၂၉ ဧပြီ ၂၀၁၃ - ၁၉:၃၀
ဘာသာခြား မလိုလားတဲ့ သီရိလင်္ကာ ဘုန်းကြီးများ နိုင်ငံကို မည်သို့ ခြယ်လှယ်နေသလဲ

အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန ၊ အဗ်နာ

 မိမိပြည်တွင်းရှိသူများမှာ တစ်ပြေးညီနိုင်ငံသားများသာဖြစ်သည်၊ အစိုးရအနေနှင့် ခွဲခြားဆက်ဆံခြင်း မပြုပါ ဟု သီရိလင်္ကာနိုင်ငံမှ အတည်ပြုပြောဆို သွားသည်။

သီရိလင်္ကာနိုင်ငံသမ္မတ မဟင်းဒါး ရာဂျာပတ်ဆာက လူမျိုးရေး သတ်မှတ်ချက်ပေါ် အခြေခံပြီး နိုင်ငံရေးအာဏာ အတွက် လှုပ်ရှားမှုများမှာ မိမိအား စိတ်ကွက်စေသည်ဟုဆို၏။ လူမျိုးပေါ်မူတည်၍ တာဝန်ရာထူးသတ်မှတ်ချက် အသီးသီးကို ကန့်ကွက်သောအားဖြင့် သူက “ လူအဖွဲ့အစည်းအားလုံးအဖို့ တန်းတူညီမျှအခွင့်အရေးရှိမှသာ ဒီနိုင်ငံထဲ အတူယှဉ်တွဲနေထိုင်နိုင်မှာဖြစ်တယ် ” ဟု မကြာသေးမီကပင် အခိုင်အမာပြောကြားလိုက်သည်။

 

၂၀၀၅ ခုနှစ် ရွေးကောက်ပွဲပြီးချိန်မှစ၍ သီရိလင်္ကာမှာ လူမျိုးရေး အခြေတည် ၀ါဒဖက်သို့ ကူးပြောင်းလာခဲ့သည်။ ပြင်းထန်ကြမ်းတမ်းသည့် ပြည်တွင်းစစ် အတွင်း ချေမှုန်းခံရပြီးနောက် တမီလ် လူမျိုးတို့သည် ပြေလည် သင့်မြတ်ရေးပြုလုပ်ကြမည့် အစား တိုင်းပြည်ကို သိက္ခာကျဆင်းစေလျက်ရှိသည်။ ဥပဒေပြုသူများသည်လည်း မျက်ကန်းမျိုးချစ် လူယုတ်မာများ ဖြစ်လာကြသည်။ ၄င်းပြင် သင်္ကန်းခြုံ ဘုန်းတော်ကြီးတို့ကလည်း မိမိကိုယ်ကို ဆင်ဟာလာ လူများစုအား ကာကွယ်ပေးသူများအဖြစ် ပုံဖမ်းကာ လူနည်းစုတစ်စုမဟုတ် တစ်စုအပေါ် နေ့စဉ်နှင့်အမျှ အပြစ်ရှာ နှိပ်ကွပ်လာကြသည်။

ယမန်နှစ် ဧပြီလတွင် ဗုဒ္ဓဘာသာဝင် အကြမ်းဖက်သမားတို့သည် သီရိလင်္ကာ အလယ်ပိုင်းရှိ ဗလီဝတ်ကျောင်း တစ်ခုအား နှောင့်ယှက်ခဲ့ကြသည်။ ဗုဒ္ဓဘာသာသာသနာ့ နယ်မြေအတွင်း တည်ဆောက်ထားသည်ဟု စွပ်စွဲကာ ချက်ခြင်း ပိတ်ခိုင်းခဲ့သည်။ ရဲအရာရှိများမှာ ယင်းအမှုကို တားဆီး အရေးယူရမည့် အစား မြင်ကွင်းကိုရပ်ကြည့်နေသည် သာမက ၄င်းတို့အား လွတ်လပ်စွာ သွားလာလှုပ်ရှားခွင့်ပင် ပေးခဲ့သည်။ ယင်းစော်ကားမှု သတင်းသည် ကိုလံဘိုရှိ အာဏာပိုင်တို့ထံ ပေါက်ကြားရောက်ရှိသွားသောအခါ ၀န်ကြီးချုပ်က ဗလီဝတ်ကျောင်းတော်အား ရွှေ့ပြောင်းလိုက်ရန် မွတ်စ်လင်မ်တို့ကို အမိန့်ပေးခဲ့သည်။ မွတ်စ်လင်မ်တို့အပေါ်ပြောင်ပြောင်တင်းတင်း အကြမ်းဖက်နေသော ဗုဒ္ဓဘာသာဝင် မျက်ကန်းမျိုးချစ်များဖက်မှ ဘက်လိုက်ရပ်တည်ပြီး ယင်းသို့ လျှပ်တစ်ပြက်ဆုံးဖြတ်လိုက်ခြင်းမှာ မိမိနိုင်ငံသားအားလုံးကို စောင့်ရှောက်သည်ဟူသော သီရိလင်္ကာ၏ ကြွေးကြော်ချက်ကို အရှက်ရသွားစေသည်။

