ငါအိုသွားပြီ
- ငါ အိုသွားရင်၊ ငါဟာအရင်လိုမဟုတ်တော့ဘူး။
- ငါ့ ကိုနားလည်ပေါးပ။ စိတ်ရှည်လက်ရှည် စေတနာထား ဆက်ဆံပေးပါ။
- ငါ့ ချည့်နဲ့နဲ့လက်တွေနဲ့ အင်္ကျီလုံချည် ဖိုသီ၊ ဖတ်သီ ဖြစ်တဲ့အခါ၊ ထမင်းဟင်းတွေ အင်္ကျီပေါ်ဖိတ်စင်သွားတဲ့အခါ ငါ့ကိုမရွံပါနဲ့။
- ငယ်ငယ်တုန်းက ငါသုတ်သင်ပေးခဲ့တာလေးတွေကိုသတိရပေးပါ။
- ငါ အပ်ကြောင်းထပ် စကားတွေပြန်ပြောမိတဲ့အခါ စကားမဖြတ်ဘဲ သည်းခံနားထောင်ပေးပါ။
- ငယ်ငယ်တုန်းကအိပ်ရာဝင်တိုင်း ကလေမာဟ်၊ တမန်တော်မြတ်၏စစ်မှန်သော အစ္စလာမ့်သမိုင်းနှင့်
'ကရ်ဗလာ' ဖြစ်ရပ်သမိုင်းတွေကိုမရိုးအောင်ပြောရင်း ငါ ချော့သိပ်ခဲ့တာကိုသတိရပေးပါ။
- ငါ မလှုပ်ရှားနိုင်လို့ရေချိုးဖို့အကူအညီတောင်းတဲ့အခါ ငါ့ကိုမငြိုငြင်ပါနဲ့။
- ငယ်ငယ်တုန်းက ချော့တစ်လှည့် ခြောက်တစ်လှည့်နဲ့ ငါရေချိုးပေးခဲ့တဲ့ ပုံရိပ်လေးကိုမြင်ယောင်ပေးပါ။
- ငါ ခေတ်သစ်နည်းပညာစံနစ်တွေကို ငါမသိနားမလည်တာ မလှောင်ပါနဲ့။
- ငယ်ငယ်တုန်းက "ဘာကြောင့်ဆိုတဲ့" မေးခွန်းတိုင်းကိုစိတ်ရှည်စွာ ငါပြန်ဖြေခဲ့တာတွေကိုသတိရပေးပါ။
- ငါ စိတ်သွားတိုင်းကိုယ်မပါ နွမ်းလျပြီး၊ လမ်းမလျှောက်နိုင်တဲ့အခါ ခွန်အားပါတဲ့လက်တစ်စုံနဲ့
ငါ့ကို ကူတွဲပေးပါ။
- လမ်းလျှောက်သင်စ အရွယ်တုန်းက ငါတစ်လှမ်းချင်း၊ လမ်းလျှောက် လေ့ကျင့်ပေးခဲတာတွေကို
သတိရပေးပါ။
- ငါ တစ်နေ့ထက် တစ်နေ့ အိုသွားတာကိုကြည့်ပြီး၊ ငါ့အတွက်ဝမ်းမနည်းပါနဲ့။ နားလည်ပေးပါ။
အားပေးပါ။
- အရင်တုန်းက လူ့ဘ၀တက်လမ်းအတွက် ငါလမ်းညွှန်ခဲ့သလို အခုအချိန် ငါ့ဘ၀နောက်ဆုံးအချိန်
အတွက် အဖော်ပြုပေးပါ။
- ငါ၏ ချစ်ချင်းမေတ္တာနဲ့ အေးမြမှုတွေကို ငါပြုံးပြုံးလေး လက်ခံမှာပါ။
- အဲ့ဒီအပြုံးထဲမှာ မဆုံးနိုင်သော၊ တန်ဖိုးမဖြတ်နိုင်သော ငါ့မေတ္တာတွေ.ရမှာပါ။
- ငါမရှိမှ ငါ့ရဲ့စေတနာနဲ့ တန်ဖိုးကို နားလည်ကြမှာပါ။
- အဲ့ဒီအချိန်တွေဟာ ကုန်လွန်သွားပြီ။
Ali Asgar (ခ) ထွန်းမြတ် (ဘိုတထောင်)