အဟ်လေ့ဘိုက်(အ.စ) သတင်းဌာန ၊ အဗ်နာ ကမ္ဘာကျော် ဒဏ္ဍာရီရုပ်ရှင်ဇာတ် ကားများဖြစ်သော Lord of the ring ဇာတ်ကားနှင့် အခြားရုပ်ရှင် ဇာတ်ဝင်ခန်း များတွင် ပါဝင်သည့် မြေအောက်လှိုဏ်ဂူ များကဲ့သို့ ၁၀၈၂ ပေအနက်ရှိသော ကမ္ဘာ့အံဖွယ် သဘာဝလိုဏ်ဂူတစ်ခုကို မက္ကဆီကိုနိုင်ငံ အကွီစမွန်ဒေသတွင် တွေ့ရှိရသည်။ ထိုလှိုဏ်ဂူကို စွန့်စားသွားရောက်လိုသူများ များပြားလျက်ရှိပြီး ယခုနှစ်အစော ပိုင်းတွင် ဓာတ်ပုံပညာရှင် တစ်ဦးဖြစ်သူ အာမီဟင်ကယ်လ်ဆိုသူက စွန့်စွန့်စားစား ဓာတ်ပုံများ ရိုက်ကူးမှတ်တမ်း တင်ခဲ့သည်။ ငှက်အမျိုးပေါင်း မြောက်များစွာတို့ လာရောက်နားခိုနေထိုင်သည်ကို အစွဲပြု၍ ယင်းလှိုင်ဂူကို စပိန်ဘာသာဖြင့် ဆိုတာနိုဒီ လက်စ်ဂိုလွန်ဒရီနက်စ်လှိုင်ဂူဟူ၍ ဒေသခံများက မှည့်ခေါ်ကြသည်။ထိုလှိုင်ဂူသည် ကမ္ဘာပေါ်ရှိ နေရောင်ခြည်တိုက်ရိုက် ကြရောက်နိုင်သည့် ဂူများအနက် အနက်ဆုံး ဂူဖြစ်ကြောင်း သိရသည်။