၁၃ ဩဂုတ် ၂၀၂၆ - ၂၃:၅၉
ဂျအ်မေအ်အေဟ်မိုဒရေစင်းန်ဥက္ကဋ္ဌကစစ်ဦးစီးချုပ်၊အစ္စလာမ့်တော်လှန်ရေးအစောင့်တပ်ဖွဲ့တပ်မှူးနှင့်ဗစီးဂျ်အဖွဲ့ အကြီးအကဲတို့အားဂုဏ်ပြုကြောင်းသဝဏ်လွှာပေးပို့

ကွမ်းမြို့ ရှိ ဂျအ်မေအ်အေဟ်မိုဒရေစင်းန် ဥက္ကဋ္ဌ သည် သီးခြားသဝဏ်လွှာများဖြင့် ဗိုလ်ချုပ်ကြီး အလီ အဗ်ဒွလ္လာဟ်ဟီ အား အီရန်လက်နက်ကိုင်တပ်ဖွဲ့များ၏ စစ်ဦးစီးချုပ်အဖြစ်၊ ဗိုလ်ချုပ်ကြီး အဲဟ်မဒ် ဝဟီဒီ အား အစ္စလာမ့်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ၏ တပ်မှူးချုပ်အဖြစ် ၊ ဟွတ်ဂျ်ဂျသိုလ်အစ္စလာမ် ဝလ်မွတ်စ် လေမီးန် သွာအိဘ် အား ဖိနှိပ်ခံရသူများ / အင်အားနည်းသူများ ဗစီးဂျ် အဖွဲ့၏ အကြီးအကဲအဖြစ် ခန့်အပ် ခံရခြင်းအတွက် ဂုဏ်ပြုခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ကွမ်းမြို့ ရှိ ဂျအ်မေအ်အေဟ်မိုဒရေစင်းန် ဥက္ကဋ္ဌ သည် သီးခြားသဝဏ်လွှာများဖြင့် ဗိုလ်ချုပ်ကြီး အလီ အဗ်ဒွလ္လာဟ်ဟီ  အား အီရန်လက်နက်ကိုင်တပ်ဖွဲ့များ၏ စစ်ဦးစီးချုပ်အဖြစ်၊ ဗိုလ်ချုပ်ကြီး အဟ်မဒ် ဝဟီဒီ အား အစ္စလာမ့်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ၏ တပ်မှူးချုပ်အဖြစ် ၊ ဟွတ်ဂျ်ဂျသိုလ်အစ္စလာမ် ဝလ်မွတ်စ် လေမီးန် သွာအိဘ် အား ဖိနှိပ်ခံရသူများ / အင်အားနည်းသူများ ဗစီးဂျ် အဖွဲ့၏ အကြီးအကဲအဖြစ် ခန့်အပ် ခံရခြင်း တို့အတွက် သီးခြားသဝဏ်လွှာများဖြင့် ဂုဏ်ပြုခဲ့ပါတယ်။

အာယာသွလ္လာဟ် ဆယက်ဒ် ဟာရှင်မ်  ဟိုစိုင်းန်နီ ဘူရှဲဟ်ရီ က စစ်ဦးစီးချုပ်၊ အစ္စလာမ့် တော်လှန်ရေး အစောင့်တပ်ဖွဲ့ တပ်မှူးချုပ် နှင့် ဖိနှိပ်ခံရသူများ / အင်အားနည်းသူများ ဗစီးဂျ် အကြီးအကဲတို့အား ဂုဏ်ပြု၍ ပေးပို့ ခဲ့ သည့် သဝဏ်လွှာ များ၏ အကြောင်းအရာမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

ဗိုလ်ချုပ်ကြီး ၊ လေယာဉ်မှူး ၊ အစ္စလာမ့်တော်လှန်ရေးအစောင့်တပ်ဖွဲ့ဝင် အလီ အဗ်ဒွလ္လာဟ်ဟီ

