၁၃ ဩဂုတ် ၂၀၂၆ - ၂၃:၅၈
ကူဝိတ်နိုင်ငံရှိ ရှီအဟ် မွတ်စလင်မ် ဗလီကို တိုက်ခိုက်ရန် ISIS နှင့် ဆက်နွှယ်သည့် အစီအစဉ်ကို ဖော်ထုတ်တား ဆီးနိုင်ခဲ့

ကူဝိတ်နိုင်ငံတွင် ရှီအဟ်မွတ်စလင်မ် များ၏ ဗလီတစ်ခုနှင့် အရေးပါသော အဆောက်အအုံများကို တိုက်ခိုက်ရန် ရည်ရွယ်ထားသူ သုံးဦး၊ ထိုအထဲတွင် အသက်မပြည့်သေးသူ နှစ်ဦးပါဝင်သည်ကို ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

လုံခြုံရေးသတင်းရင်းမြစ်တစ်ဦးက ပြင်သစ်သတင်းဌာန (AFP) သို့ ပြောကြားရာတွင် ကူဝိတ်နိုင်ငံသည် ယခု အပတ်အတွင်း ရှီအဟ် မွတ်စလင်မ် များ၏ ဗလီတစ်ခုနှင့် အရေးပါသော အဆောက်အအုံများကို တိုက်ခိုက်ရန် ရည်ရွယ် ထားသူ သုံးဦး၊ ထိုအထဲတွင် အသက်မပြည့်သေးသူ နှစ်ဦးပါဝင်သည်ကို ဖမ်းဆီးခဲ့ကြောင်း ပြောကြား ခဲ့ပါတယ်။

ကူဝိတ်ပြည်ထဲရေးဝန်ကြီးဌာနက အင်္ဂါနေ့တွင် အကြမ်းဖက်အဖွဲ့ ဒါအေရှ် (ISIS) နှင့် ဆက်နွှယ်သူများနှင့် အဆက် အသွယ်ရှိခဲ့သည့် အသက်မပြည့်သေးသူ နှစ်ဦး ကို ဖမ်းဆီးခဲ့ကြောင်း ကြေညာခဲ့ပါတယ်။ ၎င်းတို့သည် ဝတ်ပြု ရာနေရာတစ်ခုကို တိုက်ခိုက်ရန် ရည်ရွယ်၍ ဖောက်ခွဲရေးပစ္စည်းများ ပြုလုပ်နည်းကို လေ့ကျင့် သင်ကြား ခံခဲ့ရသူများ ဖြစ်ကြောင်း သိရပါတယ်။ သို့သော် ဝန်ကြီးဌာနက ပစ်မှတ်ထားသည့် ဗလီ၏ အမည်ကို ထုတ်ဖော် ပြောကြားခဲ့ခြင်း မရှိကြောင်း သိရပါတယ်။

နောက်တစ်နေ့တွင်လည်း အဆိုပါဝန်ကြီးဌာနက ထိုအဖွဲ့၏ အဖွဲ့ဝင်ဖြစ်သည့် ကူဝိတ်နိုင်ငံသားတစ်ဦး ကို ဖမ်းဆီး ခဲ့ကြောင်း ကြေညာခဲ့ပါတယ်။ ထိုသူသည် ယခင်က ဖောက်ခွဲရေးပစ္စည်းများနှင့် ဒရုန်းများ ပြုလုပ်နည်းကို လေ့ကျင့် သင်ကြားခဲ့ပြီး အမည်မဖော်ပြထားသည့် အရေးပါသော အဆောက်အအုံတစ်ခုကို ပစ်မှတ်ထားရန် ဒရုန်း တစ်စင်းကိုလည်း တည်ဆောက်ခဲ့ကြောင်း သိရပါတယ်။

အဆိုပါကိစ္စ၏ ထိလွယ်ရှလွယ်မှုကြောင့် မိမိ၏အမည်ကို မဖော်ပြရန် တောင်းဆိုခဲ့သည့် လုံခြုံရေး သတင်းရင်း မြစ်က ဖမ်းဆီးခံရသူ သုံးဦးသည်  ဒါအေရှ် (ISIS) နှင့် ဆက်နွှယ်သည့် တစ်ဖွဲ့တည်းသော လျှို့ဝှက်အဖွဲ့၏ အဖွဲ့ ဝင်များ ဖြစ်ပြီး ရှီအဟ် မွတ်စလင်မ် များ၏ ဗလီတစ်ခုနှင့် အခြားအရေးပါသော အဆောက်အအုံများကို ပစ်မှတ်ထား တိုက်ခိုက်ရန် ရည်ရွယ်ခဲ့ကြသည် ဟု ပြောကြားခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha