အဟ်လေ့ဘိုက်(အ.စ) သတင်းဌာန ၊ အဗ်နာ
တီဟီရန် ဧပြီ ၂၇
အီရန်နိုင်ငံ၏ အသစ် ထုတ်လုပ်ထားသည့် ဒုံးကျည်များနှင့် အာကာသ ဆိုင်ရာ အဆောက် အအုံများအား လာမည့်လများတွင် ထုတ်ဖော် ပြသသွားရန် စီစဉ်လျက် ရှိကြောင်း အီရန်နိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာနမှ ဒုတိယ ညှိနှိုင်း ကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး နာဆရာ လာအက်ဇ် ဇက်တီက ဧပြီ ၂၇ ရက်တွင် ကြေညာခဲ့သည်။
ပြီးခဲ့သော ဧပြီ ၂ဝ ရက်နေ့က ကျရောက်သော
အီရန်နိုင်ငံ၏ အမျိုးသား တပ်မတော်နေ့တွင် အီရန် ခြေလျင်တပ်ဖွဲ့မှ
ကာကွယ်ရေးသုံး ပစ္စည်းသစ် သုံးမျိုးအား ထုတ်ဖော် ပြသခဲ့ပြီး ဖြစ်သည်။ အဆိုပါ
အခမ်းအနားတွင် ခြေလျင်တပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးချုပ် အာမတ်ရီ
ဇာပေါဒတ်စ်တန် တက်ရောက်ခဲ့ပြီး ဖာဒက်ခ် ကြိုးမဲ့ ရေဒီယို၊ ဆိုဟေးလ်
ဒုံးကျည် ပစ်စင်နှင့် တီ-၇၂ တင့်ဆင်မြူလေတာ တို့အား ထုတ်ဖော် ပြသခဲ့သည်။ အီရန်နိုင်ငံသည် ၄င်း၏ ကြီးမားသော စစ်ရေး
လေ့ကျင့်မှုများတွင် ပြည်တွင်းဖြစ် ဒုံးကျည် အသစ်များ၊ တော်ပီဒိုများ၊
လက်နက်များ၊ ချပ်ဝတ် တန်ဆာများ၊ ရေငုပ်သင်္ဘောများ၊ စစ် သင်္ဘောများ၊
အမြောက်များ၊ ရဟတ်ယာဉ်များ၊ လေယာဉ်များ၊ မောင်းသူမဲ့ လေယာဉ်များနှင့်
လေကြောင်းရန် ကာကွယ်ရေး စနစ်များ စမ်းသပ်မှုအား မကြာသေးမီကပင်
ပြုလုပ်ခဲ့ပြီး ဖြစ်သည်။ ယခုကဲ့သို့ အီရန်နိုင်ငံမှ ပြုလုပ်သော စစ်ရေး
လေ့ကျင့်မှုများနှင့် လက်နက်များ ထုတ်လုပ်မှုသည် အထူးသဖြင့် အမေရိကန်နိုင်ငံ၏
ခြိမ်းခြောက်မှုများအား အဟန့်အတား ဖြစ်စေရန် အတွက် ဖြစ်ကြောင်း
ကာကွယ်ရေးနှင့် စစ်ရေး လေ့လာသူများ၏ ပြောကြားချက် အရ သိရသည်။