 

တာအထွက်ကောင်းသည်ကို ဇာချဲ့၍ ဗုဒ္ဓဘာသာဘုန်းကြီးအချို့သည် လူထုအတွင်းဝါဒဖြန့်ချိရန်အတွက် နောက်ထပ် ပစ်မှတ်တစ်ခုထံ ချဉ်းကပ်ခဲ့ကြသည်။ ဤနှစ်အစောပိုင်းတွင် မိမိကိုယ်ကို “ ဗုဒ္ဓဘာသာဝင် စွမ်းအားရှင် တပ်ဖွဲ့ ” – Bodu Bala Sena (BBS) ဟု ကင်ပွန်းတပ်ထားကြသော အုပ်စုတစ်စုသည် ကိုလံဘို၌ အခြေပြုလျက် စားပိုင်ခွင့်ရှိ အမှတ်တံဆိပ်စံနစ် Halal System အား စော်ကားရှုတ်ချခဲ့ကြသည်။ ထောင်နှင့်ချီသော ယောက်ျားမိန်းမများသည်  အဆိုပါတပ်ဖွဲ့ဝင် မျက်ကန်း မျိုးချစ်တို့၏ တရားကိုနာယူရန် ကိုလံဘိုမြို့တော်သို့ စုရုံးရောက်ရှိလာခဲ့၏။  “ ငါတို့ နိုင်ငံဟာ ဆင်ဟာလီ လူမျိုးတစ်မျိုးတည်းရဲ့ တိုင်းပြည်ဖြစ်တယ်။ ငါတို့ဟာ ဒီတိုင်းပြည်ရဲ့ သွယ်ဝိုက် ကာကွယ်ရေးသမားတွေဖြစ်တယ် ” ဟု သံဃာတော်တစ်ဦးမှ ကြေငြာသည်။ ရက်သတ္တပတ်အနည်းငယ် လွန်မြောက်ပြီးသော် ဘုန်းကြီးများက ကိုလံဘိုရှိ မွတ်စ်လင်မ်ပိုင် သားသတ်ရုံတစ်ခုကို သားသတ်ခြင်း မပြုနိုင်အောင် ၀င်ရောက် စီးနင်းခဲ့ကြသည်။ သို့သော် ၄င်းပရ၀ုဏ်အတွင်း နွားတစ်ကောင်ကိုမျှ မတွေ့ကြရသဖြင့် အကြီးအကျယ် စိတ်ပျက်သွားသည်။ အကြောင်းမှာ ကိုလံဘို၌  နွားသတ်ခြင်းကို ၂၀၁၂ ခုနှစ် မေလကတည်းကပင် ပိတ်ပင်တားမြစ် ထားပြီးသောကြောင့်ဖြစ်သည်။  အသားသည်များက မြို့ပြင်၌သာ ဆောင်ရွက်ဖြန့်ဖြူးလျက်ရှိသည်။ ယင်းသို့ ရမယ်ရှာမရသည့် အပေါ် မကြေမချမ်းဖြစ်ကာ ကျန်းမာသန့်ရှင်းရေးဆိုင်ရာ (ဟလာလ်) အမှတ်တံဆိပ်ထံသို့ ဘုန်းကြီးများမှ ဦးလှည့် ဆူပူခြင်းဖြစ်သည်။ ရဲဝန်ထမ်းများမှ ထိုဖြစ်စဉ်ရပ်ဝန်းသို့ ရောက်လာကြသော်လည်း ဘုန်းကြီးများကိုသာ အားပေးအားမြှောက် ပြုခဲ့ကြသည် ဟု BBC မှ တင်ပြသည်။

တိရစ္ဆာန်များ၏ အသက်ကယ်တင်ရေးဟု ယင်းဘုန်းတော်ကြီးအချို့၏ ကြွေးကြော်ချက်အတိုင်း  အစစ်အမှန် ရည်ရွယ်ချက် ဖြစ်ခဲ့လျှင်ပင် ဗုဒ္ဓဖြန့်ချိခဲ့သော “ အကြမ်းမဖက်ရေး” ပင်မတရားတော်နှင့် ဖီလာဆန့်ကျင်နေသည်။ အိန္ဒိယတိုက်အတွင်း နှင့် ၄င်း၏အရှေ့ပိုင်း အိမ်နီးချင်းနိုင်ငံများ၌ တိရစ္ဆာန်များပေါ်စာ နာရေးကိစ္စကို ခန္တီစတရား လက်ကိုင်ပြု၍ ဆွေးနွေးခြင်းဖြင့်သာ ဆောင်ရွက်လေ့ရှိကြ၏။ အနိုင်ကျင့်စော်ကားခြင်း နှင့် ရာဇသံပေးခြင်း အမှုမျိုး မပြုလုပ်ကြချေ။ ဘုန်းတော်ကြီး Zhiwen ၏ ဟောပြောချက်များကြောင့် တရုတ်နိုင်ငံသားများစွာတို့သည် မိမိတို့၏ အိမ်မွေး တိရစ္ဆာန်များကို ဘေးမဲ့ပေးခဲ့ကြ၏၊ မိမိတို့၏ ငါးဖမ်းပိုက်များကို မီးရှို့ ဖျက်ဆီးခဲ့ကြကုန်၏။  မွတ်စ်လင်မ်အပေါင်းသည် တိရစ္ဆာန်များအပေါ် ရက်စက်ကြမ်းကြုတ်သည်ဟု သီရိလင်္ကာနိုင်ငံသားတို့မှ ပြန်တမ်း ထုတ်လိုက်ခြင်းမှာ ၄င်းတို့ကိုယ်တိုင်ကပင် အသိနိမ့်ကျနေကြောင်း ထုတ်ဖော်ရာ ရောက်သွားပေသည်။ အကြောင်းမှာ အာသောကမင်း လက်ထက်ကတည်းက စ၍ အိန္ဒိယနိုင်ငံတွင် တိရစ္ဆာန်များအပေါ် အကြင်နာ အငဲ့ညှာဆုံး ဘုရင်မှာ မွန်ဂိုပြည့်ရှင် မုဟမ္မဒ် အကဗရ် ဖြစ်ခဲ့ခြင်းကြောင့်တည်း။

ပြည်ပသို့အမဲသားတင်ပို့သည့် မွတ်စ်လင်မ်ပိုင်လုပ်ငန်းများတွင် ထောင်နှင့်ချီသော ဗုဒ္ဓဘာသာဝင်များကို အလုပ်ခန့် ထားကြသည်။ သို့ပင်သို့ငြား ငြိမ်းချမ်းရေးနှင့် သဟဇာတဖြစ်ရေးအလို့ငှာ ဘုန်းကြီးများ၏အလိုကို လိုက်လျောပြီး စားသောက်ကုန်ပေါ်မှ ဟလာလ်တံဆိပ်အား စွန့်လွှတ်ရန် မွတ်စ်လင်မ်ထုမှ ဆုံးဖြတ်ခဲ့ကြသည်။ အပြန်အလှန်အားဖြင့် ဆက်လက် ဒုက္ခမပေးကြစေရန် မွတ်စ်လင်မ်တို့က အဆိုပြုခဲ့ကြသည်။ ပြီးခဲ့သည့်လတွင် ဥပဒေ ကောလိပ်တစ်ခုရှိ မွတ်စ်လင်မ်ဆရာမများကို ကိုယ့်အမျိုးကိုသာ မျက်နှာလိုက်သည်ဟု စွပ်စွဲ၍ ဗုဒ္ဓဘာသာဘုန်းကြီးများက ကိုယ်ထိလက်ရောက် တိုက်ခိုက်ခဲ့ကြသည်။ ၄င်းပြင် လုံခြုံစွာဆင်ယင်ထားကြသည့် အ၀တ်အစားပုံ ဟန်စံနစ်ကိုလည်း ပစ်ပယ်ဖျက်သိမ်းလိုက်ရန် ခိုင်းစေခဲ့ကြသည်။ “ သီရိလင်္ကာနိုင်ငံမှာ အစ္စလာမ့်စည်းမျဉ်းတွေ ၀င်ရောက်လာခွင့် မရှိအောင် ဒီလိုလုံခြုံတဲ့ အ၀တ်တန်ဆာမျိုးကို ဒီနိုင်ငံကနေ တားမြစ်လိုက်တဲ့အထိ ကျုပ်တို့ တိုက်ခိုက်သွားမယ် ” ဟု ဘုန်းကြီးတစ်ဦးမှ ငါ့စကားနွားရ ဆိုတတ်သော ဥရောပလစ်ဘရယ်များအလား ကြေညာသွားခဲ့သည်။

BBS အကြမ်းဖက်အုပ်စု၏ အထူးဦးစားပေးရည်မှန်းချက်ဖြစ်သည့် တိရစ္ဆာန်များအားကာကွယ်ရေး မှသည် မွတ်စ်လင်မ် အမျိုးသမီးတို့၏အ၀တ်အစားများအား လှန်လျေ