အလ္လာဟ်ဟို အရှင်မြတ် ၏ နာမတော်ဖြင့် စတင်ပါသည်။

မင်္ဂလာပါ။ အလ္လာဟ်၏ ကရုဏာနှင့် ငြိမ်းချမ်းခြင်း သင်တို့အပေါ် ကျရောက်ပါစေ။

မဟာစစ်သေနာပတိအဖြစ် တာဝန်ယူတော်မူသော တပ်မတော်အကြီးအကဲ၏ အမိန့်ဖြင့် သင်၏ ဂုဏ်သိက္ခာရှိစွာ လက်နက်ကိုင်တပ်ဖွဲ့များ၏ စစ်ဦးစီးချုပ် ရာထူးသို့ ခန့်အပ်ခံရခြင်းအတွက် ဂုဏ်ပြုပါသည်။ မဟာ စစ်သေနာ ပတိ၏ ယုံကြည်မှုနှင့် ကောင်းမွန်သော သဘောထား ၊ ထို့အပြင် သင်၏ သစ္စာရှိစွာ တာဝန်ထမ်းဆောင်ခဲ့သည့် မှတ်တမ်း များ နှင့် တန်ဖိုးရှိသော အတွေ့အကြုံများအပေါ် အခြေခံ၍ ရရှိလာသော ဤရာထူး၌ အလ္လာဟ် အရှင်မြတ် ၏ အကူအညီ နှင့် အလ္လာဟ် ၏ အမိန့်တော်ဖြင့် လာမည့် ကမ္ဘာ၏ အရှင်သခင်ဖြစ်သော အေမာမ် မဟ်ဒီ (အလ္လာဟ်က ကိုယ်တော် ၏ ပေါ်ထွန်းခြင်းကို အမြန်ဆုံး ဖြစ်စေတော်မူပါစေ) ၏ ကောင်းချီး မင်္ဂလာ အောက်တွင် အောင်မြင်မှုရရှိပါစေကြောင်း ဆုတောင်းပါသည်။

ဗိုလ်ချုပ်ကြီး အဲဟ်မဒ် ဝဟီဒီ

မင်္ဂလာပါ။ အလ္လာဟ်၏ ကရုဏာနှင့် ငြိမ်းချမ်းခြင်း သင်တို့အပေါ် ကျရောက်ပါစေ။ မဟာစစ်သေနာပတိ၏ အမိန့်ဖြင့် အစ္စလာမ့်တော်လှန်ရေးအစောင့်တပ်ဖွဲ့ တပ်မှူးချုပ် အဖြစ် သင့်အား ထိုက်တန်စွာ ခန့်အပ် လိုက်ခြင်း သည် မဟာစစ်သေနာပတိ၏ သင့်အပေါ် ယုံကြည်မှု နှင့် ကောင်းမွန်သော သဘောထားကို ဖော်ပြနေသကဲ့သို့ သင် ၏ တန်ဖိုးရှိသော စစ်ရေးနှင့် စီမံခန့်ခွဲရေး အတွေ့အကြုံများ နှင့် မှတ်တမ်းများမှလည်း ပေါ်ပေါက် လာခြင်း ဖြစ် သည့်အတွက် ဂုဏ်ပြုပါသည်။ နိုင်ငံ၏ အထူးအရေးကြီးသော အခြေအနေများအတွင်း သင်နှင့် သင်၏ လက်အောက်ခံ အဖွဲ့အစည်းတစ်ခုလုံးသည် အင်အားတောင့်တင်းမှုနှင့် တက်ကြွလှုပ်ရှားမှုတို့ကို အခိုင်အမာ ထိန်းသိမ်းထားနိုင်ပြီး အလ္လာဟ်အရှင်မြတ်၏ အကူအညီနှင့် အီမာမ် မဟ်ဒီ (အလ္လာဟ်က သူ၏ ပေါ်ထွန်းခြင်းကို အမြန်ဆုံး ဖြစ်စေတော်မူပါစေ) ၏ ကောင်းချီးမင်္ဂလာအောက်တွင် အောင်မြင်မှုရရှိပါစေကြောင်း ဆုတောင်း ပါ သည်။

