ဆန္ဒပြခဲ့ ခြင်းဖြစ်ရာ လူမသိသူမသိ အဖြစ်မှ တစ်နိုင်ငံလုံး ဟိုးဟိုးကျော် သွားခဲ့ရသည်။ အဆိုပါ ဥပဒေအရ ကက်ရှမီး ယားနှင့်နိုင်ငံ အရှေ့မြောက်ပိုင်း တွင် လုံခြုံရေး တပ်ဖွဲ့များမှ တရားစွဲဆိုခြင်း မခံရဘဲမ သင်္ကာသူများကို ပစ်သတ်ခွင့်နှင့် စစ်သွေးကြွဟု မသင်္ကာ ပါကဝရမ်းမပါဘဲ ဖမ်းဆီးခွင့်ရှိ သကဲ့သို့ ရဲတပ်ဖွဲ့တွင်လည်း စိတ်တိုင်းကျ ရှာဖွေဖမ်းဆီး ခွင့်ရှိသည်။
ရှာမီလာမှ အဆိုပါဥပဒေကို မနှစ်မြို့၍ အစာငတ်ခံဆန္ဒပြခဲ့ခြင်း ဖြစ်ရာ ၂ဝဝဝ ခုနှစ် နိုဝင်ဘာလ ၄ ရက်က မဏိပူရနယ် အင်ဖာမြို့ တွင် စားခဲ့သည့် အစာအပြီး သူမမည်သည်ကိုမျှ မစားခဲ့ဟု ဆိုသည်။ ဆန္ဒပြအပြီး သုံးရက်အကြာတွင် အဖမ်းခံခဲ့ရပြီး နှာခေါင်းပိုက်တပ်၍ အစာရေဆာ သွင်းခံခဲ့ရရာ တစ်နှစ် အတွင်း မိမိသဘော အလျောက် အစာ ပြန်စားလျှင် ထောင်မှလွှတ်ရန် ဖြစ်သော်လည်း မစားခဲ့၍ အ ကျဉ်းမှ မလွှတ်ခဲ့ပေ။
'ကျွန်မ အသက်ရှင်ချင်ပါ တယ်။ ကိုယ့်အသက်ကိုယ် မနုတ် လိုပါဘူး။ ဒါပေမဲ့ တရားမျှတမှုနဲ့ ငြိမ်းချမ်းရေး လိုချင်ပါတယ်'ဟု ပြောခဲ့ကြောင်း ပီတီအိုင်သတင်း တစ်ရပ်ကဆိုသည်။ တရားသူကြီးက မေ ၂၂ ရက် နေ့သို့ ချိန်းဆိုလိုက်ရာ ၎င်းအနေ နှင့် ပြစ်မှုထင်ရှားပါက ထောင်ဒဏ် တစ်နှစ်ကျခံရဖွယ် ရှိသည်။ ဥပဒေရေးရာ ဝန်ကြီး အက်ဝီ နီ ကူးမားကမူ သောင်းကျန်းသူများ အား ဖြိုခွင်းရာတွင် အထူးအာဏာ လိုအပ်ကြောင်း ကာကွယ်ပြောကြား ရာ၌နိုင်ငံတော် ကာကွယ်ရေးနှင့် ထောက်လှမ်းရေးကိစကိစ္စများမှာ ပဋိပက္ခ ဖြစ်ပွားရာ နယ်မြေအတွင်းအထူး အရေးပါသဖြင့် ယခုကဲ့သို့ အခွင့် အာဏာပေးထားရခြင်း ဖြစ်ကြောင်း ပြောဆိုသည်။ မဏိပူရနယ်ခံ တက်ကြွလှုပ်ရှားသူ ကျောင်းသားများက အိန္ဒိယတပ်မတော်အနေဖြင့် အကြွင်းမဲ့အာဏာသုံး၍ အရပ်သားများကို သောင်းကျန်းသူများသဖွယ် ဆက်ဆံသည်ကို ပြင်းထန်စွာ ကန့်ကွက်ကြသည်။