ဟွတ်ဂျ်ဂျသိုလ်အစ္စလာမ် ဝလ်မွတ်စ် လေမီးန် သွာအိဘ်

မင်္ဂလာပါ။ အလ္လာဟ် ၏ ကရုဏာနှင့် ငြိမ်းချမ်းခြင်း သင်တို့အပေါ် ကျရောက်ပါစေ။ တပ်မ တော်နှင့် ဗစီးဂျ်အဖွဲ့၏ အဆင့်ဆင့် သော တာဝန်နေရာများတွင် တန်ဖိုးရှိသော အတွေ့အကြုံများနှင့် ထူးခြားကောင်းမွန်သော မှတ်တမ်း များကို ပိုင်ဆိုင်ထားသည့် သင်အား မဟာစစ်သေနာပတိ ( ရဲဟ်ဗရ် အင်န်‌‌ ကေလဗ်အစ္စလာမ်မီ ) က ဖိနှိပ် ခံရသူများ / အင်အားနည်းသူများ ဗစီးဂျ် အဖွဲ့၏ အကြီးအကဲ အဖြစ် ခန့်အပ်လိုက်ခြင်းအတွက် ဂုဏ်ပြု ပါသည်။

ဤအရေးပါပြီး ပြည်သူလူထုနှင့် နီးကပ်သည့် ရာထူးတွင် ဗစီးဂျ်အဖွဲ့၏ မတူကွဲပြားပြီး ကျယ်ပြန့်သော စွမ်းရည်အားလုံးကို အသုံးချ၍ အမျိုးသားအင်အား တောင့်တင်းစေရေး ၊ လူမှုရေးစည်းလုံးညီညွတ်မှု မြှင့်တင် ရေး နှင့် ဗလီများ ၊ ရပ်ကွက်များ၏ ကွန်ရက်များကို ပိုမိုတက်ကြွစွာ လည်ပတ်စေရေး တို့တွင် ယခင်ထက် ပိုမို အောင်မြင်နိုင် ပါစေကြောင်း ဆုတောင်းပါသည်။

ဗစီးဂျ် အဖွဲ့၏ အစ္စလာမ့်တော်လှန်ရေး ၏ ရည်မှန်းချက်များနှင့် တန်ဖိုးများကို အကောင်အထည်ဖော်ရာတွင် ရှေ့ဆောင် အခန်းကဏ္ဍမှာ မငြင်းနိုင်လောက်အောင် အရေးပါသည်။ ထို့အပြင် လူမှုအသိုင်းအဝိုင်း၏ ခံနိုင်ရည်ရှိမှု တိုးမြှင့်ရေး၊ ပြည်သူများနှင့် လက်တွေ့မြေပြင်တွင် တာဝန်ထမ်းဆောင်နေသူများအား ပံ့ပိုးပေးရေးတို့တွင်လည်း အခြေခံကျသော အခန်းကဏ္ဍတစ်ရပ် ဖြစ်ပါသည်။

အလ္လာဟ်အရှင်မြတ်၏ အကူအညီနှင့် အေမာမ် မဟ်ဒီ (အလ္လာဟ်က ကိုယ်တော် ၏ ပေါ်ထွန်းခြင်းကို အမြန်ဆုံး ဖြစ်စေ တော်မူပါစေ) ၏ ကောင်းချီးမင်္ဂလာအောက်တွင် အောင်မြင်ပြီး အောင်ပွဲရရှိပါစေကြောင်း ဆုတောင်း ပါသည်။

အာယာသွလ္လာဟ်ဆယက်ဒ် ဟာရှင်မ်  ဟိုစိုင်းန်နီ ဘူရှဲဟ်ရီ

ကွမ်းမြို့ ရှိ ဂျအ်မေအ်အေဟ်မိုဒရေစင်းန် ဥက္ကဋ္ဌ

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha